menu

Saturday 18 January 2014

ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်က ကမ္ဘာ့လူသားအားလုံးရဲ့ အလေးချိန်နဲ့ တူညီ

တကယ်လို့ ခင်ဗျားအိမ်ကြမ်းပြင်မှာ အစားအစာတစ်ခုလောက် ပြုတ်ကျခဲ့ပြီး နောက်တစ်နာရီလောက်နေလို့  ပြန်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေ အုံခဲနေတာကို တွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ပုရွက်ဆိတ်တွေကို သိပ်ဂရုစိုက်ဖြစ်မယ်မထင်ပါဘူး။ သူတို့ ဟာ အရမ်းသေးငယ်တဲ့အကောင်လေးတွေ၊ အဆိပ်မရှိဘူး၊ ပြီးတော့ ကြောက်စရာလည်းမကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီအချက်ကို သိပါသလား။ ပုရွက်ဆိတ်တွေဟာ ကျွန်တော်တို့ လူသားတွေထက် အဆပေါင်းများစွာ ပိုများပြီး ကမ္ဘာပေါ်မှာ လူသားဦးရေတစ်ယောက်ဆို ပုရွက်ဆိတ်အကောင်ရေက တစ်သန်း ရှိပါတယ်။ ပုရွက်ဆိတ် အဆတစ်သန်း မှာမှ လူသားက တစ်ဆပါ။
နောက်ထပ်ထူးခြားတာတစ်ခုက ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအလေးချိန်ဟာ ပုံမှန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ အဆတစ်သန်းပုံ တစ်ပုံပဲ ရှိပါတယ်။ ဒီအတွက်ကြောင့် သချာင်္နည်းအရ ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်ဟာ လူသားအားလုံးရဲ့ အလေးချိန်နဲ့  ညီမျှပါတယ်။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် အကောင်အမျိုးအစားပေါင်း တစ်သောင်းကျော်ရှိပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ထဲက သူတို့ ဟာ အသက်ရှင်နေထိုင်လာခဲ့တာပါ။  လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော်က ရှေးဦးပုရွက်ဆိတ်မျိုးနွယ်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းအစေး တွေမှာ တွေ့ ရှိခဲ့ရပါတယ်။
ခေတ်တွေရွေ့ လျားလာတာနဲ့ အမျှ ပုရွက်ဆိတ်တွေဟာလည်း သူတို့ ရဲ့ ပုံစံ အနည်းငယ်ပြောင်းလာခဲ့ပြီး အသက်ရှင်နေထိုင်နည်းပုံစံတွေကို အောင်မြင်စွာ ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်။ တစ်ချို့  သိပ္ပံပညာရှင်တွေဟာ ပုရွက်ဆိတ်တွေ ဒီလို နှစ်သန်းပေါင်းများစွာ မျိုးဆက်မပျက်သုဉ်းဘဲ နေထိုင်နိုင်ခဲ့တာဟာ သူတို့ ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ အမူအကျင့်ကြောင့်လို့ ယူဆကြပါတယ်။ ပုရွက်ဆိတ်တွေဟာ အုပ်စုဖွဲ့  ပြီးသား နေထိုင်ကြပြီး ရှာဖွေတွေ့ ရှိလာတဲ့ အစားအသောက်တွေကို သူတို့ မျိုးနွယ်စုတွေနဲ့ အတူဝေမျှ စားသောက်ဖို့ ဘယ်နေရာကမဆို အသိုက်ကို ပြန်သယ်လေ့ရှိပါတယ်။

TREND MYANMAR

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis