menu

Wednesday 17 October 2012

ရန်ကုန်မြို့တွင်းရှိ ကြော်ငြာဘုတ် ၂ဝဝ ကျော် ခိုးထောင်ထားခြင်း ဖြစ်ဟုဆို

Photo: ရန်ကုန်မြို့တွင်းရှိ ကြော်ငြာဘုတ် ၂ဝဝ ကျော် ခိုးထောင်ထားခြင်း ဖြစ်ဟုဆို

ရန်ကုန်စည်ပင်သို့ လာရောက်ဆက်သွယ်ရန် ကြေညာခြင်း ခံရသည့်ေ ကြာ်ငြာဘုတ်များ၏ ၅ဝ ရာခိုင်နှုန်းမှာ တရားဝင်ခွင့်ပြုချက်မရှိသော ဘုတ်များဖြစ်သည်ဟု ရန်ကုန်စည်ပင်မှ တွဲဖက်အတွင်းရေးမှူးဦးတင်ထွန်း က ပြောသည်။

အောက်တိုဘာလဆန်းမှ စ၍ ၉ပေ၊ ပေ၂ဝ အထက် ကြော်ငြာ ဘုတ်အကြီးများအား သက်တမ်း တိုးရန် လာရောက်ဆက်သွယ်မှု မရှိသည့် ဘုတ်များအား စိစစ်၍ ကြေညာစာများကပ်ရာ၌ တရားဝင် ခွင့်ပြုချက်မဲ့ ဘုတ်များပါ တွေ့ရှိရ ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

''Downtown မှာ စည်ပင် ကဆက်သွယ်ဖို့စာလိုက်ကပ်တာ ဘုတ်အရေအတွက် လေးရာကျော် ရှိတယ်။အဲဒီမှာ ခိုးထောင်တဲ့ ဘုတ် က နှစ်ရာကျော်ပါတယ်'' ဟု ဦးတင်ထွန်းကပြောသည်။

ဌာနနှင့်လာရောက်ဆက် သွယ်ရန် ကြေညာခြင်းခံရသည့် ဘုတ်ပိုင်ရှင်များသည် ဌာနသို့ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး ယခင်နှစ်များမှ တရားဝင်ခွင့်ပြု ပေးပြီးဖြစ်သည့်ဘုတ်များမှ သက် တမ်းတိုးခြင်းကို ဆောင်ရွက်မည် ဆိုပါက အခွန်ကို ပိုင်ရှင်များ 
စိတ်ကြိုက် အရစ်ကျပုံစံဖြင့်ယခုနှစ် ဒီဇင်ဘာလကုန်မတိုင်မီ ပေး သွင်း နိုင်ကြောင်း ၄င်းကဆက်လက် ပြောသည်။

ကြော်ငြာဘုတ်အကြီးများ သက်တမ်းတိုးရန် ယခုနှစ်မေလမှစ ၍ ရန်ကုန်စည်ပင်မှ ကြေညာ ထားသည်ဟု တွဲဖက်အတွင်းရေး မှူးကပြောသည်။ ကြော်ငြာဘုတ် လုပ်ငန်းရှင် ဦးသန်းထွဋ်ကမူ သက်တမ်းတိုးရန် နောက်ဆုံးကာ လကိုဌာနကသတ်မှတ်ထားခြင်းမရှိ ၍ ၄င်းတို့ဘက်မှ မဆောင်ရွက် သေးခြင်းအပေါ်ဌာနမှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် လုပ်ငန်းရှင် များအတွက်များစွာ ထိခိုက်မှုရှိ သည်ဟု ပြောသည်။

ဆက်လက်၍ အထက်ပါ လုပ် ငန်းရှင်က ''အစ်ကိုတို့ ဘုတ်တွေ ပေါ် မှာ ကြော်ငြာရှင်တွေက ကြော် ငြာထားတာတွေရှိတယ်။ ဒါတွေကို ဌာနက အခုလို လုပ်လိုက်တာ ရုပ်ဆိုးလွန်းအားကြီးတယ်။ ပြောရ မယ်ဆိုရင် ကလေးကလား ဆန်ပါ တယ်။ခွင့်ပြုထားတာ ၄၊၅ နှစ် ရှိပြီဖြစ်တဲ့ဘုတ်တွေ ကို ပိုင်ရှင်မသိ လို့အခုလိုလုပ်တယ်ဆိုတာမျိုးက အစ်ကိုတို့အတွက် သိက္ခာကျလွန်း ပါတယ်''ဟု ပြောသည်။

ကြော်ငြာဘုတ်အသေးများ အစားထိုးပြန်လည် လျှောက်ထား ရာတွင် လည်း လျှောက်ထားသည့် အရေအတွက်၏ ၅ပုံ ၁ပုံနီးပါးသာ ဈေး ပြန်လည်ရရှိသည်ဟု ၄င်း ကဆက်လက်ပြောသည်။
ယခုနှစ်မှစ၍ ဆက်လက် ကြော်ငြာခွင့်ပြုသည့် ဘုတ်ကြီး များအား ဌာနဈေးနှင့်လေလံဈေး ကြား၌ ကြားဈေးတစ်စတုရန်းပေ ပတ်လည်လျှင် ကျပ်နှစ်သောင်းသတ်မှတ်၍ ကြော်ငြာဘုတ်ခွန် ကောက်ခံရန်သတ်မှတ်ခဲ့သည်။ 

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်
ရန်ကုန်စည်ပင်သို့ လာရောက်ဆက်သွယ်ရန် ကြေညာခြင်း ခံရသည့်ေ ကြာ်ငြာဘုတ်များ၏ ၅ဝ ရာခိုင်နှုန်းမှာ တရားဝင်ခွင့်ပြုချက်မရှိသော ဘုတ်များဖြစ်သည်ဟု ရန်ကုန်စည်ပင်မှ တွဲဖက်အတွင်းေ
ရးမှူးဦးတင်ထွန်း က ပြောသည်။

အောက်တိုဘာလဆန်းမှ စ၍ ၉ပေ၊ ပေ၂ဝ အထက် ကြော်ငြာ ဘုတ်အကြီးများအား သက်တမ်း တိုးရန် လာရောက်ဆက်သွယ်မှု မရှိသည့် ဘုတ်များအား စိစစ်၍ ကြေညာစာများကပ်ရာ၌ တရားဝင် ခွင့်ပြုချက်မဲ့ ဘုတ်များပါ တွေ့ရှိရ ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

''Downtown မှာ စည်ပင် ကဆက်သွယ်ဖို့စာလိုက်ကပ်တာ ဘုတ်အရေအတွက် လေးရာကျော် ရှိတယ်။အဲဒီမှာ ခိုးထောင်တဲ့ ဘုတ် က နှစ်ရာကျော်ပါတယ်'' ဟု ဦးတင်ထွန်းကပြောသည်။

ဌာနနှင့်လာရောက်ဆက် သွယ်ရန် ကြေညာခြင်းခံရသည့် ဘုတ်ပိုင်ရှင်များသည် ဌာနသို့ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး ယခင်နှစ်များမှ တရားဝင်ခွင့်ပြု ပေးပြီးဖြစ်သည့်ဘုတ်များမှ သက် တမ်းတိုးခြင်းကို ဆောင်ရွက်မည် ဆိုပါက အခွန်ကို ပိုင်ရှင်များ
စိတ်ကြိုက် အရစ်ကျပုံစံဖြင့်ယခုနှစ် ဒီဇင်ဘာလကုန်မတိုင်မီ ပေး သွင်း နိုင်ကြောင်း ၄င်းကဆက်လက် ပြောသည်။

ကြော်ငြာဘုတ်အကြီးများ သက်တမ်းတိုးရန် ယခုနှစ်မေလမှစ ၍ ရန်ကုန်စည်ပင်မှ ကြေညာ ထားသည်ဟု တွဲဖက်အတွင်းရေး မှူးကပြောသည်။ ကြော်ငြာဘုတ် လုပ်ငန်းရှင် ဦးသန်းထွဋ်ကမူ သက်တမ်းတိုးရန် နောက်ဆုံးကာ လကိုဌာနကသတ်မှတ်ထားခြင်းမရှိ ၍ ၄င်းတို့ဘက်မှ မဆောင်ရွက် သေးခြင်းအပေါ်ဌာနမှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် လုပ်ငန်းရှင် များအတွက်များစွာ ထိခိုက်မှုရှိ သည်ဟု ပြောသည်။

ဆက်လက်၍ အထက်ပါ လုပ် ငန်းရှင်က ''အစ်ကိုတို့ ဘုတ်တွေ ပေါ် မှာ ကြော်ငြာရှင်တွေက ကြော် ငြာထားတာတွေရှိတယ်။ ဒါတွေကို ဌာနက အခုလို လုပ်လိုက်တာ ရုပ်ဆိုးလွန်းအားကြီးတယ်။ ပြောရ မယ်ဆိုရင် ကလေးကလား ဆန်ပါ တယ်။ခွင့်ပြုထားတာ ၄၊၅ နှစ် ရှိပြီဖြစ်တဲ့ဘုတ်တွေ ကို ပိုင်ရှင်မသိ လို့အခုလိုလုပ်တယ်ဆိုတာမျိုးက အစ်ကိုတို့အတွက် သိက္ခာကျလွန်း ပါတယ်''ဟု ပြောသည်။

ကြော်ငြာဘုတ်အသေးများ အစားထိုးပြန်လည် လျှောက်ထား ရာတွင် လည်း လျှောက်ထားသည့် အရေအတွက်၏ ၅ပုံ ၁ပုံနီးပါးသာ ဈေး ပြန်လည်ရရှိသည်ဟု ၄င်း ကဆက်လက်ပြောသည်။
ယခုနှစ်မှစ၍ ဆက်လက် ကြော်ငြာခွင့်ပြုသည့် ဘုတ်ကြီး များအား ဌာနဈေးနှင့်လေလံဈေး ကြား၌ ကြားဈေးတစ်စတုရန်းပေ ပတ်လည်လျှင် ကျပ်နှစ်သောင်းသတ်မှတ်၍ ကြော်ငြာဘုတ်ခွန် ကောက်ခံရန်သတ်မှတ်ခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis