menu

Sunday 22 January 2012

မိလ္လာတွင်းထဲ လက်စွပ်ဆင်းရှာသူသုံးဦးသေဆုံး

w7_1619s
မိလ္လာတွင်းထဲသို့ ဆာဖြူရစ်အက်ဆစ်ပြင်းထည့်ပြီး လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်စံပြကျေးရွာ ပြည်တော်သာလမ်းနေ ကိုမျိုးမြင့်(ခ)ကွန်ဗလိုင်(၃၉)နှစ်၏ ဇနီး မခင်ခင်မိုးသည် အိမ်သာတက်ရင်း ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း မိလ္လာကျင်းသို့ ကျသွားခဲ့ရာ လက်စွပ်ပြန်လည်ရှာဖွေရန် အနီးနားနေထိုင်သူများကို အကူညီတောင်းခံခဲ့သည်ဟု သိရပါသည်။

ကိုမျိုးမြင့်သည်ဒေသတွင်း ရော်ဘာခြံများတွင် အသုံးပြုကြသော ဆာဖြူရစ်အက်ဆစ်သုံး ပုလင်းရှာဖွေကာ မိလ္လာကျင်းထဲလောင်းထည့် ပြီးနာရီဝက်ခန့်အကြာတွင် နော်ကိုကို (ခ)စိတ်တို(၃၄)နှစ်(ဘ)ဦးဥာဏ်သိန်းက ပထမဆုံးဆင်းသွားရာ အချိန်အနည်းငယ်ကြာသည်အထိ မည်သည့်အသံမကြား၍ ကိုမျိုးမြင့် လိုက်ဆင်းသွားပြီး ကျင်းထဲ၌လဲကျ သွားကြောင်း၊ ကျင်းအနီးရှိနေသော ဦးအုံးတင်(ခ)ဖိုးသြ(၅၂)နှစ်(ဘ) ဦးအေးမောင်က အိမ်ရှင်အမျိုးသမီးကို အသိပေးကာ အကူအညီပေးရန် လိုက်ဆင်းခဲ့ပြီး ကျင်းထဲအရောက် လဲကျငြိမ်သက်သွားကြောင်း၊ ကျင်းအနားရောက်နေသော ဦးအောင်မြတ်က ကူညီရန်ကျင်းထဲသို့ဆင်းနေစဉ် ပတ်ဝန်းကျင်အနီးအနားက လူအများ ၀ိုင်းဝန်းဆွဲတင်ကာ သတိရစေရန်ပြု လုပ်ပြီး သံဖြူဇရပ်မြို့နယ်ဆေးရုံ သို့ပို့ဆောင်ခဲ့ရာ ပြန်လည်သက်သာလာကြောင်း သိရသည်။ ကျင်းထဲကျနေသူသုံးဦးအား ဆယ်တင်နိုင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်အား အပိုင်ရဲစခန်းက သေမှုသေခင်း (၂/၂၀၁၂)ဖြင့် အမှုဖွင့်ထားကြောင်း ဟုသိရသည်။ 
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis