menu

Friday 25 October 2013

သမ္မတရာထူး ဝင်ပြိုင်ခွင့်ရရန် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမည်ဆိုသည့် သတင်းများကို အာနိုးငြင်းဆို

entertm_tywapktan_ctm.com

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၄

အာနိုးရှဝါဇန်နဂါတစ်ယောက် သမ္မတရာထူး ဝင်ရောက် ယှဉ်နိုင်ဖို့အတွက် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတော့မယ်ဆိုတဲ့ သတင်းတွေကို ကာယကံရှင်ဖြစ်တဲ့ ဟောလိဝုဒ် ဝါရင့် သရုပ်ဆောင်ကြီးအာနိုးက ငြင်းဆန်လိုက်ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ်ဆက် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အာနိုးဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရာထူး နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်း ပတ်ထဲက ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ အာနိုးဟာ သြစတြီးယားနိုင်ငံမှာ မွေးဖွားသူတစ်ယောက် ဖြစ်ပြီး ၁၉၈၃ ခုနှစ်ကမှ အမေရိကန်နိုင်ငံသား ခံယူခွင့် ရခဲ့သူ တစ်ယောက်ဖြစ်ကာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမေရိကန်နိုင်ငံဖွား မဟုတ်သူတွေဟာ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတဲ့အတွက် သူ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရင်ကြိုးစားလိမ့်မယ်ဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ အာနိုးကတော့ အဆိုပါ သတင်းတွေ အားလုံးကို ငြင်းဆန်လိုက်ပြီး သူ့အနေနဲ့လာမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ် မရှိသလို အခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း အစီအစဉ် မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အာနိုးက သူဟာ လက်ရှိအချိန်မှာ မူဝါဒရေးရာ ပြောင်းလဲမှုတွေမှာ အကြံဉာဏ် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်တုန်းက တည်ထောင်ထားတဲ့ သူ့ရဲ့ Schwarzenegger Institute မှာ တာဝန် ဝတ္တရားတွေ ဆက်လက်ထမ်းဆောင်ရင်း ပျော်ရွှင်လျက် ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အာနိုးဟှာ Schwarzenegger Institute အပြင် Regions 20 လို့အမည်ရတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းနဲ့ ကျောင်းနေအရွယ် လူငယ်တွေ အတန်းပညာ ပြီးဆုံးသည်အထိ ကျောင်းတက်နိုင်အောင် ကူညီပေးနေတဲ့ Afterschool Allstars ဖောင်ဒေးရှင်း တို့ကိုလည်း တည်ထောင်ထားပါသေးတယ်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis