menu

Sunday 1 January 2012

တန်ဖိုးနည်း စီဒီအမ်အေ ဖုန်းများချထားပေးမည်မဟုတ်


တန်ဖိုးနည်းဂျီဖုန်းများ ချထားပေးမည်ဖြစ်သော်လည်း  CDMAဖုန်းများကိုမူ ကျပ်ငါးသိန်းထက် နည်းသောတန်ဖိုးဖြင့် ချထားပေး မည်မဟုတ်ကြောင်း  မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နှင့် ပုဂ္ဂလိက ကုမ္ပဏီများပူးပေါင်း ၍ ၅ နှစ်အတွင်း ဂျီလိုင်းပေါင်း သန်း ၃ဝ ချထားပေးမည် ဖြစ်ပြီး အဆိုပါ ဖုန်းလိုင်း သန်း ၃ဝ တွင် လက်ရှိနှုန်းထားများထက် လျော့ နည်းသောဖုန်းများ ပါဝင်မည်ဖြစ် သော်လည်း  CDMAဖုန်းများ ပါဝင် မည်မဟုတ်ကြောင်း သိရသည်။ ”လက်ရှိ စီမံကိန်းကGSMစီမံကိန်း ဖြစ်တဲ့အတွက် ဂျီကိုပဲ ဦး စားပေး ချထားပေးမှာပါ။ ချထားပေး တဲ့အခါမှာလည်း လက်ရှိနှုန်းထား တွေထက် လျှော့နိုင်သမျှ လျှော့ ချပေးမှာပါ။  CDMA  စနစ်က
နိုင်ငံ တကာမှာတောင် မသုံးစွဲကြတော့ ဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း နောက်ပိုင်း ဂျီကိုပဲ အဓိကသုံးစွဲ မှာ ဖြစ်တဲ့အတွက်ကြောင့် ဂျီကိုပဲ တန်ဖိုးလျှော့ချပေးသွားမှာပါ။ ဖုန်း တွေကိုတော့ ဆက်လက်ချထား ပေးရင်တောင် လက်ရှိနှုန်းအတိုင်းပဲ ချထားပေးမှာပါ”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီ ယာ ချုပ် ဦးဇော်မင်းဦးက ပြောသည်။တန်ဖိုးလျှော့ချပေးမည့် ဂျီဖုန်း နှုန်းထားမှာ ကျပ်သုံးသိန်းထက် ကျော်မည်မဟုတ်ဘဲ ကျပ်နှစ်သိန်း ခွဲနှင့် သုံးသိန်းကြားတွင်သာ ရှိ မည်ဖြစ်ပြီး လာမည့် ၂ဝ၁၂ ဖေဖော် ဝါရီလတွင် ချထားပေးမည် ဖြစ်ကာ အင်တာနက်စနစ်ပါ အသုံးပြုနိုင် မည် ဖြစ်ကြောင်းသိရသည်။ယင်းသို့ ဂျီဖုန်းများအား တန်ဖိုး   လျှော့ချပေးသော်လည်း  CDMAငါးသိန်းဖုန်းများမှာ တရားဝင်ပေါက် ဈေးထက် ပိုမိုမြင့်မားနေကြောင်း သိရသည်။လက်ရှိတွင် ဖုန်းသုံးစွဲသူများ မှာ ဂျီထက်လိုင်း ဆွဲအား ပိုမိုကောင်း မွန်သော CDMA 800 MHz ဖုန်းကို သာ သုံးစွဲမှု ပိုမိုများပြားနေပြီး ဂျီဖုန်း များကဲ့သို့ တန်ဖိုးနည်းဖုန်းများ ထပ် မံချထားပေးရန် စောင့်စားနေကြ   ကြောင်း သိရသည်။”နယ်မြေ အများကြီးသယ် ဆောင် အသုံးပြုလို့ မရပေမယ့် ဖုန်း ပြောရတာ အဆင်ပြေလို့ ၈ဝဝ  ဖုန်းကို ဝယ်ဖြစ်တာပါ။ ဂျီဖုန်းတောင်တန်ဖိုးသုံး သိန်းဝန်းကျင်နဲ့ ချထား ပေးမယ်ဆိုတော့CDMA 800  ကိုလည်း ချထားပေးစေချင်တယ်။ လက်ရှိငါးသိန်းနှုန်းတောင် သုံးစွဲ သူပိုများနေတာ။ ဒီထက် ဈေးနှုန်း လျှော့ ချပေးမယ် ဆိုရင် သုံးစွဲသူ အများကြီးဖြစ်လာနိုင်ပါတယ်” ဟု CDMA 800 MHzကိုင်ဆောင်သူ မင်္ဂလာတောင်ညွန့်မှ ဦးဘိုညွန့်က ပြောသည်။
By Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis