menu

Wednesday 17 October 2012

ရုရှား ရေတပ်သည် အဆင့် မြှင့်တင် ထားသည့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် အား စမ်းသပ်မှု ပြုလုပ်လျက် ရှိ

Photo: ရုရှား ရေတပ်သည် အဆင့် မြှင့်တင် ထားသည့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် အား စမ်းသပ်မှု ပြုလုပ်လျက် ရှိခြင်း
Wednesday, October 17, 2012

ရုရှား မြောက်ပိုင်း ရေတပ်ဖွဲ့သည် အဆင့်မြှင့် တင်ထားသည့် Kamov Ka-27M ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် တစ်စင်းအား ဖျက်သင်္ဘောများ ပေါ်မှ နေ၍ စမ်းသပ် စစ်ကစား ပျံသန်း မှုများ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ရေတပ်ဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ရေတပ် ဗိုလ်မှူးကြီး ဗာဒင် ဆာဂါက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ်သည် သင်္ဘော တစ်စီး ပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့ပြီး ၎င်း၏ အဓိက ကျသော စနစ်များအား စမ်းသပ်မှု ကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ၎င်း ရဟတ်ယာဉ်သည် ကိုလာကျွန်း ဆွယ် အနီးတွင် ကျောက်ချ ရပ်နား ထားသည့် ဖျက်သင်္ဘော တစ်စီးပေါ်သို့ ယခင်ကလည်း အောင်မြင်စွာ ဆင်းသက်မှု ပြုလုပ် နိုင် ခဲ့ ကြောင်းနှင့် နောက်ဆုံး အကြိမ် ပြုလုပ်မည့် ပင်လယ် ပြင် စမ်းသပ် မောင်းနှင် မှုတွင် ရေငုပ် သင်္ဘော ရှာဖွေရေး ဆိုင်ရာ အီလက် ထရောနစ် စနစ်များ၊ ရေငုပ် သင်္ဘော များနှင့် ရေပြင်နှင့် ဝေဟင်ရှိ ပစ်မှတ် များကို ရှာဖွေ တိုက်ခိုက်ရေး ရေဒါ စနစ် စမ်းသပ်မှု များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။

မူရင်းသတင်း----Myanmar Online News
Post By :  အေးချမ်းမွန်
Wednesday, October 17, 2012

ရုရှား မြောက်ပိုင်း ရေတပ်ဖွဲ့သည် အဆင့်မြှင့် တင်ထားသည့် Kamov Ka-27M ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာ
ဉ် တစ်စင်းအား ဖျက်သင်္ဘောများ ပေါ်မှ နေ၍ စမ်းသပ် စစ်ကစား ပျံသန်း မှုများ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ရေတပ်ဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ရေတပ် ဗိုလ်မှူးကြီး ဗာဒင် ဆာဂါက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ်သည် သင်္ဘော တစ်စီး ပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့ပြီး ၎င်း၏ အဓိက ကျသော စနစ်များအား စမ်းသပ်မှု ကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ၎င်း ရဟတ်ယာဉ်သည် ကိုလာကျွန်း ဆွယ် အနီးတွင် ကျောက်ချ ရပ်နား ထားသည့် ဖျက်သင်္ဘော တစ်စီးပေါ်သို့ ယခင်ကလည်း အောင်မြင်စွာ ဆင်းသက်မှု ပြုလုပ် နိုင် ခဲ့ ကြောင်းနှင့် နောက်ဆုံး အကြိမ် ပြုလုပ်မည့် ပင်လယ် ပြင် စမ်းသပ် မောင်းနှင် မှုတွင် ရေငုပ် သင်္ဘော ရှာဖွေရေး ဆိုင်ရာ အီလက် ထရောနစ် စနစ်များ၊ ရေငုပ် သင်္ဘော များနှင့် ရေပြင်နှင့် ဝေဟင်ရှိ ပစ်မှတ် များကို ရှာဖွေ တိုက်ခိုက်ရေး ရေဒါ စနစ် စမ်းသပ်မှု များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။

Myanmar Online News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis