menu

Wednesday 17 October 2012

"ဆမ်ဆောင်း Galaxy Note II ဈေးကွက်တွင်း မကြာမီဖြန့်မည်"

Photo: "ဆမ်ဆောင်း Galaxy Note II ဈေးကွက်တွင်း မကြာမီဖြန့်မည်"

ဆမ်ဆောင်းမှ note နှင့် ဖုန်းနည်းပညာနှစ်ခု ရောနှောထား သည့် မော်ဒယ်လ်သစ် Galaxy Note II အား လာမည့် အပတ်အတွင်း ဈေး ကွက်၌ ဖြန့်ချိ သွားတော့ မည်ဖြစ်ကြောင်း မန်နေဂျာ ဦးဇော်ကိုကိုထွန်း ထံမှ သိရသည်။
”မိတ်ဖက် ကုမ္ပဏီတွေရော ဆမ်ဆောင်း ကုမ္ပဏီ ပင်ရင်းမှာပါ တစ်ပြိုင် တည်း ဖြန့်ချိမှာပါ။ အခု သွင်းထားတဲ့ အလုံးတွေက နမူနာ သွင်းလာ တာလောက်ပါပဲ”ဟု ၄င်း က ဈေးကွက်တွင်း ရောက်ရှိမည့် Note II နှင့်ပတ်သက်၍ပြောသည်။
အဆိုပါ Note II ၌ 8 mp ကင်မရာစနစ် ပါဝင်ပြီး ဆမ်ဆောင်း ၏ နောက် ဆုံးပေါ် ဒီဇိုင်းတိုင်းတွင် ပါဝင်လာသည့် S pen၊ S Note၊ S Planner စသည် တို့ပါ ပါဝင် ထား ကြောင်း သိရသည်။
...”ဆမ်ဆောင်းက Andriod စနစ်သုံး ဖုန်းတစ်လုံးဖြစ်တဲ့ အပြင် နည်းပညာ ပိုင်း မှာလည်း Microsoft ရဲ့မိတ်ဖက်ပါ။ ဒါကြောင့် အာရှနိုင်ငံ တွေ အတွက် အသုံးပြုဖို့ ပိုပြီးအဆင် ပြေနိုင်ပါတယ်”ဟု ပြည်တွင်းရှိ ဆမ်ဆောင်း ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ လက်ရှိ ပြည်တွင်းဈေးကွက် များ၌ ဆမ်ဆောင်း ပစ္စည်းများမှာ ဝယ်ယူမှု အားကောင်းလျက် ရှိပြီး ဆမ်ဆောင်း၏ Galaxy S II မိုဘိုင်းဖုန်း မှာ ဈေးကွက် အတွင်း အ ရောင်းရဆုံး၊ ရေပန်း အစားဆုံး ဖုန်း တစ်လုံးဖြစ်ခဲ့သည်ဟု မိုဘိုင်းဖုန်း ဈေးကွက်မှ သိရသည်။

သုတလင်း

မူရင်းသတင်း----AF Ijournal
Post By :  အေးချမ်းမွန်
ဆမ်ဆောင်းမှ note နှင့် ဖုန်းနည်းပညာနှစ်ခု ရောနှောထား သည့် မော်ဒယ်လ်သစ် Galaxy Note II အား လာမည့် အပတ်အတွင်း ဈေး ကွက်၌ ဖြန့်ချိ သွားတော့ မည်ဖြစ်ကြောင်း မန်နေဂျာ ဦးဇော်ကိုကိုထွန်း ထံမှ
သိရသည်။
”မိတ်ဖက် ကုမ္ပဏီတွေရော ဆမ်ဆောင်း ကုမ္ပဏီ ပင်ရင်းမှာပါ တစ်ပြိုင် တည်း ဖြန့်ချိမှာပါ။ အခု သွင်းထားတဲ့ အလုံးတွေက နမူနာ သွင်းလာ တာလောက်ပါပဲ”ဟု ၄င်း က ဈေးကွက်တွင်း ရောက်ရှိမည့် Note II နှင့်ပတ်သက်၍ပြောသည်။
အဆိုပါ Note II ၌ 8 mp ကင်မရာစနစ် ပါဝင်ပြီး ဆမ်ဆောင်း ၏ နောက် ဆုံးပေါ် ဒီဇိုင်းတိုင်းတွင် ပါဝင်လာသည့် S pen၊ S Note၊ S Planner စသည် တို့ပါ ပါဝင် ထား ကြောင်း သိရသည်။
...”ဆမ်ဆောင်းက Andriod စနစ်သုံး ဖုန်းတစ်လုံးဖြစ်တဲ့ အပြင် နည်းပညာ ပိုင်း မှာလည်း Microsoft ရဲ့မိတ်ဖက်ပါ။ ဒါကြောင့် အာရှနိုင်ငံ တွေ အတွက် အသုံးပြုဖို့ ပိုပြီးအဆင် ပြေနိုင်ပါတယ်”ဟု ပြည်တွင်းရှိ ဆမ်ဆောင်း ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ လက်ရှိ ပြည်တွင်းဈေးကွက် များ၌ ဆမ်ဆောင်း ပစ္စည်းများမှာ ဝယ်ယူမှု အားကောင်းလျက် ရှိပြီး ဆမ်ဆောင်း၏ Galaxy S II မိုဘိုင်းဖုန်း မှာ ဈေးကွက် အတွင်း အ ရောင်းရဆုံး၊ ရေပန်း အစားဆုံး ဖုန်း တစ်လုံးဖြစ်ခဲ့သည်ဟု မိုဘိုင်းဖုန်း ဈေးကွက်မှ သိရသည်။

သုတလင်း

AF Ijournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis