menu

Sunday 26 January 2014

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူများ လက်ပစ်ဗုံးပါ ယူဆောင်လာဟု စစ်ဆေးပေါ်ပေါက်

  မန္တလေး၊ ဇန်နဝါရီ ၂၅

မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု အောင်ချမ်းသာရပ်ကွက် အောင်ချမ်းသာ ဈေးအတွင်းရှိ ‘မီလျှံ’ ရွှေဆိုင်နှင့် ‘နဂါး’ ရွှေဆိုင်သို့ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဓားပြတိုက်သူများသည် သေနတ်သုံးလက်နှင့် လက်ပစ်ဗုံးပါ ရှိပြီး လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သူများ ဖြစ်ကြောင်း အခင်းဖြစ်စဉ် နေရာများတွင် စစ်ဆေးချက်အရ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် အနီးပတဝန်းကျင် သက်သေများကို ထပ်မံစစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်သူများမှာ ပစ္စတိုဟု ယူဆရသော လက်နက်သုံးလက် ကိုင်ဆောင်ထားခြင်း၊ တစ်ဦးတွင် လက်ပစ်ဗုံးပါ ရှိခြင်း၊ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်ခြင်း၊ ပစ်ခတ်မှု ထိရောက်ခြင်း၊ စနစ်တကျ ပြစ်မှုကျူးလွန်ခြင်းတို့ စစ်ဆေးပေါ်ပေါက်လာကြောင်း ၎င်းထံမှ သိရသည်။

မန္တလေးမြို့နှင့် မိုးကုတ်မြို့ရှိ ရွှေဆိုင်များတွင် လက်နက်ကိုင် ပစ္စည်းယူ၊ ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် ရွှေဆိုင်များတွင် CCTV ကင်မရာ တပ်ဆင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်အောင်က ပြောကြားသည်။



မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု အောင်ချမ်းသာရပ်ကွက် အောင်ချမ်းသာ ဈေးအတွင်းရှိ ‘မီလျှံ’ ရွှေဆိုင်နှင့် ‘နဂါး’ ရွှေဆိုင်သို့ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က CZL အမျိုးအစား ဆိုင်ကယ်သုံးစီးဖြင့် Mask အုပ်ထားသည့် လူခြောက်ဦးသည် ပစ္စတို လက်နက်များ ကိုင်ဆောင်ကာ ရွှေဆိုင်အတွင်း လူခွဲ ဝင်ရောက်ပြီး မှန်ကောင်တာများ ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ကာ လာရောက် ကြည့်ရှုသည့် ဈေးအတွင်းမှန်ဆိုင်မှ ဒန်းဗဟာဒူးကို သေနတ်ဖြင့် ပစ်မိသဖြင့် သေနတ်ထိမှန် သေဆုံးပြီး မီလျှံရွှေဆိုင်မှ ဆိုင်ပိုင်ရှင်၏ သမက်ဖြစ်သူ ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရသွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis