menu

Friday 25 October 2013

သစ်ခိုးထုတ် မှုကို အကြောင်း ပြသည့် တိုက်ပွဲတော့ မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) ငြင်းဆို

Photo: သစ်ခိုးထုတ် မှုကို အကြောင်း ပြသည့် တိုက်ပွဲတော့ မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) ငြင်းဆို
***************************************** 
   ရှမ်းပြည် မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇)  စစ် ကြောင်းတို့၏ ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ် စကနမ်ခုန် ရွာဟောင်း၌ ဖြစ်ပွား ခဲ့သည့် (၆) နာရီကြာတိုက်ပွဲ သည် ယမာန်နေ့ ညနေ (၄)နာရီတွင် ပြီးဆုံး သွားခဲ့ပြီးယနေ့ ညနေ အထိ ငြိမ်သက် နေသည်ဟုအမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

“ သစ်ခိုး ထုတ်တာကို လိုက်စစ်ဆေးရင်း တိုက်ပွဲ ဖြစ်တယ်လို့ အကြောင်း ပြရင် ကွင်းဆင်း စစ်ဆေး ကြည့်ရင် ပိုကောင်း လိမ့်မယ်။ ဒါမှ လက်တွေ့ ပိုကျ မယ်ပေါ့။ ဟုတ်မှ မဟုတ်တဲ့ ကိစ္စကို နည်းပရိယာယ်တွေ သိပ်မသုံး သင့်တော့ဘူး။ အဲဒီ နေရာမှာ ဘာသစ် ခိုးထုတ် မှုမှ မရှိဘူး။ အလကား ပြောနေ တာပါ” ဟု ဆိုပါသည်။

ယမာန်နေ့ တိုက်ပွဲတွင် KIA ဖက်မှ (၃) ဦး ဒါဏ်ရာ ရပြီး၊ အစိုးရ ဖက်မှ (၁၀) ဦးထက်မနည်း ကျဆုံး ဒါဏ်ရာရ ခဲ့သည်ဟု ဆိုပါ သည်။ လောလော ဆယ်တွင် နှစ်ဖက် တပ်များ ရင်ဆိုင် နေလျှက် ရှိပြီး အစိုးရ တပ်များ၏ လှုပ်ရှားမှု အပေါ်တွင် မူတည်ပြီး တိုက်ပွဲ ဖြစ်ပွား လာနိုင် ဖွယ်ရာ ရှိကြောင်း ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး ပုံစံသည် သတင်း ပေါက်ကြားမှု မရှိသည့် လှုပ်ရှားမှုဖြင့် တပ်ရင်း (၁၂) ၏ လမ်းပမ်း ဆက်သွယ်ရေး ဧရိယာရှိ ကျေးရွာ များအား ရွာဝင် ရွာထွက် ကိစ္စများကို ထိမ်းချုပ်ခြင်း၊ ကျေးရွာရှိ တယ်လီဖုန်း များအား ပိတ်ခိုင်း ခဲ့ခြင်းဖြင့် လှုပ်ရှား လာခဲ့ ပေသည်။  ဤကဲ့သို့ ဆောင်ရွက် ပြီးမှ နောက်ဆုံးတွင် KIA တပ်ရင်း (၁၂) ၏ တပ်ဖွဲ့ ရှိရာကို တောလမ်း အတိုင်း လှို့ဝှက် ထိုးစစ် ဆင်လာ ခဲ့ရာမှ တပ်ရင်း (၁၂) ၏ တပ်ရေး အဖွဲ့နှင့် တိုးပြီး မမျှော် လင့်ဘဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထို့အပြင် ယခု စစ်ဆင် နေသည့် ဧရိယာ တွင်လည်း မည်သည့် သစ်လုပ်ငန်းမှ ထုတ်လုပ်ခြင်း မရှိသည့် အတွက် သစ်ခိုးထုတ် မှုကို အကြောင်းပြ ခြင်းသည် နည်းပရိယာယ်သာ ဖြစ်လိမ့်မည်ဟု တပ်ရင်း (၁၂) မှူးက ယူဆ ခဲ့ပါသည်။

အမည်မဖေါ် လိုသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက် ဆိုင်ရာ လုံခြုံရေး ဌာန အရာရှိ တဦး ကလည်း ယခုကဲ့သို့ တိုက်ပွဲဖြစ် ပွားခဲ့ ခြင်းသည် အစိုးရ တပ်များက သစ်ခိုးထုတ် သူများကို လိုက်လံ စစ်ဆေးရင်း တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု  အလဲဗင်း မီဒီယာအား အောက်ပါ လင့်အတိုင်း ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။
https://www.youtube.com/watch?v=2ZHdaSRTW14

ဤသို့ကြောင့် KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ကမူ အစိုးရ တပ်ဖွဲ့၏ ယခု စစ်ဆင်ရေးသည် နယ်မြေ စိုးမိုးရေး အတွက် KIA ၏ လမ်းပမ်း ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး လူထုနှင့် ကင်းကွာ စေရန် ဆောင်ရွက်သည့် စစ်ဆင်ရေးဟု နားလည် ထားကြောင်း ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာ စစ်ဆင်ရေး တိုက်ပွဲကြောင့် KIA နည်းပညာ အထောက် အကူပြု အဖွဲ့သည်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း အားလည်းကောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သို့လည်းကောင်း ဖြေရှင်း ပေးပါရန် ယမာန် နေ့က တောင်းဆို လိုက်ပါသည်။

ဤသို့ ကြောင့် ယင်းကိစ္စနှင့် ပါတ်သက်ပြီး သမ္မတသည် ယမာန်နေ့ ညတွင် ၀န်ကြီး ဦးအောင်မင်းအား ခေါ်ယူ တွေ့ဆုံ ခဲ့သည်ဟု အစိုးရ ငြိမ်းချမ်းရေး စင်တာ MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောကြောင်း KIA နည်းပညာ အထောက် အကူပြု အဖွဲ့မှ ဆရာဒေါင်းခါးက ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသည် လာမည့် အောက်တိုဘာ လကုန်တွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေး ပွဲကို ထိခိုက် နိုင်လိမ့်မည် မဟုတ်ဟု တိုင်းရင်းသား ခေါင်းဆောင် များက သုံးသပ် နေပါသည်။ အကြောင်းမှာ လိုင်ဇာ ထိပ်သီး ဆွေးနွေး ပွဲသည် အစိုးရ အပါအ၀င် တရုတ် တို့၏ နားလည်မှုဖြင့် ကျင်းပ သောကြောင့် ဖြစ်ပါသည်။
    Written by  ရွှေဟင်္သာသတင်းဌာန

ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis