အမျိုးသမီးအများစုဟာ အသက် ၅ဝ ကျော်ရင် သွေးဆုံးပါတယ်။ အီစတြိုဂျင်
ဟော်မုန်းလျော့နည်း လာတယ်။ သွေးဆုံးတာ အမျိုးသမီးတိုင်း ရှောင်လို့မရတဲ့
သဘာဝဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။
ရာသီဆုံး၊ စချိန်မှာချွေးပြန်၍
ပူနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့
နှလုံးရောဂါ၊အရိုးပွရောဂါတို့ ဖြစ်တတ်ပါတယ်။ချွေးပြန်၍ ပူနွေးခြင်းဆိုရာမှာ
ခန္ဓာကိုယ်တစ်လျှောက်မှာ အပူလှိုင်းဖြစ်နေပြီး ညဘက်ချွေးထွက်တတ်ကာ သွေးကြော
ကျယ်လာတဲ့အတွက် သွေးဖိအားထိန်းညှိ ဆေးဝါး ဗိုက်တာမင် အားဆေး၊
အိပ်ဆေးကျွေးရင် သက်သာမယ်။ ဒီဝေဒနာကို အသက် ၄၅ နှစ်မှ ၅၂ နှစ်အတွင်း
အမျိုးသမီးတွေ တွေ့ကြုံရစမြဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီဆုံးချိန်မှာ
စိတ်ပိုင်းဆိုင်ရာအရ စိတ်မအီမသာဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊
မှတ်ဥာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကို
တွဲလျက်တွေ့ရပြီး ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရတာမို့
အိပ်မပျော်တတ်ကြဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအနေနဲ့ ရင်သားတွေ
သေးငယ်သွားပြီး အဆီပြင်တစ်သျှူးများ ပြန်စုပ်ယူနိုင်တဲ့အတွက် ပုံသဏ္ဌာန်ပါ
ပြောင်းလာတယ်။ ဆီးကျိတ် မကြာခဏရောင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ တွေ့ရတယ်။
သွေးမဆုံးခင် အီစတြိုဂျင်ဟော်မုန်းဟာ နှလုံးရောဂါ မဖြစ်အောင်
ကာကွယ်ပေးတယ်။ သွေးဆုံးပြီးချိန် နောက်ပိုင်းမှာ အမျိုးသားများနည်းတူ
အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များလာတယ်။ သွေးဆုံးချိန်
နောက်ပိုင်းနှစ်တွေမှာ ရိုးထုထည်ဆုံးရှုံးမှုဟာ လျင်မြန်လာတယ်။ အရိုးအဆစ်
တောင့်တင်းခြင်း၊ ကိုက်ခဲခြင်းတွေ ဖြစ်တတ်တယ်။ အဓိက
အီစတြိုဂျင်ချို့တဲ့မှုကြောင့် အကြောတက်တယ်။ ဘေးထွက်ဆိုးကျိုးက
ကိုယ်အလေးချိန်တက်ခြင်း၊ ဝခြင်း၊ မူးဝေအော့အန်ခြင်း၊ သွေးခဲခြင်း အနည်းငယ်
မြင့်မားပြီး ရင်းသားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်။ ၂ နှစ်မှ ၅ နှစ်အထိ ကုရင်
ကောင်းကျိုးထက် ဆိုးကျိုးကပိုများတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများမှာ
ဖြစ်ပွားတတ်တဲ့ ရောဂါဟာ အီစတြိုဂျင်ခေါ် မဟော်မုန်း ပမာဏလျော့နည်းလာလို့
ဖြစ်ပါ တယ်။ ဟော်မုန်း ဆုံးရှုံးမှု ဖြည့်ဆည်းပေးမယ့် အစာတွေ
စားသောက်ဖို့လိုပါတယ်။ အစာကို ညီညွတ်မျှတအောင် စားတတ်ဖို့ အရေးကြီးတယ်။
အဲဒီလိုညီညွတ်မျှ တအောင် စားပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊
ချွေးထွက်လွယ်ခြင်းနဲ့ ပူနွေးနေခြင်းကို သက်သာစေပါတယ်။
ပဲပိစပ်၊
ပဲပိစပ်ကထုတ်တဲ့ အစားအစာ၊ ပဲနီလေး၊ ပဲခြောက်၊ မက်မန်းသီး၊ ပန်းသီး၊
ငှက်ပျောသီး၊ ချယ်ရီသီး၊ သင်္ဘောသီး၊ သလဲသီး၊ ယိုနဲ့သစ်သီးတွေစားရမယ်။
နှံစားသီးနှံ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ စမုန်နက်နဲ့ ပင်လယ်ရေမှော်တွေကို
စားသင့်ပါတယ်။ ကစီဓာတ်ပါတဲ့ အသီးအရွက်နဲ့သစ်သီး၊ နှံစားသီးနှံ၊ ပဲကို
အခြေခံတဲ့ အစားအစာတွေ မှန်မှန်စားသုံးပြီး သကြားဓာတ်ပါတဲ့ အစားအစာကို
လျှော့စားတာဟာ သွေးထဲကဂလူးကို့ ပမာဏကို ထိန်းညှိပေးပြီး
စိတ်ဖိစီးမှုနည်းစေတယ်။ မြေပဲဆီ၊ နှမ်းဆီ စတဲ့ မပြည့်ဝဆီတွေကိုသာ
စားသုံးရမယ်။ ပင်လယ်ငါးကို စားသုံးပေးရပါမယ်။
မြ၀တီ
No comments:
Post a Comment