menu

Thursday 5 July 2012

"တစ်နာရီဖြင့်အရောက်သွားနိုင်သော ရန်ကုန်-နေပြည်တော် အမြန်ရထား လမ်းဖောက်လုပ်ရေး ဂျပန် ပါဝင်မည်"

ရန်ကုန်နှင့် နေပြည်တော်ကို တစ်နာရီဖြင့် အရောက်သွားနိုင်သော အမြန်ရထားပို့ဆောင်ရေး ဂျပန်မှ ဝင်ရောက်ကူညီမည်ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ထိုသို့ အမြန် ရထား ပို့ဆောင် ရေး အစီအစဉ်အပြင် ရန်ကုန် မြို့ ပတ်ရထားလမ်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးကို လည်းကူညီရန် လောလောဆယ် လျာထားပြောဆိုထားပြီးဖြစ်ကြောင်း သိရသည်။
''၁ နာရီကို ကီလိုမီတာ ၃ဝဝ လောက်သွားနိုင်မယ်။ ကျွန်တော့် သဘောက ရန်ကုန်ကနေ မန္တလေး ထိ ဖောက်စေချင်တာ။ မန္တလေးက ခရီးသွားများ တယ်။ နေပြည်တော်ကို ၁ နာရီ၊ မန္တလေးကို ၂ နာရီ လောက်နဲ့ ရောက် မယ်။ အဲဒီ ရထား သွားမယ်ဆို လမ်းအသစ်ပါ ဖောက် ရမယ်'' ဟု ဝန်ကြီးက ဆိုသည်။လက်ရှိတွင် ဂျပန်သည် မြန် မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံ ရန် စက်မှုဝန်ကြီး ဌာနသို့ ကမ်းလှမ်း ထားပြီး မြန်မာမှ ပေးဆပ်ရမည့် အကြွေးအချို့ကိုလည်း လျှော်ပေး ထားပြီး ဖြစ်သည်။ ယခု လုပ်ကိုင် ဆောင် ရွက်မည့် ကဏ္ဍတွင် BOT ဖြင့်သော် လည်းကောင်း၊ ငွေကြေး ဖြင့်သော် လည်းကောင်း နှစ်အကန့် အသတ်ဖြင့်သော်လည်းကောင်း၊ ပြု လုပ်သွား မည် ဖြစ်ကြောင်း သိရ သည်။''ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် မယ့်အပြင် မြို့အပြင် စည်းလမ်းတစ်ခုဖောက်ဖို့ပါပြောထား ပါတယ်'' ဟုဝန်ကြီးကထပ်လောင်း ဆိုသည်။လက်ရှိ ပြည်တွင်းရထားလမ်း ကဏ္ဍတွင်ငွေကြေးအလုံအလောက် သုံးစွဲခွင့် မရရှိခြင်း၊ ကျောက် အပြည့်မထည့်နိုင်ခြင်း၊ ခြံမခတ်နိုင် ခြင်း၊ လမ်းဘေးကြံ့ခိုင်မှု အားနည်း ခြင်းတို့ကြောင့် စံချိန် မမီဖြစ်နေရ ကြောင်း သိရသည်။ ''မြေကြီးပေါ်မှာ မြေကြီးပက် ပြီး ကျောက်ခင်းပြီး ရထားလမ်း လုပ်လိုက်တာ ဆိုတော့ ၁ နာရီ ကီလိုမီတာ ၁၂ဝ သွားမယ့်နေရာ မှာ ၅ဝ ပဲ သွားနိုင်တော့ တာပါ'' ဟု ဝန်ကြီးက ပြောသည်။ထို့ကြောင့် ယခုလမ်းပိုင်းများ သည် ဂျပန်နှင့် ဆက်စပ်လုပ်ကိုင် သွားသည့်အခါ ကောင်းမွန်သည့် အခြေအနေများ ဖြစ်လာမည်ဖြစ် ကြောင်း အဆိုပါ ရထားလမ်း ကဏ္ဍသုံးခုပြီးမြောက်ပါက ဆက် စပ်နေသော မြစ်ကြီးနား၊ မော်လမြိုင် -ပြည်မြို့များကိုပါ ဆက်လက် လုပ် ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis