menu

Sunday 5 February 2012

သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးလူရွှင်တော်များက ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးပြက်ခဲ့သောကြောင့် ပွဲတရက် နားခံခဲ့ရ


ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင်ဖျော်ဖြေခဲ့သောသီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့၏ ပြက်လုံးများတွင် ဘုရား ဂေါပကလူကြီးများအားသရော်သော ပြက်လုံးများကြောင့် နောက်ဆုံးရပ်ပွဲမကရဘဲ ရပ်နားခံခဲ့ရကြောင်း သိရှိရသည်။
 
 “အမှန်ဆိုကျွန်တော်တို့က၃ညကရမှာ။ နှစ်ရက်ပဲကခဲ့ရတယ်။ ဂေါပကတွေကိုသရော်လို့ဆိုပြီး နောက်ဆုံးညမှာ မကခိုင်းတော့ဘဲပိတ်ခံလိုက်ရတယ်”ဟုသီးလေးသီးအဖွဲ့မှလူရွှင်တော်ဇီးသီး ကပြောသည်။
 
သီးလေးသီးဆေးရောင်စုံအငြိမ်အဖွဲ၏ ဖျော်ဖြေပွဲနောက်ဆုံးရက်အား ဘုရားဂေါပက လူကြီးမှ ကခွင့်မပေးတော့ဘဲ ဖျော်ဖြေပွဲအား ရက်နားစေခဲ့ကြောင်း သီးလေးသီးအဖွဲ့ဝင်များက ပြောသည်။       
 
အဆိုပါသီးလေးသီးအဖွဲ့သည်၂၀၁၂ခုနှစ် ဖေဖော်ဝါရီ(၅)ရက်၊(၆)ရက်နေ့တွင် ငါးသိုင်းချောင်းကျေးရွာနှင့် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်းမွန်ပြည်နယ် ပေါင်မြို့နယ်တို့တွင် ဖျော်ဖြေမည်ဖြစ်ကြောင်းသိရှိရသည်။ 
 
နောက်ပိုင်းတွင်လည်းပန်းတနော်၊ဟင်္သတ၊ မြန်အောင်မြို့များသို့သွားရောက်တင်ဆက် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
“နယ်ဘက်တွေကတော်တော်လေးအားပေးပါတယ်။သီးလေးသီးကမယ်ဆိုရင် ပြက်လုံးတိုင်းက အားလဲအားရတယ်” ဟု ပန်းတနော်မှ ဦးစိုးနိုင်သိန်းကပြောသည်။
အဆိုပါဖျော်ဖြေပွဲများတွင် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ်အခြေခံသည့် ပြက်လုံးများအားတင်ဆက် သွားမည်ဖြစ်ကြောင်းကိုလည်းသီးလေးသီးအဖွဲ့ဝင်ကိုဇီးသီးပြောပြချက်အရသိရှိရသည်။
 
မတ်လ(၃) ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရူခင်းသာဘုန်းကြီးကျောင်းတွင် ဖျော်ဖြေရန်စီစဉ်ထားကြောင်းသိရှိရသည်။
 ယမင်း(ရွှေမြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis