menu

Monday 3 February 2014

ပင်လယ် အတွင်း၌ ၁၆ လကြာ မျောပါခဲ့သည့် အမျိုးသား တစ်ဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

Photo: ပင်လယ် အတွင်း၌ ၁၆ လကြာ မျောပါခဲ့သည့် အမျိုးသား တစ်ဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

မာဂျူရို ဖေဖော်ဝါရီ ၂

မက္ကဆီကို နိုင်ငံမှ ကီလိုမီတာ ၁၂၅ဝဝ (မိုင် ၈ဝဝဝ)ကျော်အကွာရှိ ပင်လယ် သမုဒ္ဒရာ အတွင်း ၁၆ လကြာ မျောပါခဲ့သော ဟိုဆေးအိုင်ဗန် အမည်ရှိ အမျိုးသား တစ်ဦးအား ဝေးလံ ခေါင်းပါးသော ပစိဖိတ် သမုဒ္ဒရာ၏ Ebon Atoll သန္တာကျောက်တန်း အနီးတွင် ယခု သီတင်းပတ် အတွင်း ဒေသခံ နှစ်ဦးက အသက်ရှင်လျက် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သုတေသန ပညာရှင် တစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အိုင်ဗန်သည် ၎င်း၏အဖော် တစ်ဦးနှင့် အတူ မက္ကဆီကို နိုင်ငံမှ အယ်ဆာဗေဒေါ နိုင်ငံသို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ လတွင် လှေတစ်စင်းနှင့် စတင် ထွက်ခွာခဲ့ပြီး ပင်လယ် အတွင်း၌ ၁၆ လကြာ မျောပါခဲ့ကြောင်း၊ ၎င်း၏အဖော် ဖြစ်သူမှာ သေဆုံးခဲ့ပြီး ၎င်းအနေဖြင့် ပင်လယ် အတွင်း၌ မျောပါနေစဉ် လိပ်များ၊ ငှက်များနှင့် ငါးများကို ဖမ်းယူ စားသောက်၍ မိုးရေ မရရှိသော အချိန်၌ လိပ်သွေးများကို သောက်၍ အသက်ဆက်ခဲ့ ရကြောင်း နော်ဝေ မနုဿ ဗေဒ ပညာရှင် တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

အိုင်ဗန်ကို ၎င်း၏ ၂၄ ပေ အရှည်ရှိသော ဖိုင်ဘာလှေနှင့် အတူ Ebon Atoll သန္တာ ကျောက်တန်း၌ ဇန်နဝါရီ ၃၁ ရက်တွင် ဒေသခံ နှစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ပြန်လည် တွေ့ရှိစဉ်တွင် ၎င်း၏ မုတ်ဆိတ်မွေးနှင့် ဆံပင်များမှာ ရှည်လျား နေသည်ကို တွေ့ရှိခဲ့ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis