menu

Sunday 5 February 2012

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ သီချင်းဖိုင်များကို မိုဘိုင်းဖုန်း အချင်းချင်း အပြန်အလှန် ပေးပို့နိုင်သည့်စနစ် မကြာမီ သုံးစွဲခွင့်ပေးမည်




ထပ်မံချထားပေးမည့် ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများတွင် MMS စနစ်အား သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ MMS(Multimedia Messaging  Service) စနစ်သည် စာသားများ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ သီချင်းဖိုင်များအား မိုဘိုင်းဖုန်း အချင်းချင်း အပြန်အလှန်ပေးပို့နိုင်သည့် စနစ် ဖြစ်သည်။
“မကြာခင် ချထားပေးတော့မယ့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းတွေ မှာ MMS  စနစ်ပါလာမှာပါ။ စချထားပေးပေးခြင်း ချက်ချင်း မပါလာနိုင်ရင်တောင်မှ လပိုင်းအတွင်း အသုံးပြုနိုင်အောင် လုပ်ပေးမှာပါ။
ဒီစနစ်က Data ပေါ်ကနေ သွားရမှာ ဆိုတော့ Infrastructure ပိုင်း ပြီးအောင် နည်းနည်းစောင့်ရဦးမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှုး ဦးဣဒ္ဓိလှက ပြောကြားသည်။
“ဒီစနစ်သာ အသုံးပြုခွင့်ရမယ်ဆိုရင် တော်တော်အသုံးဝင်မှာပါ။ ပြည်ပနိုင်ငံတွေမှာဆို ဒီစနစ်နဲ့ သတင်းစာကြီးတွေက သတင်းတွေကို ဓာတ်ပုံတွေနဲ့ တွဲပြီး စာဖတ်သူဆီ ပေးပို့တာမျိုးတွေမှာလည်း သုံးကြတယ်။ ပေးပို့တဲ့ ပမာဏအလိုက် ပိုက်ဆံဖြတ်သွားတာမျိုးပေါ့”ဟု ၀က်ဘ်ဒီဇိုင်းနာ တစ်ဦး က ပြောကြားသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis