menu

Saturday 23 November 2013

မှန်မှန်ကန်ကန်တန်းစီပါ၊ ကြားမဖြတ်ပါနှင့် ဤဈေးတွင် အယုတ်အလတ် အမြတ်မရွေး မှတ်ပုံတင်မလိုဘဲ… သာတူညီမျှ ပေးပါသည်


အချိန်မှာ ညနေ ၄ နာရီခွဲခန့်သာ ရှိသေးသည်။ နေရောင်မပျောက် သေးသည့်အပြင် နေအရှိန်လည်း ကျန်သေးသည်မို့ အပူဓာတ်ရှိနေချိန် လည်း ဖြစ်သည်။ ထို့ပြင် လမ်းနှင့် မလိုက် ဖက်လှအောင် ချထားသည့် စပီကာ ဘောက်များအတွင်းက မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း စသည့် မြူးကောင်း၊ ကကောင်းမည့် သီချင်းများ မနားမနေ ထွက်ပေါ်နေပြန် သည်။ ထိုစပီကာနှင့် ကပ်လျက်အနေအ ထားတွင်တော့ ဝါးလုံးသုံးလေးငါးလုံးဖြင့် လူတစ်ကိုယ်စာအနေအထား အရွယ်နှင့် မတ်တတ်ရပ်ရန် လွယ်ကူ မည့်ပုံသဏ္ဌာန် ပြုလုပ်ထားသည်ကိုလည်း တွေ့ရပြန် သည်။ ထိုဝါးလုံးအတန်းထဲ၌ မည်သည့် အရာများ ရှိနေမည်နည်း။ သင်တွေးဆ ကြည့်နိုင်သည်။ အဖြေကို ဆိုရလျှင် ၎င်းဝါးလုံးတန်းအတွင်း၌ ”လူသား” များစွာ မညီမညာရပ်နေကြသည်။ အသေးစိတ်ထပ်ကြည့်မည်ဆိုပါက အဆိုပါ ဝါးလုံးအကာအရံထဲတွင် ပျိုပျို အိုအို လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး အစုံစုံသော လူများ ထိုင်လျက်တစ်ဖုံ၊ ရပ်လျက်တစ်သွယ် မြင် တွေ့နိုင်လေသည်။ ထိုနေရာသည် ရန် ကုန်မြို့လယ်နှင့် အနည်းငယ်လှမ်းသည့် လူနေထူ ထပ်သော မြို့နယ်တစ်ခုအတွင်း၌ ရှိနေခြင်းဖြစ်ပြီး ၎င်းမြင်ကွင်းနှင့် မလှမ်းမကမ်းရှိ လမ်းသွယ်တစ်ခုတွင်လည်း အတန်းလိုက်တည်ရှိနေသည့် လူများကို တွေ့မြင်နိုင်မည်။ လူတန်းကြီး ၏ ဘေး၌ လည်း စပီကာဘောက်မဲမဲကြီးများ ချထား သည်ကို အထက်ပါပုံစံအတိုင်း တွေ့နိုင် သည်။ ယင်းစပီကာအတွင်းမှ သီချင်းသံများက တစ်ဖက်နှင့် တစ်ဖက် အပြိုင်ဆူညံ ကောင်းတုန်းလည်း ဖြစ်သည်။ထိုအချိန်အထိ အဆိုပါမြင်ကွင်းများ လှုပ်ရှားမှု သိပ်မတွေ့ရသေး။ တန်းစီရပ်နေသည့် လူများကြားမှ ကလေးငယ်များ ကမူ လူများတန်းစီထားသည့် အပြင်ဘက်သို့ ထွက်သူထွက်၊ ကစားသူကစား သာဖြစ်ပြီး လူကြီးလူရွယ်များက ဇွဲ ကောင်းစွာ ရပ်နေကြတုန်းပင် ဖြစ်သည်။
အသက် ၄ဝ နီးပါး ရှိပြီဖြစ်သည့်   ‘ဒေါ်ငွေ’ က အနည်းငယ် ‘ဝ’ သည့် အတွက် ဝါးလုံးတန်းအတွင်း ကြာကြာ မရပ်နိုင်ဘဲ ဆောင့်ကြောင့်ထိုင်ချလိုက် သည်။ သို့သော် ထိုင်နေသည့်အတွက် ထမီတိုတိုအောက်မှ ခြေသလုံးပေါ်သို့ ခြင်ကိုက်ခံရကာ ယခင်နေပူ၍ မိုးထား သည့်စာအုပ်ဖြင့် ဝှေ့ယမ်းခတ်လိုက်သည်။ ပါးစပ်မှလည်း နေပူ၍ အိုက် လာသည့် အကြောင်းအနည်းငယ် ညည်းတွားပြီး အ ချိန်အတိအကျ မသိသော်လည်း တစ်နာရီ နီးပါးခန့် ယင်းဝါးလုံးတန်းအတွင်းရောက် ရှိနေခြင်းဖြစ်ကြောင်း ‘ဒေါ်ငွေ’က ဆို သည်။ သို့ သော် စကားကြာကြာမပြောနိုင်။ စပီကာမှ ”ကတ် စဝေပါပြီ” ဟူ၍ ထွက် လာသည့်အသံကြောင့် ‘ဒေါ်ငွေ’ ကဲ့သို့ ထိုင်နေသည့် လူတချို့ ရုတ်ချည်းမတ် တတ်ရပ်လိုက်ကာ လူအများက ‘ဟေး’ ‘ဝါး’ စသည်ဖြင့် သူ့ထက်ငါ စတင် တိုး ကျိတ်ကြတော့သည်။

အလှူအိမ်သို့ ကြွကြပါဗျို့
”ဤတွင် မြန်မာတို့၏ နိဗ္ဗာန်ဈေး ပွဲတော်ကြီး” တရိပ်ရိပ် စတင်လေတော့သည်။
ထိုအချိန်ကို မိုးပျံပူဖောင်းများ လှပ စွာချိတ်ဆွဲထားသည့် ဖဲကြိုးစအား ကတ် ကြေးဖြင့်ညှပ်၍ စတင်ဖွင့်လှစ်ပါပြီဟု ကြေညာခြင်း မပြုသော်လည်း စပီကာအ တွင်းမှ ထွက်လာသည့်အသံနှင့်ပင် ဆူညံ စွာဖွင့်လှစ်လိုက်သည်။ ထို့အပြင် ပွဲတော်လာသူများက လက်ခုပ်သြဘာ ချီးမြှင့်ခြင်း မပြုကြသော်လည်း ထိုပွဲတော်ကို အသိ အ မှတ်ပြုမှုအား သူ့ထက်ငါပြသလေသည်။ လူအတန်း တရွေ့ရွေ့ စတင်လှုပ်ရှားသည့် အတွက် ‘ဒေါ်ငွေ’ အရင်လို ငြိမ်သက်မနေ တော့။ ထဘီကို ယခင်ဝတ် သည်ထက် ပို ကျစ်အောင်ဝတ်ရင်း စလွယ်သိုင်းလွယ် ထားသည့် လွယ်အိတ်ကို ရှေ့သို့ပို့လိုက် သည်။ ထိုလွယ်အိတ်အတွင်းတွင်တော့ ပစ္စည်းဟူ၍ မည်မည်ရရပါမလာ။ လွယ် အိတ်ထဲ၌ မည်သည်တို့ ပါလာသည်ကိုမူ ဒေါ်ငွေက”ဒီမှာကြည့်လေ ကြွပ်ကြွပ် အိတ်တွေ အကြီးတစ်လုံး၊ အလတ်တစ်လုံး” ဟူ၍ ကြေမွစွာ လုံးထားသည့် ကြွပ်ကြွပ်အိတ် များကို ထုတ်ပြသည်။ ထို့ နောက် အိတ်နှစ်လုံးကို လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်ရင်း ”ခု ဒီအိတ်တွေ မလိုသေးဘူး။ ပစ္စည်းရဖို့အတွက် တိုးဖို့က နောက်တစ်ခေါက် အဲဒီပ စ္စည်းအတွက် ပေးတဲ့ကတ် အရင်တိုးရဦးမယ်” ဟု ရယ် ကျဲကျဲဖြင့် ဆိုသည်။
ဝတ်ဆင်ထားသည့် ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ စတုရန်းပုံသဏ္ဌာန် ကတ် ပြား အသေးသုံးလေးငါးခုကို ထုတ်ပြပြီး ”ခုနက ဟိုဘက်လမ်းသွားတိုးထားတာ” ဟုဆိုသည်။ စကားပြောရင်း ရှေ့မှ တန်းစီသည့် လူများ တဖြည်းဖြည်းနည်းလာပြီး ‘ဒေါ် ငွေ’ အလှည့်ရောက်လာသည်။ အတန်း၏ ထိပ်ဆုံးအရောက်တွင်တော့ အမျိုးသား တစ်ဦးက ကြွပ်ကြွပ်အိတ်တစ်လုံးကိုင်ထားသည်ကို တွေ့ရပြီး အိတ်အတွင်းမှ ခုန ကဲ့သို့ပင် စက္ကူကတ်ပြား တစ်ကတ်ကို ဒေါ်ငွေလက်ထဲသို့ ထည့်လိုက်သည်။ ထို ကတ်ကို ရှပ် အင်္ကျီအိတ်ကပ်အတွင်း ထပ်ထည့်ရင်း တန်းစီခဲ့ရသည့် ဝါးလုံးတန်း အပြင်ကို ထွက်လိုက်သည်။ ထို့နောက် ခြေလှမ်းများက ခပ်နှေးနှေး မဟုတ်တော့ ဘဲ အရှိန် တင် လိုက်ပြီး တန်းစီသည့်လူများ နှင့် လားရာပြောင်းပြန်ဘက်သို့ မျက်နှာ မူကာ အပြေးသွားသည်။ ပါးစပ်မှလည်း ”နောက်တစ်ခေါက် ထပ်တန်းစီလိုက်ဦး မယ်” ဟူ၍ ရယ်ေ မာပြောသွားပြန်သည်။
”နောက်တစ်ခေါက် ထပ်တန်းစီ လို့ရပါတယ်”
”တိုးတဲ့သူအချင်းချင်း ကိုယ်ချင်း စာကြပါဗျာ”
”ကတ်တစ်ကတ် ရဖို့ဆိုတာ မလွယ် ပါဘူး။ ဒါပေမဲ့ ရပြီးတဲ့သူတွေအနေနဲ့ ထပ်လိုချင်တယ်ဆို နောက်က ပြန်တန်း စီပါ” စသည့် စကားများစွာကို လက် ကိုင် လော်စပီကာငယ်မှ ကိုစိုးဦး(အမည်လွှဲ) က မရပ်မနားပြောနေသော်လည်း နိဗ္ဗာန် ဈေး တိုးနေသူများ လိုက်နာသည်၊မလိုက် နာသည်ကိုတော့ သူ အတင်း အ ကျပ် မကိုင်တွယ်။ သူ့အနေနှင့် စည်းကမ်း တကျတန်းစီကြရန် နှိုးဆော်နေရခြင်းသာ ဖြစ်သည်ဟုဆိုသည်။ နိဗ္ဗာန်ဈေးပွဲတော် အတွင်း ပစ္စည်းလှူဒါန်း သည့်အထဲ မပါ ဝင်သော် လည်း ၎င်း၏လမ်းအတွင်း၌ ပြုလုပ်မည့် နိဗ္ဗာန်ဈေးအတွက် တစ်တပ် တစ်အား ပါဝင်ကူညီနေခြင်းဖြစ်ကြောင်း ကိုစိုးဦးက ပြောသည်။
”ကြားကဖြတ်ပြီး ပြန်ပြန်တိုးကြမှာ စိုးလို့ပါ။ မရသေးတဲ့သူတွေလည်း အစုံရ သွားအောင်လို့ လိုက်အော်ပေးနေရတာ” ဟု ကိုစိုးဦးအနေနှင့် အော်လံငယ်ကိုကိုင် ရင်း တန်းစီနေသည့် လူတန်းဘေးအစ အဆုံး လျှောက်နေရသည်။ ထို့ပြင် လမ်း လျှောက်ရင်းစကားပြောကာ တစ်ခါတစ်ရံ ကြားဖြတ်ဝင်သည့် လူများကို တွေ့ပါ က အော် လံဖြင့် လှမ်းအော်ရင်းနောက်သို့ပြန် သွားခိုင်းရသည်မို့ သူ့အတွက် အလုပ်က မျက်စိရော၊ ပါးစပ်ပါ အနားမနေရကြောင်း သူကဆိုသည်။
”အရမ်းကာရော ပြောဆိုလို့ မရဘူး လေ။ ဒါ အလှူအတန်း လုပ်နေတာ မဟုတ်လား။ ကုသိုလ်လုပ်ပြီး အကုသိုလ် လည်း အဖြစ်မခံနိုင်ဘူး” ဟု ၎င်းက ပြောပြီး ယင်းအတွက်မေတ္တာရပ်ခံသည့် ပုံစံဖြင့်သာ ထိန်းကျောင်းပြောဆိုရသည် ဟုလည်း ဆိုသည်။ သို့သော် လမ်းအတွင်း ပြည့်နှက်နေသည့် လူအုပ်မှာမူ လူးလား ခေါက်ပြန်တိုးဝှေ့ရင်း တန်းစီကောင်းတုန်း ဖြစ်ပြီး ကြားဖြတ်ဝင်၍ တန်းစီသူများက လည်း မကြာမကြာဆိုသလိုပင် တွေ့ရ တုန်းဖြစ်သည်။
စေတနာပြိုင်တဲ့ လတန်ဆောင်တိုင်
‘နိဗ္ဗာန်ဈေး’တွင် လှူဒါန်းကြသူများ က စီစဉ်ကြသည့် ပုံစံချင်းတော့ မတူ။ အချို့မှာတန်ဆောင်မုန်းလမတိုင်မီ ယခင် လများအတွင်းကပင် ‘နိဗ္ဗာန်ဈေး’ တွင် လှူဒါန်းရန် ကြို တင်စုဆောင်းတတ်ကြ သော်လည်း အချို့ကမူ ‘နိဗ္ဗာန်ဈေး’ ပြု လုပ်မည့် ရက်အတွင်းမှပင် နိုင်သရွေ့ စွမ်းသရွေ့ လှူဒါန်းကြသည်လည်းရှိသည်။ သို့သော် မည်သို့ ပင် ဆိုဆို ထိုအရာသည် မြန်မာတို့၏ ချစ်ဖွယ်ကောင်းလှသည့်      ‘အလှူဒါန’ စိတ်ဓာတ်များပင် ဖြစ်သည်။
”ဒါဟာ ကမ္ဘာမှာမရှိတဲ့ မြန်မာ့ယဉ် ကျေးမှုတစ်ရပ်ပဲ” ထိုသို့ပြောကြားသူကား သရုပ်ဆောင်တစ်ဦးဖြစ်သည့် အကယ်ဒမီ ခန့်စည်သူ။ ၎င်းအနေနှင့်လည်း အလှူ ဒါနနှင့် ပတ်သက်၍ နိုင်ငံတော်မှ ချီးမြှင့် သည့် ဘွဲ့ထူး ဂုဏ်ထူးများစွာ ရရှိထား သူဖြစ်ပြီး ‘နိဗ္ဗာန်ဈေး’ များပြုလုပ်ကြသည် က ဘာသာရေးအရ ကုသိုလ်ရသည့်အပြင် လူမျိုးရေး အရလည်း ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်ပြီး ယခုအချိန်ထိ လက်ဆင့် ကမ်းထိန်းသိမ်းလာသည့်အတွက် ဂုဏ်ယူ ဖွယ်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ၎င်းက ထပ် လောင်းပြော သည်။လူငယ်တစ်ဦးလည်းဖြစ်ပြီး ‘နိဗ္ဗာန် ဈေး’တွင် လေးငါးနှစ်နီးပါး ပါဝင်လှူဒါန်း သည့် ကွန်ပျူတာသိပ္ပံ မာစတာကျောင်းသူ မနန်းနန်းက ”အဲဒီလို အလှူလုပ်ရတာ သဘောကျတယ်။ ကိုယ့်အလှူကိုလာပြီး စားတဲ့သူကို မြင်ရင် ပျော်တယ်၊ ကျေနပ် တယ်” ဟု ဆိုသည်။
တစ်နိုင်တစ်ပိုင်ဒါနနှင့် ခုပေးခုရ နိဗ္ဗာန်ဈေး
‘နိဗ္ဗာန်ဈေး’အတွင်း အလှူပေးသည့် ပစ္စည်းများက ဈေးအလွန်တရာမြင့်မား လာသည့် အရာများမဟုတ်ကြ။ ထိုအရာ များက အခြေခံစားသော ကုန်များ ဖြစ် သည့် ခေါက် ဆွဲခြောက်၊ ဘီစကွတ်၊ ကော်ဖီမစ် ထုပ်ငယ်များ၊ အအေးဘူးများ စသော   ‘နိဗ္ဗာန်ဈေး’ လာသူများအတွက် အသုံးတည့်မည့် ပစ္စည်းများ ကိုလှူ မည့်သူ တတ် နိုင် သရွေ့သာ ပေးကြခြင်းဖြစ်သည်။ မည်မျှလှူဒါန်းရမည်ဟူသည့် ကန့်သတ် ချက်မရှိခြင်းကပင် ‘နိဗ္ဗာန်ဈေး’ ပွဲတော် တွင် ပါဝင်ရန် လက်မရွံ့စေခြင်း လည်း ဖြစ် မည်ဟု ထင်မိသည်။
”ဆန်လှူတဲ့သူတွေ များရင်တော့ အဆင်ပြေတာပေါ့။ နှစ်ရက်လောက် တော့ စားစရိတ်ကာမိတယ်” ဟု လှိုင်သာ ယာမြို့နယ်မှ မမြင့်မြင့်နွယ်က နိဗ္ဗာန်ဈေး တိုး၍ ရလာ မည့်ပစ္စည်းများအပေါ် ကြို တင်တွေး၍ ပြောသည်။ သို့သော် မည် သည့်အရာများ ရမည်ဆိုခြင်းက ကံ တရားပေါ်တွင်သာ မူတည်ပြီး ထိုရက်အ တွင်း နေထိုင်ရာရပ်ကွက်မှ ဘတ်စ်ကား စီး၍ မိသားစုအလိုက် စည်ကားရာနေရာ ဖြစ်သည့် ရန်ကင်း၊ လသာ၊ ၁၅ လမ်း ဘက်များသို့ သွားကြသည်ဟု ၎င်းက ဆို သည်။ ‘နိဗ္ဗာန်ဈေး’ ကို နေရာ စုံလျှောက်၍ တိုးနေခြင်းက တစ်ရက်တာ ဝမ်းရေးအ ဆင်ပြေသည့်အပြင် အထက်ပါကဲ့သို့ ဖန် တီးပေးသည့် ‘နိဗ္ဗာန်ဈေး’များနှင့်ကြုံလျှင် နှစ်ရက် သုံးရက် အစားအတွက် ပူပင်စရာလည်းမလိုကြောင်း သူကပြောသည်။
ထို့ပြင် သူ့ကဲ့သို့ ရပ်ကွက်တွင်းမှ လူများမှာလည်း နေရာစုံကို ယခုကဲ့သို့ ပင် သွားတိုးတတ်ကြသည်ဟု သိရသည်။ ထို့အတွက် ကားခအနေနှင့် တစ်ထောင် ကျော်နီးပါးခန့် ကုန်ကျသည်။ ‘နိဗ္ဗာန်ဈေး သည်’ မပြေလည်ကြသည့် စားဝတ်နေရေး ကို ခဏတာဖြေရှင်းရာ နေရာဖြစ်ပြီး မမြင့်မြင့်နွယ်ကဲ့သို့ အိမ်ရှင်မတစ်ဦးအ တွက်တော့ ဒီ့ထက်ပို သည့် ခံစားမှုများ လည်း ရှိနေပြန်သည်။
”အရင်ရက်တွေက အိမ်မှာပဲ ဒီလို ရက်မျိုးလေးမှ အပြင်ထွက်လည်ရတာ လေ။ အပြင်ထွက်ရတဲ့အပြင် စားရေး သောက်ရေးလည်း အဆင်ပြေတယ်” ဟု သူ့စကားက သာ မန် အိမ်ရှင်မတစ်ဦး၏ မွန်းကျပ်သည့် စိတ်ခံစားမှုများပေါ်လွင် နေပြီး ထိုခံစားမှုများ ဖြေဖျောက်နိုင်ရန် အပြင်ထွက်ခွင့်ရခြင်းနှင့် အပြင်ထွက်နေ ခြင်းကြောင့် အိမ်၏ စား ရေးသောက်ရေး ပါ မထိခိုက်ဘဲ နေ့ဖို့ ညစာပင် ပြန်ပါလာ တတ်ခြင်းက ‘နိဗ္ဗာန်ဈေး’၏ ကောင်းမှုဟု သူမက ဆိုသည်။ ထို့ကြောင့် ‘နိဗ္ဗာန်ဈေး’ သည် အိမ်ရှင်မ များနှင့် ကလေးများအ တွက် အထူးတလည် ပြုလုပ်ပေးသည့် ပျော်ပွဲရွှင်ပွဲမျိုးအဖြစ်လည်း အဓိပ္ပာယ် သက်ရောက်နေတော့သည်။
နိဗ္ဗာန်ဈေးတွင် ငွေကြေးတတ်နိုင်မှု အပေါ်မူတည်၍ လှူဒါန်းသည့်ပစ္စည်းများ ကွာခြားသွားသော်လည်း အနှစ်သာရကား အတူတူပင်ဖြစ်သည်။ တီဗီ၊ ရေခဲသေတ္တာ၊ ပန်ကာ မှစ၍ ကျောက်ကျော၊ သကြားလုံး လှူသူများအထိရှိပြီး လှူသည့်အရာပေါ် မူတည်ကာ အမည်နာမ ခွဲခြားခြင်းမျိုး မဟုတ်။ အားလုံးသည် မြန်မာတို့၏ ရိုးရာ ‘နိဗ္ဗာန်ဈေး’ ခေါင်းစဉ်အောက်၌ပင် ဖြစ် သည်။ အလှူရှင်တိုင်းတွင် ရှိသည်က ပီတိ၊ စေတနာ ဖြစ်ပြီး အလှူခံလာသည့် သူတိုင်းတွင်မူ ပျော်ရွှင်မှုရှိနေသည်။ အလှူရှင်များ ရသည်က ကုသိုလ်ဖြစ်ပြီး အလှူခံများတွင် ဖြစ်လာသည်က ၎င်းကုသိုလ်အပေါ် အသိအမှတ်ပြုမှုသာ ဖြစ် သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၈-ရပ်ကွက်၊ သစ္စာလမ်းအတွင်း ‘နိဗ္ဗာန်ဈေး’ အတွက် တိုကင်ကတ် စောင့်ဆိုင်းနေသူများက လမ်းဆုံးသည်အထိ လူများ မဆုံးသေး ကြောင်း မြင် ရသည်။ လူတစ်ဦးနှင့်တစ်ဦး တွန်းရင်းဝှေ့ရင်း တန်းစီသော်လည်း ခိုက် ရန်ဖြစ်ပွားခြင်းတော့ မရှိကြ။ သို့သော် ဤနေရာတွင် တန်းစီနေကြသည့် လူအ များက တိုကင်ပေး မည် ဆိုသည့်အချိန် ထက် တစ်နာရီ နှစ်နာရီနီးပါး ဝီရိယရှိရှိ တန်းစီနေကြခြင်းဖြစ်သည်။ လူတန်းကြီး က ၎င်းလမ်းရှိ ”သံသရာ ခရီးသည် နာရေး ကူညီမှုမိသားစု(အခမဲ့)” မှ ပေးဝေ မည့် ဆန်အတွက် အချိန်ကို ဂရုမပြုဘဲ တိုးဝှေ့စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။ ကတ်ပေးပြီ ဆိုသည်နှင့် ကလေးလူကြီး တိုးဝှေ့ ယူကြပြီး ထပ်တလဲလဲ တန်းစီကြ သည်။ ကတ်ဝေပေးသည့်အချိန် နာရီဝက် ပင် မကြာလိုက်ရ။ ဝေပေးမည့်ကတ်များ တက်တက်စင်အောင် ပြောင်သွားတော့ သည်။ အဆိုပါ သံသရာ နာရေးကူညီမှု မိသားစုအနေနှင့် ဆန်အိတ်ပေါင်း ၁၂ အိတ်ကို လူတစ်ဦးလျှင် နို့ဆီဘူး ၃ လုံး ခွဲဝေပေးခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် နှစ်သိန်း ငါးသောင်းခန့် ရှိကြောင်း ၎င်း အသင်းဥက္ကဋ္ဌ ဦးသူရဝင်းက ပြောသည်။ ထိုသို့ လှူဒါန်းခြင်းမှာလည်း သုံးကြိမ် မြောက်ပင်ရှိပြီဟူ၍လည်းဆိုသည်။ ယင်း နာရေးကူညီမှု ရုံးခန်းအရှေ့တွင် ဒန်အိုး များ၊ ခုံများပေါ်တွင် ဆန်အထုပ်ငယ် ပေါင်းများစွာ တင်ထားပြီး ညနေ ၆ နာရီ တွင် ကတ်ရထားသူများကို ဝေပေးသွား မည်ဟု သိရ သည်။ လှူဒါန်းရာတွင် လူ တစ်ဦးကို မည်မျှဟူ၍ ကန့်သတ်မထား။ ကတ်တန်းစီစဉ် တိုးနိုင်သမျှ ကတ်ရသမျှ ကိုသာ ပေးမည်ဖြစ်သည်။ ကတ်တစ်ကတ် လျှင် ဆန်တစ် ထုပ်နှုန်းဖြစ်ပြီး ယခုနှစ် အတွက် ဆန် အထုပ် ၇ဝဝ နီးပါး ထုပ်ပိုး ထားသည်ဟု ဦးသူရဝင်းက ပြောသည်။
”လူ ၇ဝဝ တော့ရချင်မှရမယ်။ ကျွန် တော်တို့က ပြန်တိုးခွင့် ပြုထားတာကိုး” ဟု ၎င်းကဆိုသည်။ အသံက လူများကတ် တိုးစဉ် စနစ်တကျဖြစ်စေရန် လိုက်လံ အော်ထားရ သည့်အတွက် ကောင်းစွာ မထွက်တော့။ သို့သော် ဦးသူရဝင်းနှင့် တကွ အသင်းရှိ ဝန်ထမ်းများ မျက်နှာတွင် အပျော်များနှင့်ဖြစ်ပြီး ဗဟန်းနှင့် ဒဂုံ တက္ကသိုလ်ဝင်းရှိ ရုံးခွဲများမှ ဝန်ထမ်းများရောက်လာနိုင်မည့် အချိန် ၆ နာရီခွဲ ခန့်မှသာ တပျော်တပါး စတင်ဝေပေးမည် ဖြစ်ကြောင်း ဆိုသည်။ ကတ်ကုန်သွား သော်လည်း ဆန်ပေးမည်ဟု သိထားနှင့် ကြသည့်အတွက် ရပ်ကွက်အတွင်းနှင့် အခြားနီးစပ်ရာ ရပ်ကွက်များက ၎င်းတို့ရှိရာ မဏ္ဍပ်လေးအတွင်းသို့ လာချောင်းနေဆဲ ဖြစ်သည်။ တစ်ယောက်အစ တစ်ရာအဆုံး တပြုံးပြုံးလှိုင်သာယာမြို့နယ် ညောင်ရွာမှ မသူဇာဝင်းက ၎င်းအနေနှင့် ကလေး ခေါ်၍ ဘုရင့်နောင်ကဲ့သို့ ရပ်ကွက်မျိုး များရှိ ‘နိဗ္ဗာန်ဈေး’ ကို တကူးတက သွား တိုးတတ်ကြောင်း ပြောပြသည်။ ၎င်းရပ်ကွက်များတွင် နိဗ္ဗာန်ဈေးပွဲတော် လှူ သည်က တိုကင်စနစ်မရှိဘဲ ဦးသူ၊ တိုး နိုင်မည့်သူ ကို ပေးလိုက်ခြင်း လည်း ဖြစ် သည်ဟု ဆိုသည်။ ‘နိဗ္ဗာန်ဈေး’ တိုးရန်သွားသည့်အချိန်က ညနေ ၅ နာရီမှသာ စတင်ခြင်းဖြစ်ပြီး ပြန်ချိန်မှာ ‘ဈေးပွဲတော်’ မသိမ်းမချင်းအထိသာဖြစ်ကြောင်း မသူဇာဝင်းက ရယ်ရယ်မောမောပြောပြသည်။
ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ် ရှင်မတစ်ဦးဖြစ်သည့် ဒေါ်ဆွေကမူ အိမ်နားတွင်လုပ်သည့် ‘နိဗ္ဗာန်ဈေး’ လောက်သာဝင်တိုးနိုင်ပြီး အနည်းငယ်လှမ်း သည့် နေရာများ ကိုမူ ၎င်း၏သား ငယ်နှစ်ဦးဖြစ် သည့် ၆ နှစ်နှင့် ၁ဝ နှစ် အရွယ်ကလေး နှစ်ဦးသာ သွားတတ်ကြကြောင်း ပြောသည်။ ဒေါ်ဆွေက စကားပြောစဉ် အိမ် ပြန်လာ သည့် ခြော က်နှစ်အရွယ် သားငယ်၏ခေါင်းကို ဆတ်ခနဲပုတ်ရင်း ”သူက တော့အလည်လေး၊ မုန့်တွေဆို အများကြီးပဲ သူပြန်လာရင်လေ” ဟု ပြောကာ သူမ၏သားငယ် ကိုမေးဆတ်၍ ‘ဟုတ်လားသား’ ဟု ထပ်မေးလိုက်သည်။
”ဒီလိုအလှူလေးတွေက အဒေါ်တို့ အတွက် ထမင်းစရိတ် တစ်ရက်စာသက် သာတာပေါ့” ဟု ဒေါ်ဆွေ့ စကားသံတွင် ထိုအလှူမှရသည့်အပေါ် နှစ်ရှည်လများ တပ်မက်လို သည့်မျှော်လင့်ချက်ကို မတွေ့ ရ။ ‘နိဗ္ဗာန်ဈေး’သည် ဘာသာရေး အယူ အဆအရ ကုသိုလ်ရေးဖြစ်သော်လည်း လူမှုရေး အယူအဆ အရ ဆေးမြီး တိုမျှသာ ဖြစ် သည်။ အလှူဒါနဟုဆိုရာတွင် တစ်နည်း ဆိုရလျှင် လှူလိုသည့် ဒါနစိတ်နှင့်သာ သက်ဆိုင်မည် ဖြစ်သည်။
တာမွေမြို့နယ်မှကိုပြည့်စုံက ”ကျွန် တော်တို့က လူငယ်တွေချည်းပဲ နိဗ္ဗာန် ဈေးတော့ မဟုတ်ဘူး။ အဲဒီထိပ်နားမှာ ဆီးပြီး အအေးအလကားတိုက်တာ” ဟု လူငယ်များ စုပေါင်း၍ အလှူ ပြုသည်ကို ဂုဏ်ယူရင်း ပြောပြသည်။ သူနှင့်အတူ သူငယ်ချင်းလူငယ်များ၏ အတွေးက သေးသေးကြီးကြီးနှင့်မဆိုင်၊ လှူတတ်ဖို့ ရန်နှင့် စိတ်ထား တတ်ဖို့ ရန်ပင် ဖြစ်သည် ဟုဆိုသည်။ ကိုပြည့်စုံအပါအဝင် မိန်းက လေးသူငယ်ချင်း နှစ်ဦးက ဒန်ဖလားအ တွင်းမှ ဖျော်ရည်ကို လက်မလည်အောင် ခပ်ထည့်နေရပြီး ကျန်သည့် လူငယ်နှစ်ဦး ကလည်း လမ်းမှ ဖြတ်သန်းသွားသူများနှင့် နိဗ္ဗာန်ဈေး တိုးပြီးသူများ၊ တိုးမည့်သူများ ကို လက်လှမ်းပြရင်း ”အအေးလေး သုံး ဆောင် သွားပါဦး လားခင်ဗျာ ကုသိုလ်ပါ” ဟူ၍ပြောနေခြင်းက ကြည်နူးဖွယ်ရာ ဖြစ် သည်။
ဒါနဈေးဆိုသော်လည်း လောဘက မကင်းသည်ဖြစ်၍
‘နိဗ္ဗာန်ဈေး’ သည် လှူသည့်အလှူ ရှင်များအတွက် အခမ်းအနားမရှိ။ စင် မြင့်မရှိ။ မိမိတို့နေထိုင်ရာအိမ်၊ ဆိုင်၊ လမ်းရှေ့များတွင် စားပွဲတစ်လုံး နှစ်လုံး ခန့် ဖြန့်ခင်း၍ လှူ မည့်ပစ္စည်းများ စုပြုံ တင်ထားခြင်းသာ ဖြစ်သည်။ ထို့ပြင် ခုံရှေ့တွင် ပစ္စည်းလာထုတ်မည့် သူများ မြင်သာစေရန် နံပါတ်ကတ်ပြား ကို မြင် မြင်သာ သာ ရေးကပ် ထားပြန်သည်။ ဤသို့ဖြင့် ‘နိဗ္ဗာန်ဈေး’ စပြီဆိုလျှင် ကတ် ပြားဖြင့်သာ ထုတ်သူ ပစ္စည်းပေးလှူရုံပင်။ လုပ်ငန်းစဉ်ကား အင်မတန်ရိုးရှင်းသည်။ သတ်မှတ်ထားသည့် အလှူ ပစ္စည်းကုန် လျှင် ခုံသိမ်း။ အိမ်ထဲပြန်ဝင်ရုံနှင့် အလှူ ထမြောက်ပြီး ဆုံးပြီဖြစ်သည်။ သို့သော် နှစ်များကာလများ ပြောင်းလာသည်နှင့် အမျှ ထိုကဲ့သို့ သိပ်မရိုး စင်းတော့။
ငွေကြေးတတ်နိုင်သူများက အသံ ချဲစက်များ သူ့ထက်ငါ အပြိုင်အဆိုင် ငှား ကြသည်။ ပစ္စည်းပေးရန် နေရာကိုလည်း အလှူမဏ္ဍပ်သဖွယ် ပြင်ဆင်လာတတ်ကြ သည်။ ထို့ပြင် အလှူပစ္စည်းကုန်သွားသော် လည်း လှူချင်စိတ် ရှိနေသေးသည်ဆိုပါ က နီးစပ်ရာဆိုင်များမှ တတ်နိုင်သမျှ ထပ်မံ ဝယ်ယူလှူဒါန်း တတ်လာကြသည်။ ‘နိဗ္ဗာန်ဈေး’ ကား တစ်ပိုင်တစ်နိုင် ကုသိုလ် ဖြစ်သော်လည်း တတ်နိုင်သူများက အ နည်းငယ် အနားကွပ်လာကြသည်။ ဤ တွင် အလှူရှင်သာမက အလှူခံတို့လည်း တစ်စ စ ပြောင်း လဲလာချေသည်။ ပါဆယ် များ၊ ကယ်ရီများနှင့် ဖြစ်ကုန်သည်။ တစ်ခါတစ်ရံ ကတ်ဝေသူနှင့် ရင်းနှီးပါက အများထက် နှစ်ကတ်သုံးကတ်ပင် ပိုရ တတ်လာကြ သည်။ ယခင်ထက်ပို၍ တိုး တိုးဝှေ့ဝှေ့ ရှိလာကြသည်။ တွန်းတွန်း တိုက်တိုက်လည်း ဖြစ်လာကြသည်။ မရ သေးသူများအတွက် နေရာ မပေးချင်သေး ဘဲ ရပြီးသူများက ၎င်းတို့ မိသားစုများအ တွက် ပိုပြီးထပ်တလဲလဲ ရစေချင်လာ ကြပြန်သည်။ သံသရာခရီးသည် နာရေး ကူညီမှုမိသားစုမှ ဆန်လှူဒါန်းရေးတွင် ပါဝင်သည့် အဖွဲ့ဝင်တစ်ဦးက ထိုအချက် အပေါ် ၎င်းအမြင်ကို တိုတိုနှင့်လိုရင်း ပြောသည်။ ”လောဘပေါ့”
ခေတ်မီမီ အစီအစဉ်တကျ
ထိုသို့သော အခြေအနေများနှင့် ဖရိုဖရဲ ပုံသဏ္ဌာန်နိဗ္ဗာန်ဈေးတန်းစီမှု များ ပိုမိုစနစ်ကျရန် ကတ်စနစ်ကို ပြောင်း လိုက်ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကတ် တစ်ကတ်နှုန်း ပုံစံကြောင့် လူစုံတက်စုံ အလှူပေးသည့်ပစ္စည်းများ ရနိုင်ကြောင်း သာကေတမြို့နယ် ရတနာပုံလမ်း၏ နိဗ္ဗာန်ဈေးစီစဉ်သည့် တာဝန်ရှိသူ ဦးဘ မြင့် (အမည်လွှဲ) က ပြောသည်။ ထို့အပြင် ကတ်စနစ်နှင့်သာမက နိဗ္ဗာန်ဈေးတိုးသူ များ၏ စိတ်ဓာတ်ပိုင်းကိုပါ ပြင်ဆင်ပေး ရန်လိုကြောင်း ¤င်းက ထပ်ပြောသည်။ သို့သော် ‘နိဗ္ဗာန်ဈေး’ တိုးသူများအတွက် စားစရာနှင့် အထားခံပစ္စည်းများ ပြီးလျှင် အလိုချင်ဆုံးဆန္ဒတို့လည်း ရှိ သေးသည်။ ထိုအရာက ‘နိဗ္ဗာန်ဈေး’တန်းအားလုံးတွင် ဝင်ရောက် မတိုးသူ များလည်း ပါဝင်စေ ချင်၍ဖြစ်သည်။
ဤကား ”ကံစမ်းမဲ” မြန် မာတွင်သာမက ကမ္ဘာပေါ်၌ပါ လူတို့မျှော် လင့်သည့် ကံတရား၏ မျက်နှာသာပေး ခြင်းတစ်ခုသို့မဟုတ် ”ကံစမ်းမဲ”ဖြစ်နေ သည်။ ကံစမ်းမဲ” အစီအစဉ်များကို ယခု နောက်ပိုင်း နိဗ္ဗာန်ဈေးများတွင် တွင်တွင် ကျယ်ကျယ် ထည့်သွင်းလာကြပြီး နိဗ္ဗာန် ဈေးတန်းတိုးသူများ အစောဆုံးနှင့် ဇွဲ၊ ဝီရိယရှိရှိ စောင့်စားတတ် သည့် နေရာ တစ်ခုဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ တောင်ဒဂုံမြို့နယ်အတွင်းရှိ နိဗ္ဗာန်ဈေး ပွဲတစ်ခုတွင် ရတနာရွှေဆိုင်တစ်ဆိုင်မှ ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပနေပြီး နိဗ္ဗာန်ဈေး တိုးမည့်သူများ ကိုပေးရန် ပစ္စည်းကား အမြင့်ဆုံး ၂၁ လက်မတီဗီဖြစ်နေသည်။ စောင့်ဆိုင်းသူ များကို ကတ်ပြားပေး တန်းစီရခိုင်းခြင်း မဟုတ်။ ”ကံစမ်းမဲ” ကို ကိုယ်တိုင်ကိုယ်ကျ နှိုက်ယူရခြင်းလည်း ဖြစ်သည်။ ချက်ချင်း အနေနှင့် ဤအစီအစဉ်မျိုးတွင် ကလေး များ ပါဝင်ခိုင်းလေ့ သိပ်မရှိသည်ကို လည်း တွေ့ရ သည်။ သို့သော်လည်း တန်းစီသူ များအထဲတွင် ကလေးများစွာ တွေ့နေနိုင် သည်။ အဘယ့်ကြောင့်ဆိုသော် ကလေး များ၏ မိဘအပါအဝင် အဖိုး၊ အဘွား၊ အစ်ကို၊ အစ်မကလည်း ကံစမ်း မဲနှိုက် ပေးရန် ကြိုတင်လာရောက် စောင့်ဆိုင်း နေခြင်းကြောင့် ဖြစ်သည်။
ရွှေပြည်သာမြို့နယ်မှ ဆိုက်ကား ဆရာ ကိုဝင်းဇော်က ”မုန့်ပဲသရေစာ နိဗ္ဗာန်ဈေးမျိုးတော့ မိန်းမနဲ့ ကလေးသွား တယ်။ ကံစမ်းမဲနှိုက်ဖို့ တန်းစီတဲ့နေရာ မျိုးဆိုရင်တော့ ကျွန်တော် သွားတယ်” ဟု ဆိုသည်။  ကံစမ်းမဲဖောက်ရာတွင် ငွေ သားပိုက်ဆံများ ထည့်သွင်းဖောက်ပေး ခြင်းလည်း ရှိပြီး ၎င်းအနေနှင့်တော့ တစ်နှစ်မှ မပေါက်ဖူးကြောင်း ရယ်ရယ် မောမော ပြောပြသည်။
‘နိဗ္ဗာန်ဈေး’ တန်းစီသူများထဲတွင် ‘ကံစမ်းမဲ’ ဖောက်မည့်နေရာကို စိတ်မဝင် စားသူဟူ၍ မရှိ။ ထိုသူတို့သည် တစ်ဖက် ခြမ်းတွင် တိုးရင်း လက်စသတ်မရသည့် အချိန်မျိုး တွင်သာ ‘ကံစမ်းမဲ’ ဖောက်ရာ ဘက်သို့ တိုးမလာနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်။ သို့သော် စိတ်ပြတ်သည်ဟူ၍ တော့မရှိ။ ကံစမ်းမဲပစ္စည်းများ ကုန်သွား သည့်တိုင် မဲဖောက် ရာစင်ပေါ်သို့ မျှော် ကြည့်တတ်လေ့ ရှိကြသည်။
ပဲခူးနယ်မှ ရန်ကုန်သို့တက်ကာ အလုပ်လုပ်နေသည့် မမီမီက ၎င်းတို့ နယ် တွင် ယင်းသို့ ကံစမ်းမဲဖောက်ပေးသည့် အချိန်၌ကံစမ်းမဲ ပေါက်ခဲ့ဖူးပြီး ကံစမ်း မဲပေါက် သည့်နေ ရာတွင်ပင် ရှက်လည်း ရှက်ခဲ့ကြောင်း ၎င်းအဖြစ်ကို တွေးရင်း ရယ်လိုဟန်ဖြင့် ပြောပြသည်။
”အင်္ကျီပေါက်တယ်ဆိုလို့ ပြေးသွား တာ။ ပြီးမှ စွပ်ကျယ်ကြီး။ စင်ပေါ်ကလူက ခုဝတ်သွားမလားညီမဆိုလို့ ရှက်ပြီးထွက် ပြေးခဲ့တာလေ” ဟူ၍ဖြစ်သည်။ ‘နိဗ္ဗာန်ဈေး’ တိုးကြသူများအထဲတွင် အထက်ပါကဲ့သို့ မျှော်လင့်ချက် တစ်စိတ် တစ်ဒေသဖြင့် တိုးသူများ ပါသော်လည်း အချို့မှာကား အပျော် သဘောသက်သက် သာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ် သည့် ကိုထက်ဝေလွင်အနေနှင့် နိဗ္ဗာန်ဈေးကို အပျော်တိုးခြင်းသာဖြစ်ပြီး မိမိ နှင့်မလိုက်သည့် ဂျယ်လီ၊ သကြားလုံး၊ ဘီစကစ်စသည့် ကလေးမုန့်များ ရတတ် သည်ဟု ဆိုသည်။ ထို့ပြင် မိသားစုလိုက် ဝင်ရောက်တိုးကြသည့် အဆင်မပြေသော လူတန်းစားတချို့ကိုလည်း ‘နိဗ္ဗာန်ဈေး’ အတွင်းမြင်ဖူးပြီး ယင်း အပေါ်သို့ မည် သို့မျှ မဝေဖန်လိုကြောင်း ပြောသည်။ ”လှူတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကျေနပ်သင့်ပါတယ်။ ကုသိုလ်အလှူပဲ ဖြစ်ရမယ်လေ” ဟု ကိုထက်ဝေလွင်က ဆိုသည်။
သင့်တင့်လျောက်ပတ်စွာ နှလုံး သွင်းတတ်ခြင်းသည်လည်းကောင်း
တစ်ခါတစ်ရံ အလှူရှင်အနေနှင့် လိုတာထက် ပိုလျှံနေသည့် အလှူခံများ မြင်ရသည်က စေတနာပွားနိုင်သကဲ့သို့ ပို၍ပို၍ စည်းစနစ်မဲ့ကာ အတ္တများသည့် အလှူခံ များ တွေ့လာရသည်က လည်း အနည်းငယ်တော့ စိတ်အနှောင့် အယှက် ဖြစ်စေနိုင်သည် မဟုတ်ပါလား။ သို့သော် အလှူအတန်းပြုနေသည့်အချိန် ဖြစ်သည့် အတွက် မုဒိ တာပွားလိုက်ရသော်လည်း လူတို့၏ စရိုက်ကိုမူ သိသာစွာမြင်လာရ ကြောင်း သာကေတမြို့နယ်၌ နေထိုင်ပြီး ယခုနှစ် နိဗ္ဗာန်ဈေးတွင် ခေါက်ဆွဲခြောက် များ လှူဒါန်းနေ သည့် ဆောက်လုပ်ရေး လုပ်သား ဦးတင်ထွန်းနိုင်က ပြောပြသည်။ ၎င်းတို့သည် တန်းစီထားသည့် လူအစုံအ စေ့ကို ပေးဝေလိုသော်လည်း တန်းသေချာ စွာမစီဘဲ ကြားဖြတ်ဝင်ကြသည့် လူများ ကို တွေ့နေရပြီး ယင်းအတွက် ကရုဏာ ဒေါသဖြစ်မိကြောင်း ၎င်းကဆိုသည်။ ထို့ ကြောင့်လည်း နိဗ္ဗာန်ဈေးစသည့် လမ်း အဝင်မဏ္ဍပ်မှစ၍ ထိုကဲ့သို့ လူများအ ပေါ် စရင်းနောက်ရင်း သတိပေးဟန်ဖြင့် ဆော်သြနေရသည်ဟု ဆိုပြန်သည်။ ၎င်းလော်နှင့် အော်ပြောသည့် စကားများမှာ ”CCTV  တပ်ထားတ ယ်နော်။
ကြားဖြတ် ဝင်တဲ့သူရှိရင် လက်တို့လိုက်မယ်။ ကျော် မတက်ပါနဲ့။ ကြားမဖြတ်ပါနဲ့။ အားလုံး ရရပါစေ့မယ်” ဟူ ၍ဖြစ်သည်။ထိုသို့သော နိဗ္ဗာန်ဈေး ကျင်းပရာကွင်းပြင်တွင်း CCTV  တပ်ထားသည် ဟူသည့်စကားမှာတော့ နိဗ္ဗာန်ဈေးတိုးသူများနှင့် အနီးအနားမှ ဖြတ်သွားသူများ အတွက်တော့ ပြုံးစေနိုင်သည့် စကားသာ ဖြစ်သည်။
‘နိဗ္ဗာန်ဈေး’ ဟူသည့်ခေါင်းစဉ်ဖြင့် ပင် မြန်မာလူမျိုးများ မည်မျှအလေးအ နက်ထားကြောင်းခန့်မှန်းနိုင်မည်။ ‘နိဗ္ဗာန် ဈေး’ ဟူသည် လောကုတ္တရာရေး ကြိုးပမ်း သူများ ကု သိုလ်ကောင်းမှုအပြင် မုဒိတာ တရားပါ ပွားများရသည့် မွန်မြတ်ခြင်းပွဲ တော်ဟူ၍လည်း ညွှန်းဆိုနိုင်မည်။ ထို နေရာတွင် မပြေလည်ကြသည့် ဘဝတချို့ ပါ ဝင်နေကြပြန် သည်မို့ သာမန်ထက် အ နည်းငယ် ပိုလာသည့် လောဘကိုလည်း တွေ့နိုင်သည်။ သို့သော် အပြစ်ကြီးမားစွာ မဆိုသာချေ။ ”မပြေလည်တဲ့အပေါ်မှာ မပြေလည်လို့ လုပ် တာပဲ။ လူသတ်ပြီး နားကတ်၊ ဆွဲကြိုးတွေ ချွတ်သွားတာထက် စာရင် အများကြီး တော်ပါသေးတယ်”
အဆိုပါ စကားကို သရုပ်ဆောင် ခန့်စည်သူက မှတ်ချက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေသည့်နိုင်ငံတစ်ခုအဖြစ် တည်ရှိနေပြီး ယင်းဆင်းရဲ မွဲတေမှု ပပျော က်ရေးမှာမူ နိုင်ငံတော် အကြီးအကဲ၊ ဌာနဆိုင်ရာဝန်ကြီးများနှင့် သာ အဓိက ရာနှုန်းပြည့် သက်ဆိုင်ဆက် နွှယ်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ဆိုသည်။ အလှူရှ င်များ၊ ပရဟိတသမား များအနေနှင့်ကတော့ တတ်စွမ်းသမျှ လှူ ဒါန်းပေးသွားရုံသာ ရှိမည်ဟု ဆိုသည်။  ဆင်းရဲမှု၏ အခြေခံအကျဆုံး လိုအပ်ချက် မှာ စားဖို့ရန်သာဖြစ်ပြီး တစ်နပ်စာ၊ တစ်လစာ စားရရေးအတွက်  အလှူပေး သူများက စွမ်းသရွေ့ ဖြေရှင်းပေးနေကြ သော်လည်း ထိုအလှူနှင့်တော့ မည်သို့မျှ ဆင်းရဲမွဲတေမှု ပပျောက်သွားမည် မဟုတ် ကြောင်း နည်းပညာသမားဖြစ်သူ ကိုဇော် ဇော်မျိုးလွင်က ဆိုသည်။ ၎င်းက သူဖတ် ဖူးသည့် စာအုပ်ထဲတွင် အမေရိကန် သမ္မတဟောင်း အေ ဗရာဟင် လင်ကွန်း ပြောစကားဖြင့် ထပ်လောင်းကိုးကားပြ သည်။ ကိုယ်တိုင်လုပ်ရမည့်ကိစ္စ၊ ကိုယ် တိုင်လုပ်သင့်သည့်ကိစ္စများကို  ကူညီပေး နေခြင်းအားဖြင့် သင်သည် ထိုသူ တို့ အ ပေါ် ထာဝရမကူညီနိုင်ကြောင်းဟူ၍ ဖြစ် သည်။ တစ်နည်းဆိုလျှင် ၎င်းက လက်ပူတိုက်ပြင်ဆင်ခြင်းနှင့်တူသည်ဟု ဆိုသည်။
စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)က ထိုနိဗ္ဗာန်ဈေးအလှူ လှူသူများအနေနှင့် လှူနိုင်သလောက် အတိုင်းအတာအထိ လှူနိုင်ပြီး ကုန်သွားပါက ရပ်လိုက်နိုင် သည်။ မိမိ အလှူသို့ လူတစ်ထောင် တန်းစီသော်လည်း ကိုယ်တိုင်က တစ်ရာ စာသာတတ်နိုင်မည့်အတွက် လူကိုးရာ မစားရမည့် အရေးကိုမူ တွေးပူနေခြင်း မသင့်ကြောင်း ဆရာ ချစ်နိုင်က ဖြည့် စွက် ပြောကြားသည်။
တန်ဆောင်မုန်းလပြည့်ညတွင် ချစ် စဖွယ်ကောင်းသည့် ပွဲတော်ကြီးတစ်ခုရှိပြီး ထိုပွဲတော်ကို မြန်မာပြည်သူပြည်သူသား များ မည်သည့်အခါတွင်မှ မေ့လျော့ခြင်း မရှိ။ ဗီနိုင်းစများဖြင့် လမ်းထိပ်တွင်ခေါင်း စည်းစာတန်းများ ပြုလုပ်ချိတ်ဆွဲခြင်းများ ရှိပြီး အချို့သော ရပ်ကွက်ငယ်များတွင် လည်း ကျောက်သင်ပုန်းပေါ် တွင် မြေဖြူ ဖြင့် လည်းကောင်း၊ စက္ကူချပ်ပေါ်တွင် လက်ရေးဖြင့်တဖုံ ရေးသားထားကြသည်။ ၎င်းကား ‘နိဗ္ဗာန်ဈေးပွဲတော်ကြီး’ ပင် ဖြစ်သည်။
အစီအစဉ်တ ကျမဟုတ်သည့် လက် ဝါးတွင်းရှိ ကတ်ပြားများပေါ်မှ နံပါတ်များ ကို သေချာစွာကြည့်လိုက်ပြီး ‘ဒေါ်ငွေ’ တစ်ယောက် အပြေးကလေးလမ်းလျှောက် သွား သည်။ လက်တစ်ဖက်တွင်တော့ ပစ္စည်းများ ပြည့်လုနီးနီး ဖြစ်နေသည့်ကြွပ်ကြွပ်အိတ်တစ်လုံးနှင့် ဖြစ်သည်။ စလွယ် သိုင်းထားသည့် လွယ်အိတ်အ တွင်း တွင်ေ တာ့ နောက်ထပ်ကြွပ်ကြွပ်အိတ်တစ်လုံး အသင့်ရှိနေသေးသည်။ သူ၏ခြေလှမ်း များက လမ်းအလယ်နားမှ ဆီပေးသည့် ‘နိဗ္ဗာန်ဈေး’ အိမ်သို့ ဦးတည်လျက်။ မျက် နှာေ ပ်ါတွင်တော့ ချွေးစေးတချို့ ပြန်နေသော်လည်း ပြုံးရွှင်ကောင်းတုန်းပင် ဖြစ် သည်။နိဗ္ဗာန်ဈေးလုပ်ရာ လမ်းများတွင် တော့ လော်အတွင်းမှစကားသံများ ကျယ်ေ လာင်စွာ ထွက်ပေါ်ကောင်း တုန်းပင်ဖြစ် သည်။ နိဗ္ဗာန်ဈေးတိုးသူများ ကလည်း ကြက်ပျံမကျ စီကောင်းတုန်းလည်း ဖြစ်၏။ လူအုပ်ကြီးဖြစ်လာပြီးတန်းစီသူများ အရှေသို့ ယိမ်း ထိုးလိုက်ကြချိန်တွင်တော့ အသံချဲ့စက်မှ ”ကဲကဲ ရိုးသားစွာတန်းစီ ပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟူ၍ ဖြစ်သည်။
သုတလင်း၊ ခိုင်နွယ်ဦး၊ ဇော်မျိုးသူ
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis