menu

Saturday 23 November 2013

တရုတ်၏ တတိယမြောက် ဒရုန်း ပထမဆုံးအကြိမ် ပျံသန်း

နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံက လျှို့ဝှက်ဒရုန်း တစ်ခုကို ကာလအတန်ကြာ ကြံစည်ခဲ့ပြီး နောက်ပိုင်းတွင် နိုဝင်ဘာ ၂၁ရက်က ပထမဆုံး အကြိမ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

မီဒီယာများက “ဓားထက်ထက်” ဟု အမည်ပေးထားသော လျှို့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းသည် မျက်မြင်သက်သေများ ရှေ့တွင် မိနစ် ၂၀ခန့် ပျံသန်းမှုပြုခဲ့သည်။ 

တရုတ်သည် လွန်ခဲ့သော နှစ်များကလည်း J-20 နှင့်  J-31 ကို တီထွင်ခဲ့ဖူးသည်။ 

ပြီးခဲ့သောလ စက်တင်ဘာက အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားဖွယ် ကျွန်းအနီးတွင် မောင်သူမဲ့ လေယာဉ်တစ်စီး ပျံသန်းခဲ့သည့် အတွက် ဂျပန်တို့၏ တင်းမာမှုများ မြင့်တတ်လာခဲ့သည်။

ယင်းဖြစ်ရပ် ပြီးသည်နောက်ပိုင်းတွင် ဂျပန်က နိုင်ငံ၏လေပိုင်နက်တွင် နောက်တစ်ကြိမ် ဒရုန်းကိုတွေ့လျှင် ပစ်ချမည်ဟု ကြိမ်းဝါးခဲ့သည်။  

လေ့လာသုံးသပ်သူများက တရုတ်သည် မောင်းသူမဲ့ လေယာဉ်များ လုပ်ရခြင်းမှာ အကြောင်းပြချက်နှစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ ပထမတစ်ခုမှာ ဒရုန်းကဲ့သို့သော ခေတ်မီ လေယာဉ်ငယ်များဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်စစ်လက်နက်တပ်ဆင်မှုကို အလျှင်အမြန် အရှိန်မြင့်လာနိုင်စေရန်နှင့် ဒုတိယ တစ်ချက်မှာ ယခုကဲ့သို့သော နည်းပညာများ ကမ္ဘာ့တစ်ဝန်းလုံး ပျံ့နှံ့သွားနိုင်အောင် လုပ်နိုင်သည့် အနေအထား တစ်ရပ်ကို ဆုပ်ကိုင် ထားလို၍ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ 

လက်ရှိအချိန်တွင် ဒရုန်းပိုင်ဆိုင်မှုအတွက် ဦးဆောင်နေသာ နိုင်ငံနှစ်ခုမှာ အမေရိကားနှင့် အစ္စရေးတို့ ဖြစ်သည်။ 

သူတို့ ဒရုန်းလုပ်ရသည့် ရည်ရွယ်ချက်များထဲတွင် ပစ်မှတ်များကို တိုက်ခိုက်ရန် တိကျမှန်ကန်သော အချက်အလက်များ စုဆောင်းခြင်းမှ စတင်ခဲ့သည်။ 

တရုတ်သည်လည်း မောင်းသူမဲ့ လေယာဉ်အပေါ် တူညီသော စိတ်ဝင်စားမှုမျိုးနှင့် စတင်ခဲ့သည်ဟုလည်း သုံးသပ်နိုင်၏။

Ref: BBC

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis