menu

Sunday 1 January 2012

HTC Sensation XL

HTC ကနေ အသစ်ထပ်မံဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Sensation XE ရဲ့နောက်ပိုင်းမှာ ဈေးကွက်ထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ဖုန်းပါပဲ။ GSM 3G ဖုန်းအမျိုးအစားဖြစ်ပြီး Touch Screen ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Touch စနစ်ပိုင်းတွေကိုကြည့်မယ်ဆိုရင်တော့
Proximity, Gyro, Accelerometer, Multitouch အစရှိတဲ့ Sensor စနစ်ပိုင်းတွေ ပြည့်ပြည့်စုံစုံပါဝင်တာကို တွေ့ရမှာပါ။ ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းအတွက်တော့ Internal Memory 16GB Storage နဲ့ 768MB RAM စနစ်တွေပါဝင်ပါတယ်။ နောက်ထပ် မှတ်ဉာဏ်ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်တော့ Card Slot မပါဝင်တဲ့အတွက် မှတ်ဉာဏ်ထပ်တိုးအသုံးပြုလို့တော့မရနိုင်ပါဘူး။ Touch စနစ်ပိုင်းတွေ ကောင်းမွန်တဲ့အပြင် မြင်ကွင်းတွေအတွက် လည်း LCD Screen ကကောင်းမွန်ပါတယ်။ မိုဘိုင်းဖုန်းအင်တာနက်ချိတ်ဆက်မှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ EDGE, GPRS, HSDPA, HSUPA အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်တဲ့အပြင် ၀ါယာလက်အင်တာနက် ချိတ်ဆက်အသုံးပြုဖို့အတွက်လည်း WiFi စနစ်ပါဝင်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြု အခြား Accessories ပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်တော့ Bluetooth 3.0 စ နစ်နဲ့ USB 2.0 စနစ်ကို အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ဒီဖုန်းကတော့ Android OS စနစ်သုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Android OS Version 2.3 Gingerbread ကို အသုံးပြုပေးထားတာတွေ့ရပါတယ်။ CPU ကတော့ 1.5 GHz Scorpion processor, Adreno 205 GPU စနစ်တွေကို အသုံးပြုပေးထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက်အပိုင်းတွေမှာလည်း စိတ်ကျေနပ်စရာဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ Music ပိုင်းနဲ့ Multimedia စနစ်ပိုင်းတွေအတွက်တော့ Beats Audio, Beats headset, Digital compass, Active noise cancellation with dedicated mic, MP4, WMV player, MP3, WMA, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Facebook and Twitter integration, Document viewer/editor, Adobe Flash support, Voice memo/dial/commands, Predictive text input အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ Music ပိုင်း Multimedia စနစ်ပိုင်းတွေအပြင် အခြားအွန်လိုင်းအသုံးပြု Browser စနစ်တွေလည်းပြည့်စုံပါတယ်။ ကင်မရာကတော့ 8Mega Pixel ရှိတဲ့ကင်မရာပါဝင်ပြီး autofocus, dual-LED flash, check quality, Geo-tagging, face detection, touch focus, HDR, auto-upload စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဒီဖုန်းကိုဝယ်ယူချင်တယ်ဆိုရင်တော့ My Mobile ဖုန်းဆိုင် ဖုန်း ၀၉၅၁၂၉၂၂၉ မှာ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ Specification Network - GSM 3G Size - 132.5 x 70.7 x 9.9 mm Weight - 162.5 g LCE Size - 4.7 inch Connection - EDGE, GPRS, WiFi OS - Android OS, v2.3 Camera - 8M ဖြစ်ပါတယ်။
By Internet journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis