menu

Sunday 26 January 2014

ကိုယ့်ရဲ့ဖူးစာဖက်ကို အနုပညာလောကထဲက မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ မိုးယုစံ

ချစ်စဖွယ်အပြုံးလေးနဲ့ ပရိသတ်ကို ဖမ်းစားထားခဲ့သူလေး မိုးယုစံကတော့ ဖေဖော်ဝါရီလ ၁၄မှာ ကျရောက်မယ့် ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလို ဖွင့်ဟပါတယ်။ ‘နှစ်တိုင်းတော့ ကားရိုက်ပါပဲ။ ပရိသတ်တွေကတော့ လက်ဆောင်တွေပို့ပေးကြတယ။် ဒီနှစ်က သူများကိုလဲပေးဖို့မရှိဘူး။ ဒီနှစ်ရဲ့ ဖြတ်သန်းမှုကလဲ ရှုတင်နဲ့ပဲဆိုတော့ ထူးခြားမှုတော့မရှိပါဘူး’လို့ သူမက ပြောပါတယ်။ ဒါ့အပြင် အချစ်ရေးနဲ့ မင်္ဂလာသတင်းကိုလည်း သူမက ‘မိုးယုရဲ့ မင်္ဂလာသတင်းက အဝေးကြီးလိုပါသေးတယ။် ကိုယ့်အစ်မတွေရဲ့ မင်္ဂလာသတင်းကြားရတော့ ၀မ်းသာမိတယ်။ ချစ်တဲ့သူ အချင်းချင်းယူကြတယ်ဆိုတော့ ကိုယ်လဲအားကျပါတယ။် အချစ်ဆိုတာက အမြဲတမ်းကြီး အကောင်းပဲတော့ မသွားဘူး။ အချစ်ရေး ကံကောင်းမကောင်းဆိုတာ ကိုယ့်ရဲ့ ဖူးစာဖက်အပေါ်မှာလဲ မူတည်သေးတယ်။
ကိုယ်နဲ့ဖူးစာကံပါမဲ့သူက ဘယ်သူမှန်းမသိသေးတော့ ခုချိန်က အချစ်ရေးနဲ့ ပတ်သတ်ပြီး ဘာမှမရှိသေးဘူး။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ အပြင်ကပဲ ဖြစ်ဖြစ် ဒီထဲကဖြစ်ဖြစ် လူပဲလေ။ ကိုယ့်ဖူးစာကံပါမဲ့သူပေါ့။ ဒါပေမဲ့ညီမက အနုပညာ အလုပ်လုပ်တဲ့သူမို့လို့လား မသိဘူး။ ညီမရဲ့ဖူးစာဖက်ကို အနုပညာလောကထဲကလူ မဖြစ်စေချင်ပါဘူး။ အိမ်ကတော့ ဘာမှမပြောထားပါဘူး။ အခုထက်စာရင် အရင်တုန်းက အများကြီးချုပ်ချယ်တယ်။ ကိုယ်လဲစဉ်းစားတတ်တဲ့ အရွယ်ရောက်ပြီဆိုတော့ ညီမကိုစဉ်းစားခိုင်းပါတယ်’တဲ့။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis