menu

Sunday 1 January 2012

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်းများမှအစုရှယ်ရာနှင့် မြို့တော်စည်ပင်ဌာနများမှငွေချေးစာချုပ်များ အများပြည်သူများသို့ထုတ်ရောင်းမည်

4
၂၀၁၂ ခုနှစ် အတွင်း အရင်းအနှီးဈေးကွက် ဖော်ဆောင်ရေးဒုတိယအဆင့် စီမံချက်အရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူကို အစုရှယ်ယာများ ထုတ်ရောင်း မည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

"၂၀၁၂အတွင်းမှာ ငွေချေးသက်သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ
ဥပဒေအတည်ပြု ပြဋ္ဌာန်းဖို့ရှိတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတချို့ကို ရွေးချယ်ပြီး အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။ မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းတွေကလည်း ငွေချေးစာချုပ်ထုတ်ဝေရောင်းချသွားဖို့ ရှိပါတယ်။၂၀၁၂အထိက ဒုတိယအဆင့် စီမံချက်ထဲမှာပါဝင်နေတယ်။ စီမံချက်အတိုင်းဝင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ မှာ စတော့အိပ်ချိန်းတည်ထောင်ပြီး အာဆီယံအရင်းအနှီး ဈေးကွက်ဆိုင်ရာဖိုရမ်က သတ်မှတ်ထားတဲ့အချိန် ကန့်သတ်ချက် အတိုင်း တစ်ခု၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူအား အစုရှယ်ယာထုတ်ရောင်းမည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချမည်တည်းသော အာဆီယံအရင်းအနှီးဈေးကွက်မှာ ၀င်ချိတ်ဆက်သွားရမှာပါ။ လုပ်ဆောင်ရမယ့်အရာတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်" ဟု ပညာရှင်တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅တွင် စတော့အိပ်ချိန်းစတင်နိုင်ရန် ရည်ရွယ်ထားကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်တည်ထောင်သွားမည်ဟု သိရပါသည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့်လိုအပ်သောအရင်းအနှီးကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် စုစည်းသွားခြင်းဖြင့် နိုင်ငံတော်ဘတ်ဂျက်မှ စိုက်ထုတ်ရခြင်း နည်းပါးနိုင်သောကြောင့် ဘတ်ဂျက်ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားနိုင်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ငွေချေးစာချုပ်ထုတ်ဝေရောင်းချခြင်းဖြင့် စိုက်ထုတ်ကျခံထားရမည့် ဘဏ္ဍာငွေပမာဏ နေရာတွင် အများပြည်သူထံမှ ချေးယူထားသည့် ငွေကြေးများဖြင့် လုပ်ငန်းလည်ပတ်သွားနိုင်မည်ဟု သတင်းရရှိပါသည်။

ထို့ပြင် ၂၀၁၂ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်းထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis