menu

Saturday 3 March 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေး ရောက်ပြီ

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်သို့ မနက်၈နာရီ ၁၅မိနစ်ခန့်တွင် ရောက်ရှိ ခဲ့ပြီး ကြိုဆိုသူများပြားသောကြောင့် ယဉ်ကြောပိတ်ဆို့သဖြင့် ယခု တံခွန်အ၀ိုင်းတွင်ပင်ရှိနေသေးသည်။ လေဆိပ်မှ အထွက်လမ်းတလျှောက် ကြိုဆိုသည့်ကားအစီးရေ ထောင်ကျော် ၊ဆိုင်ကယ်အစီးရေ တစ်သောင်းခွဲခန့်ရှိ ပြီး ကြိုဆိုသည့်လူထုမှာ အဝေးပြေးလမ်း ဟိုဘက်ဒီဘက် အပြည့်ရှိသည်ဟုသိရသည်။ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်ကွင်းအတွင်းသို့ ၀င်ရောက်နေစဉ် မိုးများ ရွာသွန်းနေပြီး စတင်ရွာသွန်းစဉ်ထက် မိုးရွာသွန်းမှု လျော့နည်းသွားကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်အတွင်းမှ ဟောပြောပွဲစင်မြင့်ကို ...... လုပ်ထားကြောင်း The Voice Weekly သတင်းထောက်များက သတင်းပေးပို့သည်။ ယခုအခါ အောင်ပင်လယ်ကွင်းအပြည့် မန္တလေးမြို့ခံများ ရောက်ရှိနေသည့်အပြင် ကွင်းအပြင်လမ်းတွင်ပါ လူများလျှံကျနေကြောင်း၊ နောက်ဆုံးရရှိသော သတင်းများအရ ယနေ့မွန်းလွဲ ၁ နာရီခွဲတိတိတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစတင်ပြောကြားနေပြီး တာလပတ်များ မိုးထားပေးေ
ကာင်း၊ ကွင်းအတွင်း ပရိုဂျက်များလည်း ထောင်ထားပေးကြောင်း သတင်းပေးပို့သည်။
 ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းစင်မြင့်ထက်တွင် " ဒီလောက်များတဲ့ပရိသတ်ကို ၁၉၈၈နောက်ပိုင်းတစ်ခါမှ မမြင်ဖူးဘူး။ ရာသီဥတုအေးအေးထဲမှာ မန္တလေးသားတွေက နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မန္တလေးမြို့ခံများကို ယခုပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၀င်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်းအရင်း၊ တရားဥပဒေစိုးမိုးရေးအကြောင်း၊ မန္တလေးသည် နိုင်ငံရေးအတွက် အရေးကြီးသော မြို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis