menu

Saturday 18 January 2014

တစ်နေ့ အရောင်သုံးမျိုး ပြောင်းသော လိပ်ကလေး

Photo: တစ်နေ့ အရောင်သုံးမျိုး ပြောင်းသော လိပ်ကလေး

မကွေး ဇန်နဝါရီ ၁၇

မကွေးတိုင်း ဒေသကြီး မကွေးမြို့ ရန်နိုင်ရပ်ကွက်(၂၄)လမ်း ကိုလှထွေးအောင် နေအိမ်၌ ကျောကုန်းပေါ်တွင် စမအင်းကွက်များ မထင်မရှား တွေ့ရသော လိပ်တစ်ကောင် မွေးမြူထားကြောင်း သိရသည်။

အဆိုပါ လိပ်မျိုးမှာ တွေ့ရခဲ မြင်ရခဲပြီး ရှားပါးစာရင်းဝင် လိပ်မျိုးဖြစ်သည်။ အရွယ်အစားမှာ အချင်းသုံးလက်မခန့်သာ ရှိပြီး ဦးခေါင်းနှင့်ခြေလက် များမှာ ကျောက်စိမ်းရောင်ရှိသည်။ ဝမ်းဗိုက်၌ ရွှေဝါရောင်အကွက်များ တွေ့ရသည်။ လိပ်ပိုင်ရှင် ကိုလှထွေးအောင်က ''ဒီလိပ်ကိုတွေ့တာ တစ်လလောက် ရှိပြီ၊ ကျွန်တော် ကလေးထိန်းရင်း အိမ်ရှေ့က မြက်ခင်းထဲမှာတွေ့တာ၊ ဒါနဲ့အိမ်မှာ သေချာမွေးထားတယ်။ လိပ်စာကတော့ ကိတ်မုန့်၊ ထမင်း၊ ငုံးဥပြုတ်တို့ကို ချေပြီးကျွေးတယ်။ ထူးခြားတာက လိပ်ကျောကုန်း အရောင်က မနက်ပိုင်းမှာ အဖြူစင်းတွေ ပေါ်တယ်။ နေ့လယ်မှာ အညိုရောင် ပြောင်းသွားပြီး ညနေကျတော့ အနက်ရောင်ဖြစ်သွားတယ်။ ကျောကုန်းက အကွက်တွေထဲမှာ စမအင်းဆန်ဆန် စာလုံးတွေ့ရတယ်''ဟု ရှင်းပြသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မကွေးဒေသခံ ကုန်သည်ကြီးတစ်ဦးက ''ကျိုင်းတုံ၊ လားရှိုးဘက်မှာ တရုတ်သူဌေးအိမ်တွေမှာ ဒီလိုလိပ်မျိုးတွေကို ငါးအလှ မွေးသလို မွေးကြတာတွေ့ဖူးတယ်။ သူတို့ရဲ့ ဧည့်ခန်းဆောင်ထဲမှာ ထားရင် စီးပွားတိုးတက် ကြတယ်လို့ ယုံကြည်ကြတယ်''ဟု ရှင်းပြသည်။

http://www.myawady.net.mm/allnews/localnews/item/34779-2014-01-17-12-27-18

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis