menu

Sunday 1 January 2012

ကျိုက်ထီးရိုးတောင်တက်ဘုရားဖူးယာဉ် နောက်ပြန်လိမ့်ဆင်းရာမှ တစ်ဦးသေဆုံး

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဘုရားတစ်ဆူဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ အဓိကလာရောက် လည်ပတ်လေ့ရှိသော ကျိုက်ထီးရိုးဘုရားတောင်ပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်က ခရီးသည်ပို့ဆောင် သော ယာဉ်တစ်စီး နောက်ပြန်လိမ့်ဆင်းရာမှ ဘုရားဖူးခရီးသည် တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ယင်းတောင်ပေါ်တွင် အလှကုန်နှင့် အထွေထွေပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ဒီဇင်ဘာလအတွင်း ပွဲတော်ရက်များ တိုက်ဆိုင်ပြီး ဘုရားဖူးပြည်သူများနှင့် ပြည့်လျှံလျက်ရှိ ရာ
ကျိုက်ထီးရိုးဘုရားတောင်ပေါ်သို့ လမ်းတစ်လျှောက်တွင် ကားလမ်းများပိတ်ဆို့ရပ်တန့်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသို့ ကျိုက်ထီးရိုးဘုရားရင်ပြင်လမ်းဆုံနေရာတွင် ကားများရပ်တန့်ထားရာမှ ခရီးသည်များကို တောင်ပေါ်သို့ ပို့ဆောင်ပေးလျက်ရှိသော ကင်တာအမျိုးအစား ခရီးသည်တင်ယာဉ်(ပွင့်ထူး)သည် ဂီယာပြုတ်ကျပြီး ယာဉ်မှာ တောင်ပေါ်မှနောက်ပြန် လိမ့်ဆင်းလာကာ ယာဉ်နောက်ဘက်တွင်ရှိသော ဘုရားဖူးခရီးသည်များအတွင်း ၀င် ရောက်ပြီး ကြိမ်မိခြင်းဖြစ်ကြောင်း၊ ယင်းယာဉ်မတော်တဆမှုကြောင့် ရန်ကုန်မြို့ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မှလာရောက်၍ ဘုရားဖူးသူနှစ်ဦးအနက်တစ်ဦးမှာ နေရာ၌ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ကျန်တစ်ဦးကိုမူ ဒဏ် ရာအခြေအနေပြင်းထန်မှုကြောင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၄င်းကပြောကြားသည်။

" ကားပေါ်မှာတော့ ခရီးသည်တွေမပါဘူး။ အောက်မှာရှိတဲ့ လူအုပ်ထဲကို ကားကတိုးဝင်သွား တာပဲ" ဟု ၄င်းကဆိုသည်။

ဒဏ်ရာရရှိသော လူနာအခြေအနေနှင့်ပတ်သက်၍ ကျိုက်ထိုဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ ၄င်းတို့အနေနှင့် မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။
By Voice Weekly News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis