နေပြည်တော်၊ နိုဝင်ဘာ ၂၂
၂၁-၁၁-၂၀၁၃ ရက်နေ့ ၁၇၄၀ ချိန် မွန်ပြည်နယ်၊
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ စစ်တောင်းတံတားဟောင်း၊
ဒုတိယတံတားကုန်းအနီး၊ ပေ(၇၀၀)ခန့်အကွာတွင် သိမ်ဇရပ်မှရန်ကုန်သို့
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းနေ
ကိုကို(၄၇)နှစ်မောင်းနှင်ပြီး ယာဉ်၏ ဦးခေါင်းပိုင်းတွင်
ဝိုင်ယာလက်မီးနီတပ်ဆင်ထားသည့် ၉ဂ/xxxx Toyota Harrier ယာဉ်သည် ပဲခူးတိုင်း
ဒေသကြီး၊ ဝေါမြို့နယ်၊ ကျောက်ညှပ်ကျေးရွာနေ
မဝေေ၀စိုး(၂၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ
မကေခိုင်ဦး(၁၅)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်အား နောက်မှ
ဝင်ရောက်တိုက်မိခဲ့သည်။
အခင်းဖြစ်နေရာသို့
သိမ်ဇရပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မဝေေ၀စိုးတွင်
ဝဲ/ယာတံတောင်/ ယာနဖူး/ခြေထောက်/ပုခုံးပွန်းပဲ့ဒဏ်ရာနှင့် မကေခိုင်ဦးတွင်
ဦးခေါင်းနောက်စေ့ဖူးရောင်၊ ၀ဲတံတောင်
ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းတွေ့ရှိရသဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့
တင်ပို့ကုသခဲ့ပြီး ကိုကိုအား စစ်မေးခဲ့ရာ ကိုကိုမှ ၎င်းသည်
ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံရေးနှင့်ထောက်လှမ်းရေးဌာနမှ ရဲမှူး(၁)ဦး
ဖြစ်ကြောင်းပြောဆိုသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ်
အယောင်ဆောင်ပြောဆိုခဲ့ ကြောင်းနှင့် ၀ါယာလက်မီးနီအား
ယာဉ်တွင်အယောင်ဆောင်တပ်ဆင်သုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့်
ကိုကိုအား သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇
ဖြင့်လည်းကောင်း၊ (ပ)၁၉၅/၁၃၊ ပြစ်မှုပုဒ်မ ၁၄၀/၁၇၀ ဖြင့်လည်းကောင်း
အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment