menu

Saturday 18 January 2014

Roswell မြို့ရှိအလယ်တန်းကျောင်းတစ်ခုတွင် ၁၂အရွယ်ကောင်လေး တစ်ယောက်ကလက်နက်ကိုင်ဆောင်ပြီးအကြမ်းဖက်မှု ဖြစ်ပွား


အမေရိကန်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ New Mexico ဒေသရဲ့ Roswell မြို့ရှိ Berrendo အလယ်တန်းကျောင်းတွင် ဇန်န၀ါရီလ ၁၄ရက်နေ့ကအသက် ၁၂ နှစ်အရွယ်ရှိကျောင်းသားတစ်ယောက်က လက်နက်ကိုင်ဆောင်ကအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းအကြမ်းဖက်မှုကြောင့်ကျောင်းသားနှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဲဌာနက Staff Member တစ်ဦးရဲ့အ ကူအညီနဲ့အကြမ်းဖက်မှုကိုပြီး ဆုံးစေခဲ့ကြောင်းသိရသည်။ဒေသခံရဲအရာရှိတစ်ဦးဖြစ်တဲ့ Cassetas က “အကြမ်းဖက်ပစ်ခတ်မှု ဟာမနက် ၇နာရီခွဲမှာစတင်ခဲ့ပြီးယင်းကျောင်း သားလေးဟာ Shotgun ကိုကိုင်ဆောင်ထားဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဒါ့အပြင် New Mexico ဒေသရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ Susana Martinez က “အဆိုပါသတင်းကိုအသက်၁၄နှစ်နဲ့ ၁၂နှစ်ကြား ထဲမှာရှိတဲ့ကောင်လေး တစ်ယောက်က Texas ဆေးရုံမှာအသက်၁၁အရွက်ကောင်လေး တစ်ယောက်အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံတင်ထားကြောင်းနဲ့ကျောင်း တွင်အကြမ်းဖက်မှုဖြစ်ပွားနေကြောင်းဒေသခံရဲစခန်းသို့သတင်းပေး ခဲ့ခြင်းကြောင့်သိရခြင်းဖြစ်သည်” ဟုပြောခဲ့သည်။



ယင်းအကြမ်းဖက်မှုကိုအဆုံးသတ်ခဲ့တဲ့ ရဲဌာနနဲ့ဆက်စပ်နေတဲ့ Staff Member ကထိုကျောင်းကျောင်းသားတစ်ဦးရဲ့အဖေဖြစ်ပြီး သူရဲ့သားအသက်ကိုကယ်တင်ဖို့အတွက်စွန့်စားဝင်ရောက်ကအကြမ်း ဖက်ကျောင်းသားကိုဖမ်းဆီးခဲ့ခြင်းပဲဖြစ်ပါတယ်။

ယင်း ကျောင်းသားကကျောင်းသားတစ်ဦးကို ၂ချက်ပစ်ခဲ့ပြီးကျောင်း သူတစ်ဦးကိုတော့လက်မောင်းကိုပစ်ခဲ့ခြင်းဖြစ်ကာအဆိုပါကျောင်း ရဲ့၆တန်းကျောင်းသူတစ်ဦးဖြစ်သူ Anyssa Vegara က “ဘေးဘက်ကိုကြည့်လိုက်တဲ့အခါမှာလက်မောင်းကနေသွေးတွေစီးကျ နေတဲ့ကျောင်းသားတစ်ဦးကိုကြမ်းပြင်ပေါ်မှာတွေ့ခဲ့ကြောင်း“ ပြောခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့်ထိုကျောင်း ရဲ့ကျောင်းသား ကျောင်းသူများအကြား ထိတ်လန့်ခြောက်ခြားမှုများဖြစ်ပေါ်နေပြီး ဒေသခံအုပ်ချုပ်ရေးမှု ၊ ရဲများနဲ့မိဘများကနှစ်သိမ့်မှုပေးနေ ကြောင်းသိရသည်။

Tech Space Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis