menu

Sunday 22 January 2012

ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုအတွက် အလေးထားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

7176
The Washington Post ၀က်ဘ်ဆိုက်တွင်ဖော်ပြထားစဉ်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ပို့စ်မှ အကြီးတန်း အယ်ဒီတာ Ms.Eizabeth Graham Weymouth နှင့်အဖွဲ့အား ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတ အနေနှင့် ပြည်ပမီဒီယာတစ်ခုကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံမေးမြန်းသူ Ms.Eizabeth Graham Weymouth က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး မြန်မာနိုင်ငံ အတွင်း ပြုပြင် ပြောင်းလဲမှုများ အတွက် အရင်းခံတွန်းအားကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအတွက် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြင်းပြနေသော ပြည်သူတို့၏ဆန္ဒက တွန်းအားဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ အတွက် အရင်းခံတွန်းအား ကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြင်းပြနေသော ပြည်သူတို့၏ဆန္ဒက တွန်းအားဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ .  .  .
ဝါရှင်တန်ပို့စ်က ပြုပြင်ပြောင်းလဲမှုများကို သမ္မတကြီး ဦးဆောင်ပြီး Initiative ယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် အပေါ် သမ္မတကြီး၏အမြင်ကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတ က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးပိုမို ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်မှန်းချက်ပြည့်ဝသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထားရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုရှေ့ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်နှင့် ပတ်သက်ပြီး ၀ါရှင်တန်ပို့စ်၏မေးမြန်းမှုကို သမ္မတက “လက်နက်ကိုင်ထားတဲ့ Ethnic Groups က အားလုံး ၁၁ ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့တွေနဲ့ ပထမအဆင့်ပြည်နယ် အဆင့် နားလည်မှု သဘောတူညီချက်တွေ ညှိနှိုင်းပါတယ်။ ပြီးလို့ရှိရင် အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့တွေခွဲပေးပြီး ဒီအဖွဲ့တွေနဲ့ထိ တွေ့ဆွေးနွေးမှုတွေ လုပ်ပါမယ်။ အဖွဲ့အားလုံးနဲ့ ကျွန်တော် တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေပါတယ်။ အဲဒီလို ထိတွေ့ဆက်ဆံမှုရှိနေတဲ့ အဖွဲ့တွေထဲကမှ တချို့အဖွဲ့တွေနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မပြီးဆုံးသေးပါဘူး။ ရှေ့ကို ဆက်ပြီး သဘောတူညီချက်တွေ ညှိဖို့ ရှိနေသေးပါတယ်”ဟု ဖြေကြားခဲ့သည်။
ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် လက်နက်ကိုင်အဖွဲ့အားလုံးသည် ဥပဒေ၏အောက်ကို ၀င်ရောက်လာကြပြီး ဥပဒေတစ်ခုတည်း၏ အောက်တွင် တန်းတူညီမျှ နေထိုင်လုပ်ကိုင် စားသောက်ကြရန် ဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
ထိုပြင့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ပြီး လွှတ်တော်အတွင်း ၀င်ရောက်လာခဲ့မည် ဆိုပါက  ဃဘေငညနအ ရာထူးတစ်နေရာရာကို ပေးရန် အစီအစဉ်ရှိမရှိ ၀ါရှင်တန်ပို့စ်က မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ရွေးချယ်ခံရခြင်း၊ အရွေးမခံရခြင်းတို့ အပေါ်တွင် မူတည်ကြောင်း၊ ပြည်သူလူထုက ရွေးခဲ့ပြီဆိုပါက လွှတ်တော် အတွင်းသို့ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာဖြစ်ကြောင်း၊ ထို့နောက် Cabinet အဖြစ်နဲ့ အမည် စာရင်းတင်သွင်းရန်အတွက် လွှတ်တော်၏ သဘောတူညီချက် ရယူရမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ သဘောတူညီချက်ရရှိမှ ခန့်အပ်၍ရမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ၀ါရှင်တန်ပို့စ် က မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတ က အမေရိကန်နိုင်ငံနှင့် သာမက နိုင်ငံ အားလုံးနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးရှိချင်ပါကြောင်း၊ အမေရိကန်နိုင်ငံ နှင့် သံအမတ်ကြီးအဆင့် တိုးမြှင့်ဆက်သွယ်ရန် ဆန္ဒရှိကြောင်း၊  အမေရိကန် အပါအ၀င်၊ EU အပါအ၀င် နိုင်ငံများ က မြန်မာနိုင်ငံကိုစီးပွားရေးအရ တား ဆီးပိတ်ဆို့မှုများဆောင်ရွက်ခဲ့သည် မှာ နှစ် ၂၀ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထိုတားဆီးပိတ်ဆို့မှုများကို ဖြေလျော့ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေရဲ့ လိုလားချက်(၃)ချက်ရှိ ပါတယ်။ တစ်အချက်က နိုင်ငံရေးအကျဉ်းသားဆိုပြီး သူတို့ပြောဆို သုံးစွဲနေတဲ့ အကျဉ်းသားတွေလွှတ် ပေးဖို့ကိစ္စ။ နှစ်အချက်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမယ့်ကိစ္စ။ သုံးချက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့အဖွဲ့တွေ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ကိစ္စ။ ဒီကိစ္စ(၃)ခုဟာ အနောက်နိုင်ငံတွေက လိုလားတောင်းဆိုနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ယခု ဒီကိစ္စသုံးခုစလုံးကို ကျွန်တော် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပိုင်းကတော့ တာဝန်ကျေသွားပါပြီ။ အဲဒီတော့ အနောက်နိုင်ငံ အမေရိကန်နဲ့ EU တို့တာဝန်ကျေဖို့ အပိုင်းပဲ ကျန်ပါတော့တယ်။ ဒါ့အပြင်  ဒီကိစ္စသုံးရပ်က ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်းချက်ကြောင့်၊ အကျပ်ကိုင် စေခိုင်းမှုကြောင့်မျှ မဟုတ်ဘဲ နိုင်ငံရဲ့ လက်ရှိ အခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေများကြောင့် ကျွန်တော်တို့ ဒီသုံးခုလုံးကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အမေရိကန်က Sanctions သည်  မြန်မာနိုင်ငံအပေါ် ထိရောက်မှုရှိနေသည်ဟု ထင်မြင်နေကြောင်း ၀ါရှင်တန်ပို့စ်က ပြောကြားခဲ့ရာ နိုင်ငံတော် သမ္မတက “Sanctions ဟာ မြန်မာနိုင်ငံအပေါ် ထိရောက်မှုရှိ၊ မရှိ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီ Sanctions ကြောင့် ပြီးခဲ့တဲ့ တပ်မတော်အစိုးရက ပြုတ်သွားတာ မဟုတ်ပါဘူး။ တပ်မတော်အစိုးရက အခုလို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အစိုးရဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး တာဝန်လွှဲပြောင်းပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရအပေါ် သက်ရောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်။ ပြည်သူကတော့ အထိနာတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်စေပါတယ်”ဟု ပြန်လည်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ၀ါရှင်တန်ပို့စ်က မေးမြန်းခဲ့ရာ မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရှိကြောင်း၊ သံတမန်ဆက်ဆံရေးမှအပ အခြားနျူကလီးယားကိစ္စ၊ လူအများကြီး သေစေနိုင်သည့် လက်နက်ခဲယမ်းကိစ္စများ နှင့်ပတ်သက်ပြီး ဆက်ဆံမှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်သွားရန် ရှိကြောင်းနှင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေမှုကို ခွင့်ပြုရန် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက “မီဒီယာနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားလည်း အခုတွေ့မှာပါ။ အရင်အစိုးရတွေ လက်ထက်နဲ့ မတူပါဘူး။ အခုဂျာနယ်တွေမှာ ပွင့်ပွင့်လင်းလင်းနဲ့ ရေးနေကြတာပါပဲ။ သို့သော် ကျွန်တော်စောစောက ပြောခဲ့သလို ကျွန်တော်တို့က ဒီမိုကရေစီ အတွေ့အကြုံ နည်းနေသေးတယ်။ ဒါကြောင့် မီဒီယာပိုင်းနဲ့ ပတ်သက်ပြီး တစ်ဖက်ကလည်း လွတ်လွတ်လပ် လပ်လုပ်ဖို့၊ တစ်ဖက်ကလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ယှဉ်တွဲကျင့်သုံးပြီး စည်းကမ်းရှိဖို့နဲ့ တာဝန်ယူမှု ရှိဖို့ ဆောင်ရွက်နေတယ်။ လွတ်လပ်မှုနဲ့ အတူ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis