menu

Friday 25 October 2013

ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်


ဇော်ဇော်ထွေး

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့် ကိစ္စဖြင့် စကားများ၍ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ် သေမှုတစ်ခုဖြစ်ပွားပြီး နောက်ရက်တွင် ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသားတစ်ဦး အလားတူ ဆွဲကြိုးချ သတ်သေခဲ့မှုတစ်ခုလှိုင်မြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်က ထပ်မံ ဖြစ်ပွားခဲ့သည်။

အမှုမှာ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ အမှတ် (၁၅)နေအိမ်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကိုဝင်းဗိုလ် (၃၂)နှစ် ဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၎င်းသည် နေအိမ်အပေါ်ထပ်အမြင့်ရှစ်ပေလေးလက်မခန့်ရှိ ထုတ်တန်းတွင် တစ်မတ်လုံးခန့်ရှိ နီညိုရောင် ပလပ်စတစ်ကြိုးအား ချည်နှောင်ပြီး ကျန်ကြိုးစတစ်ဖက်အား လည်ပင်းတွင် ကွင်းလျှောချည်နှောင်ပြီး ကြမ်းပြင်၌ ဒူးကွေးလျက်သေဆုံးနေသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။


ယင်းသေဆုံးမှုကို သွားရောက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ဇော်ထွန်းဦးက “အကြောင်းရင်းကတော့ လင် မယားချင်း စကားများတာပါ။ မိန်းမဖြစ်သူက သမီးဖြစ်သူအိမ်သွားအိပ်တဲ့အချိန် တစ်ယောက်တည်းရှိ တုန်း ဆွဲကြိုးချခဲ့တာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

သေဆုံးသူနှင့် ဇနီးဖြစ်သူတို့သည် အောက်တိုဘာ ၂၂ ရက်က စကားများရန် ဖြစ်ခဲ့ကြကြောင်းနှင့် ညနေ အချိန်တွင် အရက်များသောက်နေသည့်အတွက် ထပ်မံစကားများမည်စိုးသဖြင့် ဇနီးဖြစ်သူက သမီးဖြစ် သူအိမ်တွင် သွားရောက်အိပ်ခဲ့သည်ဟု သိရသည်။

ထို့နောက် အောက်တိုဘာ ၂၃ ရက် နေအိမ်သို့ ပြန်လာသည့်အချိန်တွင် ခင်ပွန်းဖြစ်သူအား ဆွဲကြိုးချ လျက် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ဇနီးသည်က ရဲထံတွင် ထွက်ဆိုထားသည်။

လက်ရှိတွင် သေဆုံးသူအလောင်းအား ဆေးရုံသို့ပို့ထားပြီး သွေးရိုးသားရိုး ဆွဲကြိုးချ သေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၁၂/၂၀၁၃ဖြင့် ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာမှာ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးဆွဲကြိုးချပြီး မိမိကိုယ်ကို သတ်သေခဲ့မှုတစ်ခုလည်း အောက်တိုဘာ ၂၂ ရက်က သင်္ဃန်းကျွန်း မြို့နယ်တွင် ဖြစ်ပွားထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis