menu

Sunday 1 January 2012

အဂတိလိုက်စားသော တရားသူကြီးများအရေးယူမည့်ဥပဒေ လွှတ်တော်ပြဌာန်းမည်

တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းလင်းပြောကြားစဉ်
ဥပဒေနှင့် မညီညွတ်ဘဲ အဂတိ လိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့်ဥပဒေမျိုး ပြည်သူ့လွှတ်တော် သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တရား စီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြော ကြားခဲ့သည်။
လက်ရှိကာလတွင် တည်ဆဲဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ် မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် ထိုဥပဒေမျိုး ပြည်သူ့ လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

'တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီး များမှာသာ တာဝန်ရှိတာမဟုတ်ပါ ဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာပါ ၀င်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့်ဥပဒေရေးရာကော် မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါ တယ်။ အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ယူဆ လို့ရရင်တရားသူကြီးတွေကိုတရားစွဲ အရေးယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်
''တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီး များမှာသာ တာဝန်ရှိတာမဟုတ်ပါ ဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာပါ ၀င်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့်ဥပဒေရေးရာကော် မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါ တယ်။ အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ယူဆ လို့ရရင်တရားသူကြီးတွေကိုတရားစွဲ အရေးယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။
မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြု ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ တိမ်းစောင်းယိမ်းယိုင်မှု မရှိစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေက စောင့်ကြည့်ထောက်မပေးနိုင်ဖို့ လိုအပ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုတရားသူကြီးချုပ် သက်တမ်း ကို လွှတ်တော်သက်တမ်း၊ သမ္မတ သက်တမ်းတို့အတိုင်း ပြုပြင်ဖို့ရှိပါ သလားဟု ပြည်တွင်းမီဒီယာမှ မေးမြန်းချက်ကို ''လက်ရှိအခြေခံဥပဒေ မှာတော့ ပြည်ထောင်စုတရားသူကြီး ချုပ်ရဲ့သက်တမ်းကို အသက် ၇၀ အထိ သတ်မှတ်ထားပါတယ်။ အဲဒီလို အခွင့်ထူးခံမဖြစ်သင့်ဘူးလို့ ဝေဖန် အကြံပြုတဲ့စာတွေ လွှတ်တော်ကို ရောက်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖြေကြားရရင်တော့ သင့်လျော်တဲ့အချိန်မှာ ဥပဒေရေးဆွဲပြီး ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ကို တင်ပြသွားဖို့ရှိပါတယ်''ဟု ပြောကြားခဲ့ သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis