menu

Wednesday 17 October 2012

NLD အများအပြား ပြည်ခိုင်ဖြိုးဘက် ပါသွားပြီ

Photo: NLD အများအပြား ပြည်ခိုင်ဖြိုးဘက် ပါသွားပြီ

Wednesday, October 17, 2012  
 သန်းထိုက်ဦး ~

မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦး ခန့်  ပြည်ခိုင်ဖြိုး ပါတီသို့ မကြာသေးခင် ရက်ပိုင်းက ကူးပြောင်းသွားကြောင်း သိရသည်။

 နိုင်ငံအနှံ့အပြား  NLD ညီလာခံများ ပြုလုပ်နေချိန်တွင် ဤသို့ အလုံးအရင်းနှင့် ကူးပြောင်းမှု ဖြစ်ပွားခြင်း ဖြစ်သည်။

မကွေး ခရိုင် NLD ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်  ဦးရဲတင့်ကို ဧရာဝတီကဆက်သွယ်မေးမြန်းရာ ဤသတင်း မှန်ကန်သည်ဟု သူက ဆိုသည်။

“ဒေါင်းနေကျေးရွာမှာ ၁၂ နှစ်အောက် ကလေးငယ်များကို မှတ်ပုံတင် ပြုလုပ်ပေးမယ် ဆိုပြီးတော့ အိမ်ကို ခေါ်တာ၊ အိမ်ကို ရောက် တဲ့ အခါကျတော့ ပြည်ခိုင်ဖြိုးနဲ့  NLD စည်းရုံးရေးမှူးတွေ ပေါင်းပြီးတော့ အိမ်သာ ပလပ်စတစ်ခွက်တွေ ပေးတယ်၊ ဦးထုပ်တွေပေးတယ်၊ တီရှပ်တွေ ပေးတယ်၊ လူတွေများလာကာမှ သူတို့ကနေပြီး ပြည်ခိုင်ဖြိုးပါတီထဲကို လူတွေ အလုံးအရင်းနဲ့ ၀င်ရောက်ပါတယ် ဆိုပြီးတော့ သတင်း ထုတ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ဒေသခံ NLD ပါတီဝင်တဦးဖြစ်သူ ဦးစိုးနိုင်နှင့် ကြံ့ခိုင်ရေးပါတီဝင်များ ပူးပေါင်း စည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါင်းနေကျေးရွာတွင် NLD ပါတီဝင်  ၃၀ ခန့် ရှိသည့်အနက် ထက်ဝက်ခန့် ပါတီကူးပြောင်းသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“ဒီလိုလုပ်တာဟာ ကိုစိုးနိုင်ရဲ့ သဘောထား တခုပါပဲ၊ ကျနော်တို့ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ သူရဲ့ အခြေမခိုင်မှု၊ သူရဲ့နိုင်ငံရေး ခံယူချက် မရှိမှု လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်၊ သူ့အနေနဲ့ ၀င်တာ ကိစ္စမရှိဘူး ဒါပေမယ့် တဖက်လှည့်နဲ့ အဲဒီလို လုပ်တဲ့ အခါ ကျတော့ ကျနော်တို့ NLD   သိက္ခာကျတယ်၊  မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ဘက်ပြောင်းသွားသူတို့ကို ပြန်စည်းရုံးမည်ဟု ဦးရဲတင့်က ဧရာဝတီကို ပြောသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ပါတီနှစ်ခုစလုံးက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်

ဧရာဝတီသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis