menu

Sunday 1 January 2012

Voice Weekly ၏ CEO ဒေါက်တာနေ၀င်းမောင် ကွယ်လွန်

Nay-Win-Maung
(ဓါတ်ပုံ - ဧရာဝတီ)
ဒုတိယဗိုလ်မှုကြီးသန်းမောင် (ငြိမ်း)နှင့် ဒေါ်ယဉ်ယဉ်တို့၏ သားဖြစ်သူ The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေအတွင်းရေးမှုး ဒေါက်တာနေ၀င်းမောင်သည် ဇန်န၀ါရီလ (၁)ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် နှလုံးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရုတ်တရက် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။
"ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေပါ။ အခုအချိန်မှာ မမြင်တွေ အကုန်လုံးမတူကြပေမယ့်  ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက် တိုင်းပြည်အတွက် လူတော်တစ်ယောက် ဆုံးရှုံးသွားတာပါ။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ ပြောကြားခဲ့ပါသည်။

ဒေါက်တာနေ၀င်းမောင်သည် ၁၉၆၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် မွေးဖွားသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀)နှစ် ရှိပြီ ဖြစ်ကာ ဇနီးနှင့် သမီးလေးဦး ကျန်ရစ်ကြောင်း သိရပါသည်။

By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis