menu

Wednesday 17 October 2012

"ပရိသတ် အတွက် ဈေးကြီးသောကြောင့် 2D ဘားကုတ် လက်မှတ် သုံးတော့ မည်မဟုတ်"

Photo: "ပရိသတ် အတွက် ဈေးကြီးသောကြောင့် 2D ဘားကုတ် လက်မှတ် သုံးတော့ မည်မဟုတ်"

ကွင်းအတွင်း ပွဲကြည့် ပရိသတ် ဝင်ရောက် အားပေးမှု လျော့နည်းခြင်းကြောင့် လာမည့် ဘောလုံး ပြိုင်ပွဲများတွင် 2D လက်မှတ်များကို အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
'ဒီလ 2D ဘားကုတ် လက် မှတ်က AFF ကလုပ်ပေးတာဆို တော့ ဈေးနည်းနည်း ကြီးသွားတယ်။ အချို့ ပရိသတ်တွေကလည်း ဈေး ကြီးလို့ လာမကြည့်ဖြစ်တာတွေ လည်းရှိတယ်။ နောက်ပြီး ရုပ်သံလိုင်းကလည်း ၃ လိုင်းလောက် တိုက်ရိုက်ပြသတာလည်း ပါတယ်လေ။ အဲဒါကြောင့် နောက်ပွဲတွေကို ဈေးသက်သက်သာသာ နဲ့ကြည့် လို့ ရအောင် 2D လက်မှတ်တွေ မသုံး တော့ဘူး''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးစိုးမိုး က ပြောသည်။
အဆိုပါ 2D ဘားကုတ်စနစ် ကြောင့် ရိုးရိုးတန်းလက်မှတ်တစ် စောင်လျှင် ကျပ် ၁ဝဝဝ နှင့် အထူးတန်း လက်မှတ်တစ်စောင် လျှင် ကျပ် ၃ဝဝဝ ပေးရပြီး ယခင် က နိုင်ငံတကာ ပြိုင်ပွဲများတွင် အထူးတန်းကျပ် ၂ဝဝဝ နှင့် ရိုးရိုး တန်းကျပ် ၁ဝဝဝ သာရှိကြောင်း သိရသည်။
...''ဘောလုံးပွဲက ကြည့်ရင် လည်း တစ်ယောက်ထဲ ကြည့်တာ မကောင်းတော့ သူငယ်ချင်းတွေနဲ့ သွားကြည့်ရင် တစ်ယောက် ၃ဝဝဝ နဲ့ ၅ ယောက်ဆိုပဲ ၁၅ဝဝဝ ဖြစ်နေပြီ။ ကားခနဲ့ ဆိုတော့ ပိုက်ဆံ တော်တော် ကုန်သွားပြီ။ ၂ဝဝဝ လောက်ဆိုရင် တော်သေးတယ်'' ဟု တာမွေ မြို့နယ်မှ ဘောလုံး ဝါသနာ ရှင် ကောင်းထက်ကျော် က ပြောသည်။
ထိုသို့ 2D ဘားကုတ်စနစ် အား ပထမဦးဆုံး အကြိမ်အဖြစ် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ် မှစ၍ စတင် အသုံးပြုခဲ့ပြီးနောက် ပရိသတ် ဝင်ရောက်မှု သိသာစွာလျော့ နည်းခဲ့ ကြောင်း သိရသည်။
သို့သော် ကွင်းအတွင်း ပရိသတ် ဝင်ရောက်အားပေးမှုမှာ AFC ပြိုင်ပွဲ ကျင်းပသည့် နိုင်ငံများထဲ၌ မြန်မာနိုင်ငံတွင် ကျင်းပသည့် ပွဲစဉ်သည် ကွင်း အတွင်း ပရိသတ် ဝင် ရောက်အားပေးမှု စံချိန်တင်ခဲ့ သည်ဟု သိရသည်။

ဖြိုးဖြိုး

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်
ကွင်းအတွင်း ပွဲကြည့် ပရိသတ် ဝင်ရောက် အားပေးမှု လျော့နည်းခြင်းကြောင့် လာမည့် ဘောလုံး ပြိုင်ပွဲများတွင် 2D လက်မှတ်များကို အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
'ဒီလ 2D ဘားက
ုတ် လက် မှတ်က AFF ကလုပ်ပေးတာဆို တော့ ဈေးနည်းနည်း ကြီးသွားတယ်။ အချို့ ပရိသတ်တွေကလည်း ဈေး ကြီးလို့ လာမကြည့်ဖြစ်တာတွေ လည်းရှိတယ်။ နောက်ပြီး ရုပ်သံလိုင်းကလည်း ၃ လိုင်းလောက် တိုက်ရိုက်ပြသတာလည်း ပါတယ်လေ။ အဲဒါကြောင့် နောက်ပွဲတွေကို ဈေးသက်သက်သာသာ နဲ့ကြည့် လို့ ရအောင် 2D လက်မှတ်တွေ မသုံး တော့ဘူး''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးစိုးမိုး က ပြောသည်။
အဆိုပါ 2D ဘားကုတ်စနစ် ကြောင့် ရိုးရိုးတန်းလက်မှတ်တစ် စောင်လျှင် ကျပ် ၁ဝဝဝ နှင့် အထူးတန်း လက်မှတ်တစ်စောင် လျှင် ကျပ် ၃ဝဝဝ ပေးရပြီး ယခင် က နိုင်ငံတကာ ပြိုင်ပွဲများတွင် အထူးတန်းကျပ် ၂ဝဝဝ နှင့် ရိုးရိုး တန်းကျပ် ၁ဝဝဝ သာရှိကြောင်း သိရသည်။
...''ဘောလုံးပွဲက ကြည့်ရင် လည်း တစ်ယောက်ထဲ ကြည့်တာ မကောင်းတော့ သူငယ်ချင်းတွေနဲ့ သွားကြည့်ရင် တစ်ယောက် ၃ဝဝဝ နဲ့ ၅ ယောက်ဆိုပဲ ၁၅ဝဝဝ ဖြစ်နေပြီ။ ကားခနဲ့ ဆိုတော့ ပိုက်ဆံ တော်တော် ကုန်သွားပြီ။ ၂ဝဝဝ လောက်ဆိုရင် တော်သေးတယ်'' ဟု တာမွေ မြို့နယ်မှ ဘောလုံး ဝါသနာ ရှင် ကောင်းထက်ကျော် က ပြောသည်။
ထိုသို့ 2D ဘားကုတ်စနစ် အား ပထမဦးဆုံး အကြိမ်အဖြစ် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ် မှစ၍ စတင် အသုံးပြုခဲ့ပြီးနောက် ပရိသတ် ဝင်ရောက်မှု သိသာစွာလျော့ နည်းခဲ့ ကြောင်း သိရသည်။
သို့သော် ကွင်းအတွင်း ပရိသတ် ဝင်ရောက်အားပေးမှုမှာ AFC ပြိုင်ပွဲ ကျင်းပသည့် နိုင်ငံများထဲ၌ မြန်မာနိုင်ငံတွင် ကျင်းပသည့် ပွဲစဉ်သည် ကွင်း အတွင်း ပရိသတ် ဝင် ရောက်အားပေးမှု စံချိန်တင်ခဲ့ သည်ဟု သိရသည်။

ဖြိုးဖြိုး

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis