menu

Saturday 1 February 2014

AK-47ကိုင်၊ ၄နှစ်သား အငယ်တန်းဂျီဟာ့ဒ်လေး


“Allaha Akbar” “အလာ အ့ခ်ဘား” လို့ နှစ်ကြိမ်အော်ဖို့အတွက် ၄နှစ်သား ကလေးငယ်လေးဟာ AK-47ကို ကိုင်ပြီး ကျည်နှစ်တောင့် ပစ်လွှတ်လိုက်တဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။
“အလာ အ့ခ်ဘား” ဆိုတာကတော့ “ဘုရားသခင်ဟာ အကြီးကျယ် အမြင့်မြတ်ဆုံး။” လို့ အဓိပ္ပါယ်ရတဲ့ စကားစု တစ်ရပ်ပါ။
သေနတ်ကိုင်ဖို့ဆို အကောင်တော်တော်လေး သေးတဲ့ ဒီကောင်လေးဟာ လမ်းပိတ်ဘလော့ခ်တုံးရဲ့ အကူအညီနဲ့ AK-47ကို တင်ပြီး ပစ်ခဲ့ရပါတယ်။

ဒီလိုမျိုး အထိတ်တလန့်ဖြစ်စရာ ဗီဒီယိုဖိုင်ကို ဆီးရီးယား ပြည်တွင်းစစ်တိုက်နေတဲ့ ဂျီဟာ့ဒ်အုပ်စု တစ်စုက ဖြန့်ဝေခဲ့တာပါ။

နောက်ထပ်ပုံတွေလည်း အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းရှိ ကလေးတွေ အနက်ရောင် စကီး မျက်နှာဖုံးတွေ စွပ်ပြီး တိုက်ခိုက်ရေးလေ့ကျင့်နေတာကို တွေ့ရပါတယ်။



Ref: dailymail.co.uk
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis