menu

Saturday 1 February 2014

ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု ကုလထုတ်ပြန်ချက် ပြန်ရုပ်သိမ်း ရန် မောင်တော၊ ဘူးသီးတောင်တွင် ဆန္ဒပြမည်


ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ အသတ်ခံရသည်ဟု ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းရန် မောင်တောနှင့် ဘူးသီးတောင် မြို့တို့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲကို ဘူးသီးတောင်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး မောင်တောမြို့တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြမှုကို စီစဉ်သည့် ရခိုင် လူမှုကွန်ရက်မှ သိရှိရသည်။

ဆန္ဒပြရာတွင် ထုတ်ပြန်ချက် ပြန်ရုပ်သိမ်းရေး အပါအဝင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အဆိုပါ မြို့နယ်များမှ ခုနစ်ရက်အတွင်း ထွက်ခွာပေးရေး၊ ဒုချီးရားတန်း ဖြစ်စဉ် တွင် ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး ကိစ္စကို ဥပဒေအတိုင်း အမြန်ဆုံး ဖြေရှင်းပေးရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည် ဖော်ရေး၊ ရဲတပ်ဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရန် စသည့် အချက်များကို တောင်းဆို မည် ဖြစ်ကြောင်း မောင်တောမြို့ခံ ဦးခင်မောင်သန်းက ပြောကြားသည်။



“ဒုချီးရားတန်း ကိစ္စမှာ တစ်ဖက်သတ် ထုတ်ပြန်တာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတာ။ UN နဲ့ INGO တွေက ဒေသခံ တိုင်းရင်းသားတွေကို ဘာမှလုပ်မပေးဘဲ ဘင်္ဂါလီတွေကို အားပေးအား မြှောက်လုပ်နေတဲ့အတွက် ထွက်သွားဖို့ တောင်းဆိုတာ” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူ များကို ရွေးကောက်ပွဲ ဝင်ခွင့်၊ ဆန္ဒမဲပေးခွင့် မပြုကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်မီ အစိုးရ တရားဝင် ထုတ်ပြန်ပေးရန်၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန် ယူထားသည့် လုံခြုံရေး တပ်ဖွဲ့များကို ခေတ်မီလက်နက် တပ်ဆင်ပေးကာ အရေးပေါ် အခြေအနေတွင် အထက်အမိန့် စောင့်နေရန် မလိုဘဲ ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည် ဖော်ရန် အချက်သုံးချက်ဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းအစီစဉ်ကို ဦးဆောင်သူ ဒေါ်ညိုအေးက ပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမူနှင့် ပတ်သက်၍ ကုလသမဂ္ဂ ထုတ်ပြန်ရာတွင် ဒုချီးရားတန်း ကျေးရွာတွင် လုံခြုံရေးများနှင့် ရခိုင် တိုင်းရင်းသားများ တိုက်ခိုက်၍ ဘင်္ဂါလီ လေးဆယ်ခန့် သေဆုံးသဖြင့် ယင်းကိစ္စကို စုံစမ်း စစ်ဆေးပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis