menu

Saturday 1 February 2014

" သင်္ကြန်မတိုင်ခင် ဒုတိယတစ်ကိုယ်တော်ခွေ ထွက်ရှိမယ့် မိစန္ဒီ "

Photo: " သင်္ကြန်မတိုင်ခင် ဒုတိယတစ်ကိုယ်တော်ခွေ ထွက်ရှိမယ့် မိစန္ဒီ "

‘မိုနိုပိုလီ’ စီးရီးနဲ့ အောင်မြင်မှု ကိုရယူထား နိုင်ခဲ့တဲ့ အမျိုးသမီး ဟစ် ဟော့ပ်တေးသံရှင် မိ စန္ဒီကဒုတိယစီးရီးသစ် ‘ပစ်တိုင်းထောင်’ ကို အကောင် အ ထည် ဖော်နေ တာ ပြီးစီးလု နီးပါး ဖြစ်နေ ပြီလို့သိရပါတယ်။ 

“အခွေ က တော့ နည်းနည်း လောက်လိုပါ ဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ကြားထဲမှာ ပွင့် လင်းရာသီ ဖြစ်တဲ့အတွက် ပွဲတွေများ တယ်။ ကျောင်းက လည်း ဘွဲ့ယူရတော့မယ် ဆိုတော့ ကျောင်းအတွက် Theasis တွေပြီး အောင်လုပ်တာတို့၊ Assignment တွေ ပြီးအောင် လုပ်တာတို့နဲ့ ရှုပ်နေတဲ့အ တွက် အခွေလေးက နည်းနည်းရပ်နေ တယ်။ ဒါပေမဲ့ သင်္ကြန်မတိုင်ခင်တော့ ပရိ သတ်လက်ထဲကိုရောက်အောင် ကြိုးစား သွားမှာပါ” လို့ပြောပါတယ်။ 

၂ဝ၁၄ ခုနှစ်ကို   ရောက်ရှိလာပြီဖြစ်တဲ့အတွက် အသစ်အသစ် သော မြူးဇစ်ပုံစံ ပြောင်းလဲမှုတွေပေါ်မှာ  မိစန္ဒီအနေနဲ့လည်း ၂ဝ၁၃ ခုနှစ်က လုပ်ခဲ့တဲ့ မြူးဇစ်ပုံစံတွေနဲ့ ဘယ်လို တွေကွဲ ထွက်လာ မလဲဆိုတော့ “မိစန္ဒီက မျိုးစုံလုပ်ရတာကို ကြိုက်တယ်။ မိစန္ဒီက မိစန္ဒီပုံစံရှိတယ် ဆိုတာ မျိုးကို ငယ်ငယ်ကတည်းက မကြိုက်ဘူး။ မိစန္ဒီက မျိုးစုံလုပ်ချင်တယ်။ အဲဒီတော့ ပရိသတ်တွေလည်း အသစ်အဆန်းဖြစ် အောင် မိစန္ဒီတို့ ဆို  Hip Hop, R & B တွေဆိုနေတော့  Hip Hop, R & B လိုင်းထဲမှာ ခေတ်စားနေတဲ့ပုံစံ လေးတွေ ကို မိစန္ဒီ လည်းကြိုက် တယ်။ ပရိသတ်လည်း ကြိုက်တယ်။ အခု ခေတ် Current  လည်း ဖြစ် မယ့်ပုံစံ တွေကို ပြောင်းလဲ ပြီးတော့အစုံလုပ် သွားဖို့ အမြဲတမ်း စဉ်းစားနေပါ တယ်” လို့ မိစန္ဒီက ပြောပါတယ်။ 

Shwe FM  လေးနှစ် ပြည့်အခွေမှာ သီရိဆွေနဲ့အတူတွဲဆို ထားတဲ့ ‘မုန်းတဲ့အကြောင်း’ သီချင်း ကလည်း ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် အချစ်သီချင်းတွေရေးတဲ့အခါမှာ အနုပညာ မြောက်တဲ့စာသားတွေထွက်ပေါ်လာ လေ့ရှိသူ မိစန္ဒီက

 “အဲဒါက သီချင်း အပေါ်မှာပဲ ခံစားပြီးေ ရးလိုက်တာပါ။ မသီရိဆွေ ဆိုတဲ့အပိုဒ်က ကိုဝေလ ရေးတယ်။ သူရေးတဲ့ Melody  လေး ရယ်၊ Chorus လေးရယ်ကလည်း တော်တော်ကောင်းနေတယ်။ အဲဒီအ ပေါ် မှာလိုက်ပြီးတော့ ကိုယ့်ခံစားမှု နဲ့အတူ လိုက်ပြီးတော့ ရေးလိုက် တာပါ။ မိစန္ဒီခံစားချက်တွေစုထားတာ လည်းပါတာပေါ့။ပရိသတ်တွေ  အား ပေးတယ်ဆိုတာ ကြားရတဲ့ အတွက် လည်းကျေးဇူးတင်ပါတယ်”လို့ပြော ပါတယ်။ ပြည်ပဖျော် ဖြေပွဲအနေနဲ့ မတ်လအတွင်း တောင်ကိုရီးယား နိုင်ငံ၊ဆိုးလ်မြို့မှာသွားရောက် ဖျော်ဖြေ ဖို့ရှိကြောင်း သိရပါတယ်။

မျိုးမောင်

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis