menu

Wednesday 17 October 2012

"မြန်မာ့ပထမဆုံး ဒီရေတောတက္ကသိုလ် ဖွင့်ရန်လေ့လာနေ"

Photo: "မြန်မာ့ပထမဆုံး ဒီရေတောတက္ကသိုလ် ဖွင့်ရန်လေ့လာနေ"

မြန်မာနိုင်ငံတွင် ပထမဆုံးဒီရေတောတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် လေ့လာမှု များပြုလုပ်နေပြီဟု FREDA အသင်းဥက္ကဋ္ဌ ဦးအုန်း(ကမ္ဘာမြေချစ်သူ) က ပြောသည်။

ထိုကဲ့သို့ ဒီရေတောတက္က သိုလ်ဖွင့်လှစ်ရန်အတွက် ဂျပန်နိုင်ငံမှ စိတ်ဝင်စား သဖြင့် ဂျပန်နိုင်ငံ ဆိုင်ရာသံအမတ်ကြီးမှတစ်ဆင့် FREDA အသင်းသို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။
''ဂျပန်နိုင်ငံသံအမတ်ကြီးက အဘသူငယ်ချင်း ဂျပန်တစ်ယောက်ကနေ တစ် ဆင့် ဒီရေတောတက္ကသိုလ်နဲ့ ပတ်သက်ပြီး အကြံဥာဏ် ပေးဖို့တောင်းလာ တာပါ''ဟု ဦး အုန်းက ပြောသည်။

ယခုအချိန်တွင် FREDA အသင်းမှ သစ်တောဝန်ကြီးဌာန လက်အောက် ရှိ ရေဆင်းသစ် တောတက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်ရန်၊ ဒီရေတော ရှိသော ပညာရေးဝန်ကြီးဌာနလက်အောက် ရှိ တက္ကသိုလ်များဖြစ်သည့် ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေတို့ နှင့် ပူးပေါင်းဆောင်ရွက်ရန် ပုဂ္ဂ လိကပိုင်းနှင့်ပူးပေါင်းဆောင်ရွက် ရန်စသည့် အချက်သုံးချက်ကို စဉ်းစား ထားကြောင်း၊ ယင်းအထဲမှ အဆင်အပြေဆုံးတစ်ခုကို ရွေးချယ်၍ ဂျပန်နိုင်ငံ တက္ကသိုလ်နှင့် ပူးပေါင်းကာ ဒီရေတောတက္ကသိုလ် ဖွင့်လှစ်သွားမည်ဟု သိရသည်။

''ဒီဇင်ဘာလထဲမှာအကြောင်း ပြန်ရမှာ။ အခုအချိန်မှာ ပညာရေး ပေါ်လ စီတွေကလည်း ပြောင်းလဲနေတော့ အကောင်းဆုံး အကြံဥာဏ် ပေးနိုင် ဖို့ သေသေချာချာလေ့လာမှု တွေလုပ်နေပါတယ်''ဟုအထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
ထို့နောက် ဂျပန်နိုင်ငံသံအမတ်ကြီးဘက်မှလည်း FREDA အသင်းဥက္ကဋ္ဌ ဦးအုန်း၏ အကြံဥာဏ်များရရှိမှသာလျှင် ဒီရေတော တက္ကသိုလ် တည်ထောင်ခွင့်ကို မြန်မာအစိုးရထံ တင်ပြသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဒီရေတောများ ပျက်စီးမှုကြောင့်ကမ်းရိုးတန်း ဒေသများ တွင်သဘာဝဘေးအန္တ ရာယ်များကို သိသိသာသာ ခံစားနေရပြီး ၂ဝဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လူ ပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရသည်။ ထို့အတွက် မြန်မာနိုင်ငံတွင် ဒီရေတောများကို ထိန်းသိမ်းရန်လို အပ်နေကြောင်း၊ ဒီရေတောထိန်း သိမ်းရေးဆောင်ရွက်နေသူများက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီရေတော တက္ကသိုလ်ဖွင့်လှစ်ပြီးပါက ဒီရေတောနှင့် ပတ် သက်သော သုတေသနများကိုပိုမိုပြုလုပ်လာနိုင်ပြီး ဒီရေတောများကို ထိရောက်စွာ ထိန်းသိမ်းလာနိုင်မည်ဖြစ်ပြီး ဒီရေ တောရှိသောကမ်းရိုး တန်းဒေသများလည်း ပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

မင်းချစ်နိုင်

မူရင်းသတင်း----Popular Myanmar News Journal
Post By : အေးချမ်းမွန်
မြန်မာနိုင်ငံတွင် ပထမဆုံးဒီရေတောတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် လေ့လာမှု များပြုလုပ်နေပြီဟု FREDA အသင်းဥက္ကဋ္ဌ ဦးအုန်း(ကမ္ဘာမြေချစ်သူ) က ပြောသည်။

ထိုကဲ့သို့ ဒီရေတောတက္က သိုလ်ဖွင့်လှစ်ရန်အတွက် ဂျပန်နို
င်ငံမှ စိတ်ဝင်စား သဖြင့် ဂျပန်နိုင်ငံ ဆိုင်ရာသံအမတ်ကြီးမှတစ်ဆင့် FREDA အသင်းသို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။
''ဂျပန်နိုင်ငံသံအမတ်ကြီးက အဘသူငယ်ချင်း ဂျပန်တစ်ယောက်ကနေ တစ် ဆင့် ဒီရေတောတက္ကသိုလ်နဲ့ ပတ်သက်ပြီး အကြံဥာဏ် ပေးဖို့တောင်းလာ တာပါ''ဟု ဦး အုန်းက ပြောသည်။

ယခုအချိန်တွင် FREDA အသင်းမှ သစ်တောဝန်ကြီးဌာန လက်အောက် ရှိ ရေဆင်းသစ် တောတက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်ရန်၊ ဒီရေတော ရှိသော ပညာရေးဝန်ကြီးဌာနလက်အောက် ရှိ တက္ကသိုလ်များဖြစ်သည့် ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေတို့ နှင့် ပူးပေါင်းဆောင်ရွက်ရန် ပုဂ္ဂ လိကပိုင်းနှင့်ပူးပေါင်းဆောင်ရွက် ရန်စသည့် အချက်သုံးချက်ကို စဉ်းစား ထားကြောင်း၊ ယင်းအထဲမှ အဆင်အပြေဆုံးတစ်ခုကို ရွေးချယ်၍ ဂျပန်နိုင်ငံ တက္ကသိုလ်နှင့် ပူးပေါင်းကာ ဒီရေတောတက္ကသိုလ် ဖွင့်လှစ်သွားမည်ဟု သိရသည်။

''ဒီဇင်ဘာလထဲမှာအကြောင်း ပြန်ရမှာ။ အခုအချိန်မှာ ပညာရေး ပေါ်လ စီတွေကလည်း ပြောင်းလဲနေတော့ အကောင်းဆုံး အကြံဥာဏ် ပေးနိုင် ဖို့ သေသေချာချာလေ့လာမှု တွေလုပ်နေပါတယ်''ဟုအထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
ထို့နောက် ဂျပန်နိုင်ငံသံအမတ်ကြီးဘက်မှလည်း FREDA အသင်းဥက္ကဋ္ဌ ဦးအုန်း၏ အကြံဥာဏ်များရရှိမှသာလျှင် ဒီရေတော တက္ကသိုလ် တည်ထောင်ခွင့်ကို မြန်မာအစိုးရထံ တင်ပြသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဒီရေတောများ ပျက်စီးမှုကြောင့်ကမ်းရိုးတန်း ဒေသများ တွင်သဘာဝဘေးအန္တ ရာယ်များကို သိသိသာသာ ခံစားနေရပြီး ၂ဝဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လူ ပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရသည်။ ထို့အတွက် မြန်မာနိုင်ငံတွင် ဒီရေတောများကို ထိန်းသိမ်းရန်လို အပ်နေကြောင်း၊ ဒီရေတောထိန်း သိမ်းရေးဆောင်ရွက်နေသူများက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီရေတော တက္ကသိုလ်ဖွင့်လှစ်ပြီးပါက ဒီရေတောနှင့် ပတ် သက်သော သုတေသနများကိုပိုမိုပြုလုပ်လာနိုင်ပြီး ဒီရေတောများကို ထိရောက်စွာ ထိန်းသိမ်းလာနိုင်မည်ဖြစ်ပြီး ဒီရေ တောရှိသောကမ်းရိုး တန်းဒေသများလည်း ပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

မင်းချစ်နိုင်

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis