menu

Sunday 22 January 2012

ယီမင်သမ္မတ အယ်ကေးဒါးများကိုရည်ရွယ်ချက်ရှိရှိ ၀င်ခွင့်ပြုထားကြောင်း အတိုက်အခံညွန်ပေါင်းစွပ်စွဲ

w7_1611s
ရေနှင့်လောင်စာ အခက်အခဲကြုံနေသော ယီမင်နိုင်ငံ၊ ဆာနာမြို့ရှိ မိန်းကလေးနှစ်ဦး အများသုံးရေဘုံဘိုင်မှ
ရေသယ်လာစဉ် စကားရပ်ပြောနေကြစဉ်
ယီမင်သမ္မတ အလီအဗ္ဗဒူလာဆာလက်ဟ်၏ မိသားစုသည် ဘက်သီယာပြည်နယ်ရှိ ရက်ဒါမြို့သို့ အယ်လ်ကေးဒါးများ ၀င်ရောက်မှုကို ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုခဲ့ပြီး မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြောင်း အကြီးဆုံးအတိုက်အခံညွန့် ပေါင်းက အပြစ်တင်ခဲ့သည်။  ယင်းကဲ့သို့ မတည်ငြိမ်မှုဖြစ်ပွားစေခြင်းဖြင့် သမ္မတရွေးကောက်ပွဲ နှောင့်နှေးစေအောင်ပြုလုပ်ကာ အာဏာလွှဲပေးရေးကိစ္စ အထမမြောက်စေရန် အကြံအစည်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း Joint Meeting Parties (JMP) က စွပ်စွဲခဲ့သည်။

အယ်လ်ကေးဒါး စစ်သွေးကြွများသည် ရက်ဒါမြို့သို့ သေနတ်တစ်ချက်မဖောက်ရဘဲ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းမြို့တွင် ဆာလက်ဟ်၏ အကြီးဆုံးသားအာမက်၏ တပ်များက လုံခြုံရေးတာဝန်ယူထား ကြောင်း လူမျိုးစုခေါင်းဆောင်အများအပြားက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။
လုံခြုံရေးတာဝန်ယူထားသော သမ္မတ၏ တော်လှန်ရေးအစောင့်တပ်များက ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ အဘယ်ကြောင့် ရုတ်တရက်ဆုတ်ခွာသွားသနည်းဟု ရက်ဒါမြို့မှ လူမျိုးစုခေါင်းဆောင် အဗ္ဗဒူလာအယ်လ် ဘာရက်ကီက ပြောကြားခဲ့သည်။
ရက်ဒါမြို့မှာ နိုင်ငံမြို့တော် ဆာနာအရှေ့တောင်ပိုင်းမှ ၁၀၇ မိုင်အကွာတွင် တည်ရှိပြီး အစိုးရက လုံခြုံရေးတာဝန်များမယူသည်မှာ ခြောက်ရက်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ယင်းမြို့ရှိ လူမျိုးစုခေါင်းဆောင်များက စစ်သွေးကြွများ မြို့ထဲမှငြိမ်းချမ်းစွာ ထွက်ခွာသွားစေရေး ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။  အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာက ဇန်န၀ါရီလ ၁၈ ရက်တွင် ဆာလက်ဟ်၏ တူနှင့်သားများသည် မြို့ကို အယ်လ်ကေးဒါးတို့ထံ ရောင်းစားပြီး နိုင်ငံမတည်ငြိမ်ဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ အာဏာချုပ်ကိုင်နိုင်ရေးအတွက် တစ် နိုင်ငံလုံးကို ဖျက်ဆီးရန်ကြံနေကြောင်း ဆန္ဒပြခဲ့သည်။ By  EMG         
Ref:CNN

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis