menu

Monday 3 February 2014

အာဇာနည်ကုန်းတွင် တောင်ကိုရီးယားနိုင်ငံက အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ်ကို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

Photo: အာဇာနည်ကုန်းတွင် တောင်ကိုရီးယားနိုင်ငံက အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ်ကို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂

မြန်မာနိုင်ငံ၏ အာဇာနည် ခေါင်းဆောင်ကြီးများကို  ဂုဏ်ပြုထားရှိသော  အာဇာနည်ကုန်း၌ တောင်ကိုရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် သတင်းစာဆရာ အပါအဝင် ကိုရီးယားနိုင်ငံသား ၁၇ ဦးအတွက် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ်ကို ကန့်ကွက်သည်ဟုဆိုကာ ပြည်တွင်း အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်သူ့အကျိုးပြု ဒီမိုကရေစီ အင်အားစုမှ ဦးဇော်ဝင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၈ ရက် နေ့မတိုင်မီက တောင်ကိုရီးယားနိုင်ငံမှ ဗိမာန် လာရောက် တည်ဆောက်မည်ကို ပြည်သူအများ၏ သဘောတူညီမှု ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်သူလူထုက ပါဝင်ကာ ကန့်ကွက် ဆန့်ကျင်နိုင်စေရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း  ဆန္ဒထုတ်ဖော်သူ ဦးဇော်ဝင်းက ပြောကြားသည်။ 

အာဇာနည်ကုန်းတွင် တောင်ကိုရီးယား နိုင်ငံဘက်က ဗိမာန် တည်ဆောက်ပါက နောင်နှစ် ၂၀ ခန့် အကြာတွင် အာဇာနည်ကုန်းသို့ လာရောက်သည့် ကလေးငယ်များသည် တောင်ကိုရီးယားနိုင်ငံ၏ ဗိမာန်ကိုပင် မြန်မာနိုင်ငံ၏ အာဇာနည်များဟု ထင်မှတ်ကာ အလေးပြုကြခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် များကို ပျောက်ကွယ်အောင် ပြုလုပ်နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တစ်ကိုယ်တော် ဆန္ဒပြမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒ ထုတ်ဖော်ရန် လျှောက်ထား ခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“မဆောက်ခင် ကတည်းက ကြိုကန့်ကွက်ထားတာပါ” ဟု ဦးဇော်ဝင်းက ပြောဆိုသည်။

အာဇာနည် ဗိမာန်အနီးတွင် တည်ဆောက်မည့် အဆိုပါ အထိမ်းအမှတ် အဆောက်အအုံကို အာဇာနည်ဗိမာန် အနီးတွင် မတည်ဆောက်ဘဲ အာဇာနည်ဗိမာန် အဝင်လမ်း အနီးတွင်သာ တည်ဆောက်မည် ဖြစ်ကြောင်း သမ္မတရုံး အသိုင်းအဝိုင်းထံမှ သိရှိရသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ (၅) ဆက်မြောက် သမ္မတဖြစ်သော Chun Doo Hwan သည် မြန်မာနိုင်ငံသို့ ၁၉၈၃ ခုနှစ်က ရောက်ရှိလာခဲ့ပြီး အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန် သွားရောက်စဉ် မြောက်ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲကာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တောင်ကိုရီးယား နိုင်ငံဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သတင်းစာဆရာ အပါအဝင် ကိုရီးယား နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis