menu

Sunday 1 January 2012

မြန်မာသဘောင်္သားတွေ ပြည်ပအလုပ်အကိုင် ခက်ခဲ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော လူတန်း စားများ၏ အခြေအနေသည်လည်း တိုင်းပြည်တိုးတက်မှုနှင့်အတူ လိုက်ပါပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့နည်းတူ ပြည်ပအလုပ်အကိုင်ရရှိရေးတွင် တစ်ခုအပါအ၀င်ဖြစ်သော မြန်မာသင်္ဘော သားများ အရည်အသွေးကို မြင့်သထက်မြင့်အောင် ဆောင်ရွက်ပေးရန်မှာလည်း အစိုးရသစ်ပုံဖော်ပေးရမည့် အချက်တစ်ခုပင်ဖြစ်သည်။

၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း CDC ရရှိထားသော သင်္ဘောသားဦးရေ ၇၀၀၀၀ ကျော်အနက် ၂၄၀၀၀ မှ ၂၅၀၀၀ ၀န်းကျင်အောက်သာ အလုပ်အကိုင်ရရှိပြီး ကျန်သင်္ဘောသား ၄၅၀၀၀ မှာ အလုပ်အကိုင်ရ ရှိပြီး ကျန်သင်္ဘောသား ၄၅၀၀၀ မှာအလုပ်အကိုင်မဲ့သူများနှင့် အသက်ကြီး၍ အနားယူသူများဖြစ်ကြောင်း သိရ သည်။

“ အချို့သင်္ဘောသားတွေက သင်္ဘောလုံးဝမတက်ရသေးတဲ့သူ၊ အချို့က နောက်တစ်ကြိမ် ပြန် တက်ဖို့ စောင့်နေတဲ့သူတွေ၊ အချို့သင်္ဘောသားတွေက အသက်ကြီးလို့ အနားယူထားသူစုစုပေါင်းဦးရေ ၄၅၀၀၀ လောက်တော့ရှိပါတယ်” ဟု သင်္ဘောသားဟောင်းတစ်ဦးက ပြောသည်။

၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကိုရီးယားသင်္ဘောကုမ္ပဏီပိုင် Sambo သင်္ဘောလိုင်းတွင် မြန်မာသ င်္ဘောသား ၅၀၀ အလုပ်ရရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၄၇၀ လောက်သာ အလုပ်ရရှိခဲ့ကြောင်း သိရသည်။

သို့ပါ၍ ပြည်ပသင်္ဘောလိုင်းများတွင် ဆိုမာလီဂယက်ကြောင့် အလုပ်အကိုင်ခက်ခဲနေသဖြင့် ပြည်တွင်းသင်္ဘောလိုင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြကြောင်း သိရသည်။

“ မြန်မာသင်္ဘောသားတွေ အလုပ်အကိုင်ရရှိရေးက အရင်နဲ့မတူတော့ဘူး။ အရင်က အလုပ်ရ ရှိဖို့ သိပ်ပူစရာမလိုပေမယ် ယခုနောက်ပိုင်း အလုပ်ရရှိဖို့ နည်းနည်းခက်လာတယ်။ အကြောင်းကတော့ ဆိုမာ လီဂယက်တွေအပါအ၀င်၊ သင်တန်းသားတွေကျွမ်းကျင်မှု Skill တွေပေါ်မူတည်နေတဲ့အတွက်ပါ။ အထူးသဖြင့် လာမယ့်နှစ်တွေမှာ အလုပ်အကိုင်ရရှိဖို့ နောက်ပိုင်းမှာ မြန်မာအလံလွှင့်ထူးထားတဲ့ မြန်မာပိုင်သင်္ဘောတွေပေါ် ထွက်လာဖို့ကိုလဲ မျှော်လင့်နေပါတယ်။ သူများသင်္ဘောမှာ အလုပ်လုပ်ရတာထက်စာရင် ကိုယ့်လူမျိုးပိုင် သင်္ဘောမှာဆို အလုပ်ပိုရနိုင်သလို ပိုပြီးလဲ အဆင်ပြေမယ်လို့ထင်ပါတယ်” ဟု ကိုရီးယားသင်္ဘောသားလိုင်း Samho မှ ကပ္ပတိန်းဦးကျော်စိုးကပြောသည်။

ယခင်က သင်္ဘောသားများနည်းပါးခဲ့သော်လည်း ယနေ့ခေတ်ရေကြောင်း သိပ္ပံဆင်းသင်္ဘော သားများနှင့် ရေကြောင်း တက္ကသိုလ်ဆင်းသင်္ဘောသားများ/တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး Best English အောင်၍ သင်္ဘောသားဖြစ်လာသည့် သင်္ဘောသားဦးရေစုစုပေါင်းမှာ ၇၀၀၀၀ ကျော်ရှိလာသော်လည်း အလုပ်အကိုင်ရရှိမှုမှာ ယခင်ထက်ရှားပါးလာကြောင်း သိရသည်။

ယခုအခါ ဆိုမာလီဂယက်ကို မြန်မာသင်္ဘောသားများသာမက ပြင်ပသင်္ဘောကုမ္ပဏီများကိုပါ ထိခိုက်လျက်ရှိနေပြီဖြစ်သည်။ အထူးသဖြင့် မြန်မာသင်္ဘောသားများ ဦးလှည့်လာသည့် တောင်ကိုရီးယားပိုင် သင်္ဘောကုမ္ပဏီအချို့ပင် ယခုအခါ ယင်းတို့ပိုင်သင်္ဘောများကို ရောင်းချခဲ့ကြသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

ယခုအခါ ရေကြောင်းသိပ္ပံဆင်းသင်္ဘောသားများနှင့် ရေကြောင်းတက္ကသိုလ်ဆင်းသင်္ဘောသား များ၏ အလုပ်ရရှိမှုကို အခြားသင်္ဘောသားများထက် လွယ်ကူလျက်ရှိနေရုံသာမက ရာထူးတက်ရာတွင်လည်း ပိုမိုအခွင့်အလမ်းများနေကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ပြီး သင်္ဘောသားဖြစ်သူအများစုမှာ ထမင်းချက်၊ စားပွဲထိုး၊ စားဖိုမှူး၊ ကုန်းပတ်ပိုင်း သင်္ဘောသားများအဖြစ် အလုပ်အကိုင်ရရှိသော်လည်း ရာထူးတက်ရန်မလွယ် ကူကြောင်း သိရသည်။

ယခုအခါ နိုင်ငံတကာသင်္ဘောလိုင်းများသည် သင်္ဘောသားများခေါ်ဆိုရာတွင် ပထမဦးစားပေး အဖြစ် အင်္ဂလိပ်စာကျွမ်းကျင်သော ဖိလစ်ပိုင်သင်္ဘောသားများကို အဓိကထားရွေးချယ်လာကြပြီး ယင်းသင်္ဘော သားများ၏ လစာရရှိမှုမှာလည်း အခြားသင်္ဘောသားများထက် ရရှိနေပြီး မြန်မာသင်္ဘောသားများ၏လစာမှာ အ လယ်အလတ်အဆင့်သာရှိကြောင်း သိရသည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ရပါက မြန်မာသင်္ဘောသားများ အလုပ်အကိုင်ရရှိမှုအပါအ၀င် လုပ် ကိုင်ရမှုပိုင်းတွင် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသော သင်္ဘောသားများအနေဖြင့် ယခုနှစ် ၂၀၁၂ တွင်လည်း အတိုင်းအတာတစ်ခုထိ အလုပ်အကိုင်ရရှိမှုကို ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်သော်လည်း မည်သို့ပင်ဆိုစေ မြန် မာသင်္ဘောသားများအနေဖြင့် အထက်တွင်ဖော်ပြခဲ့သော လုပ်ငန်းကျွမ်းကျင်မှု၊ ဘာသာစကားတတ်ကျွမ်းမှု အပါအ၀င်ခေတ်နှင့်အညီ တောင်းဆိုလာသော နည်းပညာကျွမ်းကျင်မှုများကို ကြိုတင်ပြင်ဆင်လေ့လာ သင်ကြားထားမည်ဆိုပါက ၂၀၁၂ သည် မြန်မာသင်္ဘောသားများ အလုပ်အကိုင်ရရှိမှု အလားအလာကောင်း သောနှစ်ဖြစ်နိုင်ကြေင်း ပန်းသတင်းဂျာနယ် မှာရေးသားထားပါသည်။


By:သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis