menu

Sunday 26 January 2014

ဆေးကျောင်းသူ ၁ ဦး အား ဆေးကျောင်းသားတစ်စုမှ မုဒိမ်းကျင့်သတ်ဖြတ်ဟု သတင်းများထွက်ပေါ်

ဆေးကျောင်းသူ ၁ ဦး (မေသူသူဇော် အသက် ၁၉ နှစ် ဘ-ဦးဇော်ထွန်း) အား ဆေးကျောင်းသားတစ်စုမှ  မုဒိမ်းကျင့်သတ်ဖြတ်သည့် အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ အားလုံး ယခုကဲ့သို့ ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည် - - -

ဆေးကျောင်းတွင် ကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစ်စုမှ အဖွဲ့လိုက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သော်လည်း တရားစီရင်ရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တရားခံများမှာ အမှုမှလွတ်မြောက်လျက်ရှိရာ သေဆုံးသူ ဆေးကျောင်းသူလေး၏ အမနှင့် သူမ၏ သူငယ်ချင်းများမှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


ဒုတိယမြောက် မုဒိမ်းကျင့်သူ ဆေးကျောင်းသား ရဲမင်းဦးဆိုသူသည် ဆွေမျိုးများ၏ အကူအညီဖြင့် ယခုအခါ သြစတေးလျနိုင်ငံသို့ တိမ်းရှောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

From Facebok

နော်မေသူသူဇော် (သို့မဟုတ်) လူယုတ်မာတစ်ယောက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့် ခဲ့ ရသူလေး
-------------------------------------------------------------------------
ကျုပ်ဖေးစ်ဘုတ်ပေါ်မှာ တွေ့နေရတဲ့ စိတ်ညစ်စရာကိစ္စတစ်ခုကို ပြောပါရစေ၊၊
ဥပဒေ ကျွမ်းကျင်သူများ - အကြံဥာဏ်ပေးစေလိုပါတယ် - အဖြစ်က ညီမတစ်
ယောက် အသတ်ခံရမှုပါ - သူ့အစ်မနဲ့ သူငယ်ချင်း တွေက ဖေးစ်ဘုတ် ပေါ်မှာပဲ
အော်နေကြရှာတယ်၊၊ ၂၂-၀၁-၂၀၁၄ နေ့စတေးတပ်စ်အရ ၉ လ နဲ့ ၂ ရက်ကြာ
ခဲ့ပြီလို့သိရတယ်၊၊ ၂၀-ဧပြီ -၂၀၁၃ (စနေနေ့မှာ) အသတ်ခံခဲ့ရပုံပါ၊၊

သေဆုံးသူနာမည်က မေသူသူဇော် - ၁၉ နှစ် - ဘ -ဦးဇော်ထွန်းလို့ သိရတယ်၊၊
-လှိုင်မြစ် ကနေ အလောင်းပြန်တွေ့တယ် - အင်းစိန်မှုခင်းဆရာဝန်နဲ့ ပေါင်းပြီး -
ရဲလက်မှတ်အတုလုပ်-- သတ်မှတ်ရက် ထက်စောစော သဂြိုလ်လိုက်တာပါ၊၊
သေဆုံးသူမှာ လက်ကျိုးထားတာကို ပြင်ပဒဏ်ရာ တစုံတရာမတွေ့လို့ မှုခင်းဆရာဝန်
ရဲဝင်းက မှတ် ချက်ရေးထားတယ်၊၊ တရား ရုံး က မိမိ ကိုယ်သတ်သေမှုလို့ပဲ ပြီးသွား
ခဲ့တယ်၊၊ သေဆုံးသူရဲ့  အစ်မက မယုံနိုင်ဘူး၊၊မတရားဘူးလို့ တထစ်ချ ယုံကြည်တယ်၊၊
သူ့စာမျက်နှာပေါ်မှာ လေ့လာကြည့်လို့ရတယ်၊၊

ကျုပ် စပ်စုလို့ရေးတာ မဟုတ်ဘူး၊၊ မတရားမှု ဖြစ်တဲ့ ကိစ္စကို မကျေနပ်လို့ပါ
Rule of Law ကို highlight လုပ်ချင်ပါတယ်၊၊ ဒီလိုကိစ္စတွေ မြန်မာပြည်မှာ
အများကြီးရှိတယ်၊၊ မတရားဘူးလို့ ခံစားရရင်

အမှုကို ပြန်လည်စိစစ် မပေးသင့်ဘူးလား၊၊ ??

သူ့အစ်မကိုယ်တိုင်က ဖေးစ်ဘုတ်မှာ ရေးပြီးသားမို့လို့ ထပ်ရေးကူတာ ဖြစ်ပါတယ်၊၊
ဘာလို့လဲဆိုတော့.... ဖေးစ်ဘုတ်ပေါ်မှာ နားလည်တဲ့သူတွေ ရှိမှာဖြစ်တာတစ်ကြောင်း၊
လူမသိတသိအမှုကို ဖုံးဖိခဲ့ပေမယ့် လူသိများသွားရင် ပြန်လည် သုံးသပ်ပေးလိမ့်မယ်
လို့ ယုံကြည်တာတစ်ကြောင်း...တရားမျှတဖို့တွက် မျှော်လင့်ချက် ရှိပါတယ်၊၊
တရားဥပဒေ ကျွမ်းကျင်သူတွေ အကူအညီ ပေးစေလိုပါတယ်၊၊
လမ်းကြောင်းပေးစေလိုပါတယ်၊၊

တစ်ခုပဲစိုးရိမ်ပါတယ်... သူ့အစ်မက ဒီလိုရေးနေတော့ သူအတွက် ကောင်းပါ့မလား
၊ ရန်သူက သူ့ကို ရန်မူနိုင်သလား စိုးရိမ်မိပါသည်၊၊

ဒါက သူ့အစ်မဖြစ်တယ်
https://www.facebook.com/khanmon.htwe

ဆက်စပ် မှတ်ချက် တချို့ 
https://www.facebook.com/nayyi.zan

ဒါက သက်သေစာရွက် တချို့ 
https://www.facebook.com/photo.php?fbid=434789139983739

ဆက်လက်ဖတ်ရှုရန်:

၁။ http://www.news-myanmar.com/2014/01/blog-post_1998.html
၂၊ http://www.news-myanmar.com/2014/01/blog-post_7089.html


From  Myanmar Model Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis