menu

Saturday 11 January 2014

စီးပွားရေးတက္ကသိုလ်ပါမောက္ခတစ်ဦးအား မယူမနေရပင်စင်ဖြင့် ထုတ်ပယ်

0106 copy

ရန်ကုန်၊ ဇန်နဝါရီ ၁၁။
ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်တွင် ဆရာမ တစ်ဦးအား ဆရာမကျင့်ဝတ်နှင့် မညီဟုဆိုကာ ဆရာမအလုပ်ဖြစ်မှ ထုတ်ခဲ့ပြီး ယခုတွင်လည်း ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနမှ ပါမောက္ခတစ်ဦးအား နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၄၁ မယူမနေရ ပင်စင်ဖြင့် ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့က  သိရသည်။
ပထမ ကျောင်းဆရာမတစ်ဦးအား ၈၈ တက်ပွဲအား တက်ရောက်ခဲ့သည့်အတွက် အကြောင်းမဲ့ ထုတ်ပယ်ခဲ့ဖူးပြီး ယခုတွင်လဲ ၎င်းအား မည့်သည့်အကြောင်းပြချက်ဖြင့် မယူမနေရ ပင်စင်ပေးကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်းကို မသိရှိကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် စီးပွားရေး ပညာဌာနမှ (ဌာနမှူး) ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးက ပြောသည်။
“ကျွန်မဝန်ထမ်း တစ်လျှောက်လုံးမှာ နိုင်ငံ့ဝန်ထမ်းဥပဒေအရ ဌာနဆိုင်ရာ စစ်ဆေးမှု ရှေးဦးစုံစမ်းစစ်ဆေး မှုပြုလုပ်ခံရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မကို သမ္မတရုံးက နေပြီးတော့ အမိန့်ကြော်ငြာစာ ထွက်လာတော့မှ မယူမနေရပင်စင် ပေးခံခဲ့ရတယ်ဆိုတာကို သိတာပါ ” ဟု ဒေါ်ကျင်ဌေး က ဆိုသည်။
ပြည်ထောင်စုသမ္မတနိုင်ငံ ဝန်ထမ်းဥပဒေ ပုဒ်မ ၄၁ တွင် ဝန်ထမ်းတစ်ဦးသည် အပြစ်ရှိကြောင်း ပေါ်လွင် ထင်ရှားနေသည့် ကိစ္စတွင် ထင်ရှားနေပါက အဆိုပါဝန်ထမ်းအား စုံးစမ်းစစ်ဆေးခြင်းအား မပြုနိုင်ပဲ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်အားချမှတ်နိုင်သည်ဟုဆိုထားသည်။

စီးပွားရေးပညာဌာနမှ (ဌာနမှူး) ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား မယူမနေရ ပင်စင်ပေးရခြင်းမှာလည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရမှ ဦးတည်ဆောင်ရွှက်လျက်ရှိသော ကောင်းမွန်သောအစိုးရ သန့်ရှင်းသောအုပ်ချုပ်မှုဖြစ်ရန် ကြိုးစားနေချိန်တွင် အဆိုပါ လုပ်ငန်းများ၌ ဒေါ်ကျင်ဌေးသည် လိုက်ပါ ဆောင်ရွှက်နိုင်ခြင်း မရှိသောကြောင့် မယူမနေရ ပင်စင်ပေးခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန်မှ ပညာရေးဝန်ကြီးဌာနအား  မေးမြန်းရာတွင် ပြန်လည်ဖြေကြားထားသည်။
ပညာရေးဝန်ကြီးဌာနမှ ယခင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး၏ ဖြေကြားချက်တွင် “ဒေါက်တာဒေါ်ကျင် ဌေးသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်း ၊ ဌာနအတွင်းစိတ်ပါလက်ပါ မဆောင်ရွှက်နိုင် သည့်အပြင် ဆရာမတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့်အရေအခြင်းမရှိသောကြောင့် ပင်စင်ပေးရခြင်းဖြစ်ကြောင်း ” ပါရှိသည်။
ဥပဒေပုဒ်မ ၄၁ မယူမနေရ ပင်စင်ဖြင့် မတ်လ ၂၉ ၂၀၁၃ ခုနှစ်မှ စတင်မယူမနေရပင်စင် ပေးခဲ့ခြင်း ၎င်းမှာယခု အချိန်အထိ အလုပ်များနှင့် ပတ်သက်၍မည့်အလုပ်ကိုင်မှ လုပ်ကိုင်လို့မရကြောင်း ယင်းအတွက်ကြောင့် ပညာရေးဝန်ကြီးဌာနအား အလွန့်အလွန်သရေပျက် နစ်နာသူမှ ဥပဒေနှင့် ဆက်လက်ဆောင်ရွှက်သွားမည် ဖြစ်ကြောင်းသိရသည်။
နှင်းနွယ်
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis