menu

Saturday 23 November 2013

မင်္ဂလာဆောင်တွင် ဂန်းနန်းစတိုင် အကဖြင့် ပျော်မြူးနေစဉ် သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက် အောင်ပွဲခံရာမှ အနည်းဆုံး သုံးဦးသေဆုံး

article-2512007-1996769200000578-523_636x338

 ယီမန်မှ မင်္ဂလာဆောင်တစ်ခုတွင် သက်ဆိုင်သူများက တောင်ကိုရီးယား ပေါ့ပ်အဆိုတော် PSY ၏ ဂန်းနန်းစတိုင်အကဖြင့် ပျော်မြူးနေချိန်တွင် လက်နက်များ ပါလာသည့် ဧည့်သည်အချို့က အေကေ-၄၇ ဖြင့် လေထဲသို့ သေနတ်ပစ်ဖောက် အောက်ပွဲခံရန် ကြိုးပမ်းရာမှ အနည်းဆုံး သုံးဦးသေဆုံးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်သည့် အခိုက်တွင် တစ်ယောက်သည် သူ၏သေနတ်ကို မထိန်းနိုင်တော့ပဲ ကပွဲအတွင်းမှ လူအုပ်ထဲသို့ ဝှေ့ယမ်းမိလိုက်သဖြင့် ယခုကဲ့သို့ သွေးမြေကျခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို  Liveleak မှ ထုတ်လွှင့်ပြသခဲ့သည်။ ရေကူးကန်အနီး သွေးအိုင်ထဲလဲနေသူ၊ ကျည်ဆန်ထိမှန်ပြီး လူးလှိမ့်နေသူကို ဆွဲယူရွေ့ပြောင်းနေပုံများနှင့် မင်္ဂလာပွဲညတွင် အထိတ်တလန့် အော်ဟစ်သံများ လွှမ်းမိုးသွားသည့် ဗီဒီယိုဖိုင်များ ဖြစ်သဖြင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်ပေ။
ယီမန်မှ နယ်မြေအများစုတွင် ယခုကဲ့သို့ တရားမ၀င် သေနတ်ကိုင်ဆောင်မှုများ ရှိနေသည်မှာ မထူးဆန်းတော့သော ကိစ္စပင် ဖြစ်နေခဲ့သည်။ လက်နက်ကိုင်များက မင်္ဂလာပွဲအပါအ၀င် အခြားသော အခမ်းအနားများတွင် အောင်ပွဲခံသည့် အနေဖြင့် သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်သည်မှာလည်း အလေ့အထတစ်ခုလို ဖြစ်လာခဲ့သည်။ ယခုဖြစ်ရပ်အတွက် သေနတ်သမားကို ဖမ်းဆီးမှုရှိ မရှိ အတိအကျ ဖော်ပြထားခြင်း မရှိပါ။
Ref: Daily Mail
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis