menu

Saturday 11 January 2014

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းပေးခြင်းမရှိ လမ်းလျှောက်မေတ္တာပို့နေသောဆရာတော် ဆင်ပေါင်ဝဲမြို့နယ် သို့ရောက်ရှိ

030
အောင်လံ၊ ဇန်န၀ါရီ ၁၁။
နိုင်ငံအ၀ှမ်း အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက်ကာ မေတ္တာပို့ ဆုတောင်းနေသော ဆရာတော် ဦးရက္ခ၀ံသ သည် ဇန်န၀ါရီလ (၁၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။
“ ဦးဇင်းက (၅)ရက်နေ့ကတည်းကဂွေးပင်ကစထွက်လာတာ၊ ခြောက်ရက်ရှိပြီ ရခိုင်ပြည်နယ်ကျောက်တော်က မဟာမြတ်မုနိဘုရားကြီးကို ခဏ ၀င်ဖူးမယ်၊နောက် စစ်တွေမြို့ပေါ်က ဦးဥတ္တမ ပန်းခြံမှာ  ခရီးစဉ်ကို အဆုံး သတ် မှာပါ” ဟု ဆရာတော်ကပြောသည်။
ဆရာတော်၏ ခရီးစဉ်အတွင်းတွင် ကြီးမားသောနှောင့်ယှက်ဟန့်တားမှုများ မကြုံတွေ့ရသော်လည်း ဖြတ်သန်းခဲ့ ရာလမ်းတစ်လျှောက် မြို့ရွာများတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်းလည်း ဆရာတော်၏ ပြောကြားချက်အရ သိရသည်။
“ ဂွေးပင်ကနေ စထွက်လာတာ၊ ရေနံချောင်း စတဲ့ ဖြတ်လာခဲ့တဲ့မြို့တွေမှာ ပုဒ်မ(၁၈)နဲ့ တရားစွဲထားတယ်လို့ တော့ကြားတယ်၊ ခုထိ တရားဝင်လာပြောတာတော့ မရှိသေးဘူး” ဟု ဆရာတော်က ပြောသည်။

သမ္မတ၏နိုင်ငံခြားခရီးစဉ်အတွင်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည် ဟု ကတိပြု ပြောဆိုခဲ့သော်လည်း  ယခုချိန်အထိ နိုင်ငံရေး အကျဉ်းသား (၃၀)ကျော် ကျန်ရှိနေသေးသဖြင့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အစာငတ်ခံကာ လမ်းလျှောက်ရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
လက်ရှိအချိန်အထိ မကွေးတိုင်းဒေသကြီး သရက်အကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဥင်္းသားနှစ်ဦး ကျန်ရှိ နေသေးကြောင်းလည်း ဇန်န၀ါရီလ(၃)ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက်အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ကိုစန်းကိုဦး၏ ပြောပြချက်အရ သိရသည်။
လင်းသက်နိုင်
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis