menu

Saturday 3 March 2012

ဆင်းမ်ကတ်တစ်ကတ် ကျပ်သုံးသိန်း ဖြစ်သင့်လား၊ ကျပ် ၅,၀၀၀ ဖြစ်သင့်လား

ဈေးနှုန်းတစ်ခုတည်း ပြောတာထက် ပိုလေးနက်တဲ့အချက်အလက်တွေကို သုံးသပ်ဖို့ လိုလာပါပြီ

မိုဘိုင်းဖုန်း ကွန်နက်ရှင်တွေဖြစ်တဲ့ ဆင်းမ်ကတ်တွေကို အခမဲ့ပေး ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အမြတ် အစွန်းတွေ အများကြီး ရလာနိုင်တယ် ဆိုတဲ့အကြောင်း ဆောင်းပါးကို မြန်မာ တိုင်း(မ်) ဂျာနယ်မှာ မကြာသေးခင်က တည့်သွင်းဖော်ပြခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဆင်းမ်ကတ်နဲ့ ပတ်သက်လို့ ငြင်းခုံပြောဆိုစရာတွေ ဆက်တိုက်ထွက်လာခဲ့ပြီး နောက်ဆုံးမှာ ဆင်းမ်ကတ်တစ်ကတ် ကျပ် ၅,၀၀၀ နဲ့ ရောင်းချမယ့် မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့်ကို ရွှေပြည် တံခွန်ကုမ္ပဏီ က အဆိုပြုတင်ပြတဲ့ သတင်းထွက်လာ တဲ့အထိ မြန်မာမီဒီယာ လောကတခွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးကလည်း 'ဆင်းမ်ကတ် တစ်ကတ် ကျပ် ၅,၀၀၀ နဲ့ ရောင်းချပေး မယ့် အစီအစဉ်ကမဖြစ်နိုင်သေးကြောင်း' နဲ့ အဖြစ်နိုင်ဆုံးနှုန်းထားကတော့ ကျပ် သုံးသိန်း ဖြစ်ပါတယ်လို့ ထပ်တလဲလဲ ရှင်းလင်းပြောကြားထားပါတယ်။
ဒါကြောင့် ဆင်းမ်ကတ်တစ်ကတ် ကျပ်သုံးသိန်းဖြစ်သင့်လား၊ ကျပ် ၅,၀၀၀ ဖြစ်သင့်လား၊ အခမဲ့ဖြစ်သင့်လား။ ဘယ်သူမှန်လဲ စဉ်းစားကြည့်ကြပါ ခင်ဗျ။
တိုတိုပြောရရင်တော့ သုံးမျိုးစလုံး မှန်တယ်လို့ ပြောရမှာပါ။

ဘာဖြစ်လို့ လဲဆိုတော့ မိုဘိုင်းဈေးနှုန်းတွေဟာ စီးပွားရေးပုံစံအမျိုးမျိုးနဲ့ ကိုက်ညီမယ့် စရိတ်အမျိုးမျိုးကို ဖြစ်ပေါ်စေတယ် ဆိုတဲ့ အချက်ကြောင့်ပါ။
ရှည်ရှည်ဝေးဝေပြောရမယ်ဆိုရင် တော့ ဈေးနှုန်းတစ်ခုတည်း အကြောင်း ပြောတာထက် ပိုလေးနက်တဲ့အချက် အလက်တွေကို အဆင့်တစ်ခုအထိ လေ့လာသုံးသပ်ဖို့ လိုလာပါပြီ။
စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို မြန်မာနိုင်ငံကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်)မှာ မကြာသေးခင်က ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံသားတွေအားလုံး သာတူညီမျှ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းနေ ချိန်မှာ ဖြစ်သင့်တဲ့ကိစ္စနဲ့ ဖြစ်နိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အမျိုးသား စေ့စပ်ညှိနှိုင်းမှုတစ်ရပ် လိုအပ်နေသေး တယ်လို့ နိုဘယ်ဆုရ ဘောဂဗေဒပညာ ရှင် ပရော်ဖက်ဆာဂျိုးဇက်စတစ်ဂ် လစ်ဇ်က ပြောကြားခဲ့ပါတယ်။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက် စီးပွားရေး အရရော၊ လူမှုရေးအရနဲ့ ပတ်ဝန်းကျင် အရပါ ခိုင်မာ တောင့်တင်းဖို့ လိုပါ တယ်။
ပထမအချက်အနေနဲ့ ရွှေပြည် တံခွန်ကုမ္ပဏီက အဆိုပြုထားတဲ့ ကျပ် ၅,၀၀၀ တန် ဆင်းမ်ကတ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အချက် တချို့ကို လေ့လာ ကြည့်ကြရအောင်ခင်ဗျ။
အရင်ဆုံးပြောရမယ်ဆိုရင် ရွှေပြည် တံခွန်ကုမ္ပဏီဟာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပါ။
ဒါကြောင့် သူ့ရဲ့ အဓိက ရည်မှန်း ချက်ဟာ အမြတ်အစွန်း ရရှိရေးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်ပုဂ္ဂလိက ကုမ္ပဏီမဆို သူတို့အမြတ်အစွန်းကြီးကြီး ရဖို့အတွက် သူတို့ရဲ့ လုပ်ငန်းနဲ့ ရင်းနှီး မြှုပ်နှံမှုကို လူဦးရေ ထူထပ်တဲ့ နေရာ တွေကိုပဲ မလွဲဧကန် ရွေးချယ်ကြမှာ ပါ။
လူဦးရေ ကျဲပါးတဲ့ ကျေးလက်ဒေသ တွေထက် မြို့ကြီးတွေကိုပဲ စိတ်ဝင်စား ကြမှာပါ။
အဲဒီတော့ ကျေးလက်ဒေသ တွေအတွက် အခွင့်အရေးရနိုင်ခြေက ပိုနည်းပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအတွက် စီးပွားရေးအရ တွက်ခြေကိုက်မကိုက်ကို အခြေခံပြီး ချင့်ချိန်ရွေးချယ်တာက တော့လက်ခံနိုင်ပါတယ်။
ဒါပေမယ့် ဆက်သွယ်ရေးဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အရေးပါတဲ့ ကဏ္ဍက ပါဝင်ပါတယ်လို့ ကုမ္ပဏီက လည်း ပြောပါတယ်။
အဲဒါတောင် ကျေးလက်ဒေသတွေမှာ ဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်မှု အခုအချိန်အထိ မရှိသေးပါဘူး။
အဲဒီနေရာတွေဟာ ဆက်သွယ်ရေးကွန်ရက်ရဲ့ အကျိုး ကျေးဇူးကို အများဆုံးလိုအပ်နေတဲ့ နေရာတွေဖြစ်ပြီး တော်တော်နဲ့လည်း ရဦးမှာ မဟုတ်သေးပါဘူး။
ဒါကြောင့် အဲဒီနေရာတွေဟာ ဆင်းရဲသံသရာထဲ လည်နေဦးမှာပါ။
ဒုတိယအချက်ကတော့ ရွှေပြည် တံခွန်ကုမ္ပဏီရဲ့ ဒီလို လုပ်ငန်းမျိုး လုပ်ကိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းလိုင်စင် တွေရဖို့ ကြိုးစားနေတယ် ဆိုတဲ့ အချက် ပါ။
ကံမကောင်းချင်တော့ လက်ရှိဆက် သွယ်ရေးဥပဒေဟာ တယ်လီကွန်း အခြေခံအဆောက်အအုံတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေ ပိုင်ဆိုင်ခွင့် လုံးဝ မရှိပါဘူး။
ဒီအချက်ဟာ ရွှေပြည်တံခွန် ရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကို အကြီးအကျယ် အားနည်းစေပါတယ်။
ဒါ့ပြင် ဒီအားနည်း ချက်ကို ထူထူထောင်ထောင် ဖြစ်လာစေ မယ့် ဥပဒေအသစ် ရေးဆွဲထားခြင်း လည်း မရှိသေးပါဘူး။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင် ပြောင်းလဲဖို့ရာ ဖြစ်နိုင်တယ်ဆိုပေမယ့် စီးပွားရေး၊ ငွေကြေးစနစ်၊ တိုင်းပြည်နဲ့ တခြားပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေတဲ့အချိန်မှာ အခွင့်အရေးရပါ့ မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါ တယ်။
ယူအမ်အက်ဖ်စီစီအိုင်မှာ ပြုလုပ်တဲ့ ပရော်ဖက်ဆာစတစ်ဂ်လစ်ခ်ရဲ့ Development Strategies for Inclusive and Sustainable Growth ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ အမှားတွေကို သင်ခန်းစာယူနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ် ဆိုတာကို သူက ရှင်းပြခဲ့ပါတယ်။
"သူများနိုင်ငံတွေထက် နောက်ကျ တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အားနည်း ချက်၊ အားသာချက်တွေကိုကြည့်ပြီး အတုယူသင့်တာကို ယူ၊ ရှောင်သင့်တာ ကို ရှောင်နိုင်တယ်"လို့ ပရော်ဖက်ဆာ စတစ်ဂ်လစ်ဂ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ရုရှားနိုင်ငံလို နိုင်ငံတွေမှာ နိုင်ငံပိုင် ပစ္စည်းတွေကို လွယ်မယောင်ပြုထားတဲ့ ပုဂ္ဂလိကလက်ကို လွှဲပြောင်းပေးတဲ့ ကိစ္စ တော်တော်များများမှာ ခရိုနစ်ဇင်မ်ဆိုတဲ့ အပေါင်းအသင်းကိုပဲ အခွင့်အာဏာ ပေးတဲ့ စနစ်တွေ တိုးပွားလာပြီး မမျှတမှု တွေ ဖြစ်လာစေကာ နိုင်ငံသား အားလုံး တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးရေး နဲ့လည်း အလှမ်းဝေးသွားပါတယ်။
တတိယအဆင့်အနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ပထမအဆင့်အနေနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၊ နှစ်ခုကို လုပ်ငန်း လိုင်စင် ထုတ်ပေးပြီး ပုဂ္ဂလိကပိုင် လုပ်စေခြင်း ဟာ ရေရှည်မှာ အများပြည်သူအတွက် တကယ်အကျိုးရှိမလား လေ့လာ ကြည့် ရမှာပါ။
နိုင်ငံပိုင် အခြေခံအဆောက်အအုံ တစ်ခုကို အများပြည်သူမျှဝေသုံးစွဲနိုင် တဲ့ ၀န်ဆောင်မှုတစ်ရပ်အဖြစ် တည် ဆောက်ပေးရရင် ပိုမကောင်းပေးဘူး လား ခင်ဗျ။
အဲဒီလို လုပ်ပေးလိုက်ရင် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ပုဂ္ဂလိကပိုင်လွှဲပေးနိုင်ပြီး နိုင်ငံအတွက် ဒေါ်လာဘီလျံနဲ့ချီပြီး အခွန်တော်ငွေ တွေရလာနိုင်ပါတယ်။
ဒါလည်း ဖြစ်နိုင် ခြေရှိပေမယ့် ဦးစားပေးကိစ္စတစ်ရပ် ဖြစ်သင့်သလား စဉ်းစားရဦးမှာပါ။
နောက်ဆုံးတစ်ချက်ကတော့ ဈေး နှုန်းနဲ့ ပတ်သက်ပြီး ဆန်းစစ်တွက်ချက် ရမှာပါ။
ဆင်းမ်ကတ်တစ်ကတ် ကျပ် ၅,၀၀၀ ဖြစ်လာနိုင်တဲ့ စီးပွားရေးပုံစံ တစ်ရပ်ရှိတယ်ဆိုတာ ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။
ဒီပုံစံမှာ အဓိက အဆုံး အဖြတ်ပေးမယ့်အရာဟာ အရင်း အနှီးသုံးစွဲနိုင်မှုနဲ့ အရင်းအနှီးရဲ့ အရှုံး အမြတ်ပဲဖြစ်ပါတယ်။
'ကန်'ဒေါ်လာ သန်း ၅၀ သုံးစွဲနိုင်တဲ့ ဘယ်ကုမ္ပဏီမဆို အစုရှယ်ယာ ဒါမှ မဟုတ် ချေးငွေနဲ့ မတည်ပြီး ဂျီအက်စ် အမ် အခြေခံ ၀န်ဆောင်မှုကို စတင်နိုင် ဖွယ်ရာ ရှိပါတယ်။
ပြီးမှ ငွေကြေးစီး ဆင်းမှုပေါ် မူတည်ပြီး လုပ်ငန်းထပ်ချဲ့ နိုင်ပါတယ်။
ဒါပေမယ့် လုပ်ငန်းချဲ့ဖို့ရာ အရမ်းကို နှေးကွေးနေနိုင်ပါတယ်။
အစောပိုင်းမှာ ပြောခဲ့သလိုပဲ လူဦးရေထူထပ်တဲ့ နေရာ တွေကိုပဲ ဦးစားပေးလုပ်ဆောင်ဖို့ လိုနေပါတယ်။
ဒီတော့ အများပြည်သူ အကျိုးအတွက် အကောင်းဆုံးကြိုးပမ်း နေတဲ့ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေး ဟာ လုံးဝကို မအောင်မြင် နိုင်တော့ ပါဘူး။
ဈေးနှုန်းဟာ တစ်ပြေးညီဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြဿနာ တစ်ရပ် ဖြစ်နိုင်တယ်ဆိုရင် ဆင်းမ်ကတ် တစ်ကတ်ကို ကျပ်သုံးသိန်း နဲ့မှ ရောင်း နိုင်မယ်လို့ မြန်မာ့ဆက်သွယ်ရေးက ဘာကြောင့် ထပ်တလဲလဲပြောနိုင်တာလဲ တွေးစရာ ရှိလာပါတယ်။
ရိုးရိုးသားသားပြောရရင် မြန်မာ့ ဆက်သွယ်ရေးမှာ ရင်းနှီးမတည်ဖို့ ငွေအလွယ်တကူရနိုင်တဲ့ အခွင့်အလမ်း မရှိသလို ဘတ်ဂျက် ကလည်း ပြောပ လောက်အောင် မည်မည်ရရမရှိပါဘူး။
မြန်မာ့ဆက်သွယ်ရေးအနေနဲ့ သူ့ရဲ့ လက်ရှိလိုင်း ၁ ဒသမ ၂ သန်းကို စတင် တိုးချဲ့ရေးအတွက် အခြေခံစခန်း တွေ၊ ဆက်သွယ်ရေး တာဝါတွေ၊ ဖန် မျှင်ဆက်သွယ် ရေးကြိုးတွေနဲ့ မိုက်ခရို ဝေ့ အဓိကစခန်းတွေအတွက် လိုအပ် နေတဲ့ငွေကြေးကိုကုမ္ပဏီတွေကို အကူ အညီတောင်းရပါတယ်။
ဒေသခံကုမ္ပဏီတွေဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ၀ယ်ယူဖို့နဲ့ တာဝါ တိုင်တွေ တပ်ဆင်ဖို့ ကြိုတင်ငွေ ရှင်းရ ပါတယ်။
စက်ပိုင်းဆိုင်ရာတွေကို ကုမ္ပဏီ လက်အပ်ပြီး လုပ်ကိုင်ဆောင်ရွက် တဲ့အခါ ကုမ္ပဏီတွေဟာ သူတို့ ရင်းနှီး မြှုပ်နှံထားတဲ့ငွေ ပြန်ရဖို့နဲ့ အမြတ် အစွန်းရဖို့အတွက် ဆင်းကတ်တွေကို အကန့်အသတ်နဲ့သာ ရောင်းချပါတော့ တယ်။
ဒါ့ပြင် ငွေရှင် ရရှိတဲ့ ဆင်းကတ် အရေအတွက်ဟာလည်း ကွန်ရက်ချိတ် ဆက်နိုင်မှုအရလည်း အကန့်အသတ် ရှိပါသေးတယ်။
ဒါတင်မကသေးပါဘူး။
ဒီလို တစ်စိတ် တစ်ပိုင်း ရင်းနှီးမြှုပ်နှံမှုကြောင့် ဂျီအက်စ် အမ် အခြေခံစတေရှင်တွေရဲ့ စရိတ် ဟာ ပိုကြီးမားပြီး ဩဇာပိုထက်တဲ့ ဆက် သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေက ပေးနိုင်တဲ့ နှုန်းထားထက် သိသိသာ သာကြီး မြင့်မားသွားပါတယ်။
အလားတူပဲ အမြတ်လိုချင်တဲ့ဆန္ဒ ကြောင့် အရည်အသွေး ပြဿနာရှိ နိုင်ပြီး လုပ်ငန်းလည်ပတ်မှုမှာ အချိန် ကုန် လူပန်းစေပြီး တစ်သက်တာ စရိတ် ကလည်း သိသိ သာသာကြီး မြင့် စေတဲ့ အရည်အသွေးမပြည့်ဝတဲ့ ထုတ်ကုန် တွေ အသုံးပြုရတာမျိုး ဖြစ်စေနိုင် ပါတယ်။
အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းဟာ အရင်း အနှီး ငွေလုံးငွေရင်းကို ဈေးသက်သက် သာသာနဲ့ ရနိုင်တဲ့ အခွင့်အလမ်း မရှိ ဘူးဆိုတဲ့ တွေ့ရှိချက်အရ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းကွန်ရက် တည်ဆောက်ရေးစရိတ်ဟာ အရမ်းကို မြင့်နေမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ် တန်ဖိုးလည်း အလားတူ မြင့်မားနိုင် ပါတယ်။
ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းဟာ တစ်ခုတည်းသော တရားဝင် ၀န်ဆောင်မှုကုမ္ပဏီအဖြစ် ပြည်သူ တွေအတွက် ဆောင်ရွက်ပေးရမယ့် ၀တ္တရားရှိတာကြောင့် လုပ်ငန်းတိုးချဲ့နိုင် ရေး ကြိုးပမ်းနေပါတယ်။
လူအများစုဟာ ဆက်သွယ်ရေး အထူးသဖြင့် မိုဘိုင်းတယ်လီဖုန်းတွေ တိုးတက်လာခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည် ထားကြပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိုဘိုင်းဖုန်း ဈေးကွက်ထဲ ၁၀ ရာခိုင်နှုန်း ၀င်လာတိုင်း ဂျီဒီပီ တိုးတက်နှုန်းဟာ ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာတာ ကို တွေ့ရပါတယ်။
ဒါ့ပြင် မိုဘိုင်းဖုန်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက် မှုကလည်း မြန်မာနိုင်ငံမှာ ၃၀၀,၀၀၀ အထိ ရှိလာပါတယ်။
ဒါတွေနဲ့ ဆက် စပ်ပြီး လူမှုရေးအရလည်း အကျိုး ကျေးဇူးတွေပေါ်ပေါက်လာပါတယ်။
လူမှုရေးအရ ပေါင်းစည်းမှုတွေ ရှိ စေပြီး စီးပွားရေးအရ လုပ်ပိုင်ခွင့်တွေ လည်း ရစေပါတယ်။
အထူးသဖြင့် ၀င်ငွေနိမ့်တဲ့ ကျေးလက်ဒေသတွေက ပညာအရည်အချင်း နိမ့်တဲ့၊ ၀င်ငွေ နိမ့်တဲ့ သုံးစွဲသူတွေအတွက် ဆက်သွယ် ရေး တိုးချဲ့ပေးနိုင်ပါတယ်။
ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက် တွေ ဖြန့်ဖြူးပေးနိုင်ပြီး သဘာဝ ဘေးသင့် ဒေသတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ အလျင်အမြန်ထောက်ပံ့ပေးနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်း ချက်အားလုံးကို ဖြည့်ဆည်းနိုင်စွမ်း ရှိမှသာ ပြည်သူအားလုံး ဆက်သွယ် ရေး ၀န်ဆောင်မှုကို အသုံးပြုခွင့် ရရှိစေ တာဟာ လူသားအားလုံးရဲ့ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်လို့ ပြောရတာ မျှ တမှာပေါ့လို့ ပရော်ဖက်ဆာ စတစ်ဂ် လစ်ဂ်က ပြောကြားခဲ့ပါတယ်။
အဲဒါသာ ဖြစ်ခဲ့တယ်ဆိုရင်တောင် ရွှေပြည်တံခွန် ကုမ္ပဏီနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ပုံစံမှာ အား နည်းချက်တွေ ရှိနေပါသေး တယ်။ ဒါ ကြောင့် ဒီအားနည်းချက် အသီးသီးကို ရှောင်ရှားနေစဉ်မှာပဲ သက်ဆိုင်ရာ အားသာချက်တွေပါဝင်တဲ့ တခြား ပုံစံ များရှိလေ မလား စဉ်းစားရမှာပါ။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှု တွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (အိုဒီအေ)တွေ ရနိုင်မယ့် နောက်ထပ် အခွင့်အလမ်းကလည်း အလျင်အမြန် ပွင့်လာမှာပါ။
အတိုးနှုန်းနိမ့် ချေးငွေတွေ ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပိုင်ဆိုင်မယ့် နိုင်ငံတစ်ဝန်း တစ်ပြေးညီ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တစ်ရပ် ဖြန့်ကြက်ချထားရေးအရှိန်ကို ပိုမိုလျင်မြန်ချောမွေ့စေမှာပါ။
ဒါ့ပြင် ကွန်ရက်ရဲ့ အရည်အသွေး ကိုလည်း ပိုမိုကောင်းမွန်စေမှာပါ။
အင်တာနက်သုံး မိုဘိုင်းကွန်ရက်တစ်ခု တည်းအတွက်တင်မကပါဘူး။ မြန်မာ တစ်နိုင်ငံလုံးမှာ ဖန်မျှင်ဆက်သွယ်ရေး အဓိကစခန်းနဲ့ ဘရော့ဒ်ဘန်အင်တာနက် ကွန်ရက်တွေအတွက်ပါ အဆင်ပြေ မယ့် ကွန်ရက်တွေ ရရှိလာမှာပါ။
တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူ အညီတွေဟာ မြန်မာ့ဆက်သွယ်ရေးက လည်း လိုအပ်နေတဲ့ နည်းပညာကျွမ်း ကျင်မှုနှင့် စက်ပစ္စည်း အရည်အသွေး မြှင့်တင်ရေး လိုအပ်ချက်ကို ထောက်ပံ့ ပေးနိုင်မယ့် နည်းပညာအထောက်အပံ့ တစ်ရပ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါ တယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ ဒီအခြေခံအဆောက်အအုံရဲ့ ပိုင်ရှင် ဖြစ်နေတဲ့အတွက် (သက်သာတဲ့နှုန်းတဲ့ ချေးငွေရလာတဲ့အခါ) ကန့်သတ်ထိန်း ချုပ်မှုမရှိတဲ့ ၀န်ဆောင်မှုတွေကို တစ်ပြေး ညီ စည်းကမ်းသတ်မှတ်ထားတဲ့ ကွန်ရက်အခြေခံတဲ့ အိုင်စီတီ ၀န်ဆောင် မှု တိုးတက်ရေးအတွက် အပြောင်းအလဲ ဖြစ်စေတဲ့ ကြားခံပစ္စည်းအဖြစ် ဆောင်ရွက်ပေးနိုင်မှာပါ။
အဲဒီလို ဆောင်ရွက်ပေးခြင်းဟာ ကစားကွင်း တစ်ခုမှာတွေ့ရတဲ့ အပြိုင်အဆိုင်များပြီး စွန့်စားရတဲ့ ပတ်ဝန်းကျင် တစ်ရပ် ကိုလည်း ဖြစ်ပေါ်စေပါတယ်။
မြို့နယ်အဆင့် လူမှုရေးဆိုင်ရာ ပရိုဂရမ်အမြောက်အမြားအတွက် ငွေကြေးထောက်ပံ့ပေးနိုင်တဲ့ လူမှု တိုး တက်ရေးရန်ပုံငွေထဲမှာ ၀န်ဆောင်မှု ကုမ္ပဏီတွေရဲ့ ၀င်ငွေ တစ်ရာခိုင်နှုန်းကို ထည့်ဝင်ကြစေဖွယ်ရာရှိတယ်လို့ နိုင်ငံ တကာ လုပ်ငန်းတွေက အကြံပြုထား ပါတယ်။
အိုဒီအေကို အခြေခံတဲ့ ဖွံ့ဖြိုးတိုး တက်ရေးပုံစံမှာ ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။
ဒါ့ပြင် မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်းတွေလို လုပ်ငန်းတွေ အပါအ၀င် နိုင်ငံတစ်ဝန်းမှာ အိုင်စီတီ ၀န်ဆောင်မှုတွေ တစ်ဟုန်ထိုး အလျင် အမြန် တိုးပွားလာစေပါတယ်။
ဒီဝန် ဆောင်မှုဟာ ကွန်ရက်တစ်ကြောမှာ ကွန်ရက်ချိတ်ဆက်မှုတွေ ပိုကောင်း လာစေမှာပါ။
ပြီးတော့ အပြိုင်အဆိုင် များတဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဆင်းမ်ကတ်ဈေးတွေ လုံးဝ အခမဲ့ပေးရ တဲ့အထိ ထိုးကျသွားမှာကတော့ လုံးဝ သေချာပါတယ်။
တယ်လီကွန်းမျူနီကေးရှင်း တိုးတက် ရေးရဲ့ အလားအလာကလည်း လမ်းပွင့် လာမှာပါ။
ဒီအချက်ကလည်း ဖြစ်နိုင် ခြေရှိပါတယ်။
ဒါပေမယ့် အခွင့်အလမ်း တစ်ရပ် ဖြစ်လာပါ့မလား။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis