menu

Saturday 3 March 2012

ကချင်ဒုက္ခသည်စခန်းများသို့ ကိုယ်တိုင်လိုက်သွားမည့် Nကိုင်ရာ


 Photo

ကချင်တိုင်းရင်းသားများစုပေါင်း ဖျော်ဖြေသည့် “မနောအလှ ဂီတည”ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကျင်းပပြုလုပ် ခဲ့ရာ ထိုဖျော်ဖြေပွဲတွင် Lခွန်းရီ၊ ကေဂျာနူး၊ ကော့မိုင်၊   Lလွန်းဝါ၊ နောနော်၊ ဒေါင်းလွဏ်း၊ ဂျက်ဆန်ထွန်း၊ အောင်းလာ၊Ah ယော်၊ အန်းနော်၊ နော်ဒင့်၊ အော်ရာလီ၊ အဇဲ၊T   ခမ်းဆိုင်၊K ခေါန်နူး၊Lဆိုင်းဇီ၊ ရေဗက္ကာဝင်း၊Blue Berry, Nကိုင်ရာ၊ Nဆိုင်းလီ၊ M ဆိုင်းလာတို့ကသီဆိုဖျော်ဖြေခဲ့သည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒုက္ခရောက် နေသောဒုက္ခသည်များကို ဖျော်ဖြေပွဲတွင်ပါဝင်သည့် အနုပညာရှင်များက ရရှိလာသောအလှူငွေများဖြင့် သွားရောက်လှူဒါန်းမည်ဖြစ်သည်။ဖျော်ဖြေပွဲတွင်ပါဝင်ပြီး သွားရောက်လှူဒါန်းမှုတွင် ပါဝင်မည့် အဆိုတော်   Nကိုင်ရာနှင့် ဖျော်ဖြေပွဲအပြီး တွေ့ဆုံမေးမြန်းခွင့်
ရခဲ့သည်။“မနောအလှ ဂီတည”ရန်ပုံငွေ ဖျော်ဖြေပွဲမှာပါဝင်ဖြစ်ခဲ့တာက။

ကချင်တိုင်းရင်းသားတွေ စုပေါင်းပြီးလုပ်တဲ့ ပွဲဆိုတော့ကချင်လူမျိုးတစ်ယောက်အနေနဲ့လည်း ကိုင်ကမပါမဖြစ်ပေါ့နော်။
 အဲဒါကြောင့်ကိုင်ပါဝင်ဖြစ်တာပါ။ ဒီပွဲမှာ သီချင်းဘယ်နှပုဒ်ဆိုမှာလဲ၊ ဘယ်လိုသီချင်းတွေလဲ။ဒီမှာကိုင်ကရိုက်ကူးရေးရော၊ ဖျော်ဖြေရေးရောပါတယ်။ ကိုင်ကအန်တီ   L ခွန်းရီ၊ အန်တီကေဂျာနူး။ အန်တီကော့မိုင်တို့နဲ့လည်း အတွဲဆိုမယ်ပေါ့။ ဟိုတုန်းက သီချင်းတွေပေါ့။ အန်တီကော့မိုင်တို့ဆိုခဲ့တဲ့ သီချင်းကို “ကချင်ပြည်ကိုလာပါ”“အလည်တစ်ခေါက်လာဖို့ ဖိတ်ခေါ်တယ်”အဲဒီသီချင်းလေးတွေကို အတွဲဆိုမယ်။ ကိုင်တစ်ယောက်တည်းဖျော်ဖြေရေးမှာထွက်ပြီးသားသီချင်း လေးတွေဆိုမယ်၊ ပြီးတော့ရိုက်ကူးရေးမှာ သီချင်းအသစ်ဆိုမယ်။ ရိုက်ကူးရေးမှာ တစ်ယောက်တည်း  လေးပုဒ်ရှိမယ်။ အားလုံး စုပေါင်းဆိုတာက တစ်ပုဒ်ပေါ့။
ဒီပွဲက ခွေထွက်မှာပေါ့။
အင်း၊ ဟုတ်တယ်ရှင့်၊ အခွေထွက်မှာ။
ဒီပွဲက တခြားပွဲတွေနဲ့မတူဘူးလေ။ ကချင်တိုင်းရင်းသားတွေ စုပြီးဆိုတဲ့ရန်ပုံငွေပွဲဆိုတော့ ဒီပွဲမှာဆိုရတဲ့ ခံစားချက်လေးကိုပြောပေးပါလား။
ဒီပွဲမှာ ပါဝင်ခွင့်ရတာက ကျေနပ်ပီတိဖြစ်တယ်။ ဘယ်လိုပြောရမလဲ။ ရန်ပုံငွေပွဲလည်းဟုတ်တယ်။ ပြီးတော့ဟိုက ဒုက္ခရောက်နေတဲ့သူတွေအားလုံးကို ကိုင်တို့ကလူမျိုး၊ ဘာသာ မခွဲခြားဘူး။ အားလုံးကို အဲလိုမျိုး ကူညီပေးဖို့အတွက် ကိုင်တို့က တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဆပ် ခွင့်ရတဲ့အတွက်ပေါ့။     ကိုင်တို့ကလည်း သီချင်းလေးဆိုပြီး ရန်ပုံငွေလေးရှာ၊ အဲအတွက်နဲ့သူတို့ကို ပေးဆပ်ရတယ်။ ပြန်ပြီးလှူခွင့်ရတာကို   ပိုပြီး ကျေနပ်ပီတိဖြစ်မိပါတယ်။
ရန်ပုံငွေပွဲတွေဆိုဖူးသေးလား။ ဒါဘယ်နှကြိမ်မြောက်လဲ။
ကိုင်ရန်ပုံငွေပွဲတော်တော် များများတော့ ဆိုဖြစ်တယ်။ အတတ်နိုင်ဆုံးပေါ့၊   ဘယ်နှစ်ကြိမ်လည်းဆိုတာသိပ်တော့ မမှတ်မိတော့ဘူး။ 
N   ကိုင်ရာကရိုးရာဝတ်စုံတွေ ၀တ်တာများတယ်။  အဲဒီအကြောင်းလေးပြောပေးပါလား။
ရိုးရာဝတ်စုံဝတ်တယ်ဆိုတာ ဒီနေ့လိုပွဲမှာဆို ကိုင့်အတွက် ပိုပြီးပျော်စရာကောင်းတဲ့ နေ့လေးလို့ပြောရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုင်က ကချင်အကျီလေးကို အရမ်းလည်းချစ်တယ်။ အရမ်းလည်းကြိုက်တယ်။ အဲလိုမျိုးထွင်ပြီး ချုပ်ဝတ်ရတာလည်းအရမ်း ကြိုက်တယ်။  ကချင်အကျလေးတွေကို အမျိုးမျိုးချုပ်ဝတ်ထားကြတော့   အဲဒါကိုမြင်ပြီးတော့ ကိုင်တိုင်လည်းပျော်တယ်၊  သူများတွေဝတ်ထားတာလှတာအတွက်လည်း ကျေနပ်ပီတိဖြစ်မိပါတယ်။
ကချင်ဒုက္ခသည်တွေအတွက်   Nကိုင်ရာကိုယ်တိုင် ဘယ်လိုကူညီမျိုးတွေပေးခဲ့လဲ။
အခုချိန်ထိတော့ မရှိသေးဘူး။ ကိုယ်ကတော့ ဘေးကနေ တတ်နိုင်သလောက် ဘယ်ကနေ ဘယ်လိုလှူပေးရမလဲ။ ဒုက္ခရောက်နေသူအားလုံးကို ကိုယ် ကိုယ်တိုင်ကိုယ်ချင်းစာတယ်။အခက်အခဲတွေ ဒုက္ခတွေ ကြုံနေရတာ စိတ်လည်းမကောင်းဘူး။ ၀မ်းလည်းနည်းတယ်။ အဲဒီအတွက် ကိုယ်လည်းဘေးကနေ တတ်နိုင်သလောက်ပေါ့နော်။ လှူလို့ရတဲ့ နေရာတွေလက်လှမ်းမီသလောက် လုပ်တာပေါ့နော်။
N ကိုင်ရာအနေနဲ့ ကိုယ့်ကချင်လူမျိုးတွေ အခုလိုဒုက္ခတွေ ခံစားနေရတဲ့အပေါ်မှာ ခံစားမှုလေးပြောပြပါဦး။
ဘယ်လိုခံစားရလဲဆိုတော့ ဒါကတော့ လူသားအချင်းချင်း အားလုံးအတူတူပဲပေါ့နော်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နေလို့ရှိရင် ကမ္ဘာကြီးကပိုပြီးတော့ ပျော်ရွှင်စရာကောင်းမှာပေါ့နော်။ အားလုံးကို မိသားစုစုံစုံလင်လင်၊ နေကောင်းကျန်းမာစွာနဲ့ ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်နေတဲ့ဟာမျိုးလေးတွေ မျှော်လင့်နေတာပေါ့နော်။
အခုကချင်စစ်ဘေးဒုက္ခသည်တွေကို   Nကိုင်ရာအနေနဲ့ ဘာပြောချင်လလဲ၊ အားပေးစကားဖြစ်ဖြစ်တစ်ခုခုပေါ့။
ကိုင်ရာကသူတို့ကို ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ အားလုံးဟာ အဆင်ပြေသွားမှာပါလို့။
ပါဝင်တဲ့ ကချင်အနုပညာရှင်တွေကချင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။   N ကိုင်ရာရော သွားဖြစ်မလား။
ကိုင်ကတော့ ကိုယ်တိုင် သွားမှာပါ။ တတ်နိုင်သလောက် အားလုံးလုပ်ပေးပါ့မယ်။
  7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis