menu

Saturday 23 November 2013

ကျောင်းဆရာမနှင့်စာရေးမအား ပြည်သူ့စစ်ခေါင်းဆောင်က ရိုက်နှက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃။

ရှမ်းပြည်နယ်၊ နမ်းစန်မြို့ တိုင်းကောင်းလွယ်ယင်ကျေးရွာတွင်
နိုဝင်ဘာ ၂၁ရက် ညနေ ၃နာရီက ကျောင်းဆရာမနှင့် စာရေးမ
နှစ်ဦးအား ပြည်သူ့စစ်ခေါင်းဆောင်က သေနက်ဖြင့် ရိုက်နှက်မှု
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့တွင်ေ နထိုင်သော အလယ်တန်းပြ ဆရာမ
ဒေါ်လှမျိုးသွယ်နှင့် ကျောင်းစာရေးမ ဒေါ်နန်နွမ်ဟွမ်
တို့သည် ၎င်းတို့တာဝန်ကျ တိုင်း ကောင်း လွယ်ယင်ေ
ကျေးရွာ စာသင်ကျောင်းမှ နမ်စန်မြို့သို့ ဆိုင်ကယ်ဖြင့်
အပြန် ပအိုဝ့်ပြည်သူ့စစ်ခေါင်းဆောင် အိမ်ရှေ့အရောက် ပအိုဝ့် ပြည်သူ့စစ်ခေါင်းဆောင်၏မြေးမှ ဖြတ်ပြေးရာ ဆိုင်ကယ်ဖြင့်ပွတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဆိုင်ကယ်ဖြင့်ပွတ်မိသောကြောင့် ပအိုဝ်ပြည်သူ့စစ်
ခေါင်းဆောင်မှ ဆရာနှစ်ဦးအား ဆိုင်ကယ် ဦးထုပ်ချွတ်ကာ
သေနတ်ဒင်ဖြင့် ထုရိုက် မှုကြောင့် နှစ်ဦးစလုံးဦးခေါင်းပေါက်ကာ
နမ့်စန်ပြည်သူ့ဆေးရုံကြီးတွင် နှစ်ချက်ချုပ်ခဲ့ရကြောင်း ကာယကံ
ရှင်နှင့် နီးစပ်သူက ပြောကြားသည်။

"ဆရာမဒေါ်လှမျိုးသွယ် ယောင်္ကျားက နမ့်စန်ရဲစခန်းက
ဒုရဲအုပ်ပါ။ ဘယ်သူက အဲဒီ့လိုဖြစ်တာ ကျေနပ်မှာလဲ။
အထက်ကို မလွန်ဆန်နိုင်လို့ ပါ”ဟု ကာယကံရှင်နှင့် နီးစပ်သူများက ပြောကြားသည်။



ယင်းသို့ ဖြစ်ပွားပြီး နိုဝင်ဘာ ၁၂ရက် ည ၁၁နာရီတွင် ပအိုဝ်ပြည်သူ့စစ်ခေါင်းဆောင်ဘက်မှ တောင်းပန်မှုနှင့် စခန်းမှူး၏ ပြောကြားချက်အရ ဆရာမနှစ်ဦးမှ ကျေအေး
ကြောင်း လက်မှတ်ထိုးပေးရကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

ရေးသားသူ- ကြည်ပြာ
People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis