menu

Sunday 26 January 2014

လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်ကို ရောင်းချခံရပြီး တရားစွဲခံရသော မိသားစု အမှုမှန်ပေါ်ရန် လိုလားနေ




ရန်ကုန်၊ ဇန်နဝါရီ ၂၅။
ပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသော အမူကိုရင်ဆိုင်နေရခြင်းနှင့် လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်အား ရောင်းချခဲ့သော အမူတို့ကို တရားဥပဒေမှ အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် ပြန်လည်စိစစ်ပေးရန် မီထ္တီလာခရိုင် သာစည်မြို့နယ်၊ အမှတ်(၄)ကျောင်းကြီးရပ်ကွက်တွင် နေထိုင်သော ဒေါ်မြင့်မြင့်တင်မှ ဇန်နဝါရီ ၂၅ရက်က MJN ရုံး၌ ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်တင်က “ကျွန်မတို့အမွေဆိုင်အိမ်ကို လက်မှတ်အတု ထိုးပြီးတော့ ဦးဝင်းတိုးကို ရောင်းလိုက်တယ် လက်မှတ်အတုကို ဘယ်သူကထိုးလိုက်တာလည်းတော့ ကျွန်မတို့သေသေ ချာချာတော့ မသိဘူး ဒါပေမဲ့ လက်မှတ်က  ကျွန်မအဖေ ဦးဝင်းမောင်ကြည်ရဲ့လက်မှတ် မဟုတ်ဘူး အတုဖြစ်နေတယ် အဖေကလည်း အဲဒီလက်မှတ်ကို မထိုးဘူး ဒီအိမ်ရဲ့ဂရန်စာချုပ်ကိုလည်း ဦးဝင်းအောင်ကြည် ကိုင်ထားတာ အဖေသဘော မတူဘဲနဲ့ သူတစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ ရောင်းသွားတာပါ ကျွန်မတို့ကတော့ ဒီအိမ်ကို မရောင်းနိုင်ပါဘူး ရောင်းလိုက်မယ်ဆိုရင် ကျွန်မတို့မှာနေစရာအိမ် မရှိတော့ပါဘူး”ဟု ပြောသည်။

ယင်းအမွေဆိုင်အိမ်အား ၂၀၁၂ခုနှစ်က သိန်း(၁၃၀)ဖြင့် ဦးဝင်းအောင်ကြည်က ရောင်းချခဲ့ပြီး ပိုက်ဆံတဝက်ကို ယူဆောင်သွားသည်။ ဒေါ်မြင့်မြင့်တင်တို့မှာ ယခုအချိန်ထိ ပိုက်ဆံတဝက်အား ရရှိချင်း မရှိပေ။ ယင်းအမွေဆိုင်အိမ်ကို ၂၀၀၆ခုနှစ်တွင် ဦးဝင်းအောင်ကြည်က အမွေပုံစံခန့်ခွဲပေးစေလိုမူဖြင့် မိတ္ထီလာခရိုင် တရားရုံးသို့လျှောက်ထားစဉ် ခရိုင်တရားသူကြီး ဦးမျိုးတင့်မှ အိမ်ကို  ကျပ်သိန်း(၅၀)ဖြင့် ရောင်းချရန်၊ ဝိုင်းမြေအား အညီအမျှခွဲဝေရန် အမိန့်ချခဲ့ပြီး ဒီဂရီအား၊ တရားလို တရားပြိုင်နှစ်ဦးတို့မှ လက်ခံကြောင်း နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးပေးခဲ့ပြီးဖြစ်သော်လည်း သာစည်မြို့နယ် တရာသူကြီး ဒေါ်ခင်မွှေးမှ ခရိုင်ရုံးတော်မှ ချမှတ်သည့် ဒီဂရီသည် အမှုကြန့်ကြာမည်ဖြစ်၍ ခရိုင်ရုံးအမိန့်အား ပယ်ဖျက်ပြီး အိမ်နှင့်ဝိုင်းမြေအား ကြမ်းခင်းဈေး သိန်း(၁၂၀)ဖြင့် ရောင်းချရန် အမိန့်ချမှတ်ခဲ့သည်။
ယင်းအမိန့်ချမှတ်ခဲ့ရာကို ဦးဝင်းမောင်ကြည်က မသိရှိခဲ့ပေ။ ဆင့်စာလုလင်မှ ဦးဝင်းမောင်ကြည်၏ လက်မှတ်အတုရေးထိုး၌ လိမ်လည်ရောင်းချရာ လေလံမအောင်မြင်ဘဲ ကျပ်သိန်း(၁၃၀)မှသာ လေလံအောင်မြင်ခဲ့သည်။
၎င်းလက်မှတ်အတုထိုး လေလံတင်ရောင်းချခြင်းအား ကန့်ကွက်ခဲ့သော်လည်း ပယ်ချခံရပြီး ရောင်းချငွေအား ယနေ့အချိန်ထိ ဦးဝင်းမောင်ကြည်မှ မရရှိသေးကြောင်း သိရသည်။ ယခုအခါ ဦးဝင်းမောင်ကြည်အား ပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသည်။
ယင်းပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသော အမှုကိုလည်း တိုင်းတရားရုံးချုပ်မှ အဖြစ်မှန်ပေါ်ပေါက်စေ ရန်အတွက် စိစစ်ပေးရန် ဒေါ်မြင့်မြင့်တင်က လျှောက်ထား ထားသည်ကိုလည်း တွေ့ရသည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis