menu

Sunday 5 February 2012

Smart Phone ရောင်းအားကြောင့် ဆမ်ဆောင်း၏ အမြတ်စံချိန်တင်



တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းအီလက်ထရောနစ်သည် ယမန်နှစ် တတိယသုံးလပတ်တွင် အမြတ် ဒေါ်လာ ၄ ဒသမ ၇၂ ဘီလျံ ထိရရှိခဲ့ပြီး စမတ်ဖုန်းရောင်းအား မြင့်တက်လာခြင်းသည် အမြတ်တိုးရခြင်းအတွက် အဓိကဖြစ်ကြောင်း ကုမ္ပဏီက ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆမ်ဆောင်းသည် စမတ်ဖုန်းရောင်းချရမှုတွင် ပြိုင်ဘက်အက်ပဲလ်၏နောက်တွင် ဒုတိယနေရာတွင်သာ ရှိနေခဲ့ကြောင်း သုတေသနများက ဆိုသည်။ ဆမ်ဆောင်းသည် ယမန်နှစ် တတိယသုံးလပတ်တွင် အက်ပဲလ်ကိုကျော်ကာ ကမ္ဘာ့မိုဘိုင်းဖုန်း အရောင်းရဆုံး ကုမ္ပဏီဖြစ်ခဲ့သည်။

သို့သော်လည်း အက်ပဲလ်က iPhone 4S ကို မိတ်ဆက်ရောင်းချခဲ့ပြီးနောက် နောက်ဆုံးသုံးလပတ်တွင် မိုဘိုင်းဖုန်း အရောင်းရဆုံးကုမ္ပဏီ ပြန်ဖြစ်လာခဲ့သည်။ အက်ပဲလ်သည် စတုတ္ထသုံးလပတ်တွင် စမတ်ဖုန်း ၃၇ သန်းရောင်းချခဲ့ရပြီး ဆမ်ဆောင်းက ၃၆ ဒသမ ၅ သန်း ရောင်းချခဲ့ရကြောင်း Strategy Analytics က ခန့်မှန်းခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis