menu

Tuesday 22 October 2013

ပြည် -ပခုက္ကူ ခရီးသည်တင်ယာဉ် ယနေ့နံနက် အစောပိုင်းက တိမ်းမှောက်မှုကြောင့် (၄)ဦးသေဆုံး

ရေနံချောင်း-အောက်တိုဘာ၂၂

ပြည်မြို့မှ ပခုက္ကူသို့ခရီးသည်များ တင်ဆောင်လာသော ပြည်တော်ကြီး ယာဉ်(၁ဂ/---)သည် ယနေ့နံနက်(၃)နာရီ(၁၅)မိနစ် ၀န်းကျင်ခန့်တွင်တိမ်းမှောက် ခြင်းကြောင့် ခရီးသည်(၄)ဦး သေဆုံးခဲ့သည်ဟုသိရသည်။

ယာဉ်မောင်း ကို----မောင်းနှင်လာသော အဆိုပါယာဉ်မှာရေနံချောင်း၊ သစ်တပွေရပ်၊ ရန်ကုန်မန္တလေးလမ်းမကြိး၊ မိုင်တိုင်အမှတ်(၃၆၁) အ ရောက် လမ်းညာ ဘက်ချောင်းထဲ သို့ထိုး ကျတိမ်းမှောက်ခဲ့ ခြင်း ဖြစ် သည်။

“ကားကလမ်းညာဖက်ခြမ်းကို တုံးလုံးလဲတဲ့အနေအထားဗျ၊ဘရိတ်ပေါက်တယ်ပြော တာပဲ၊ ဆန်အိတ် တွေကများ တယ်၊လူတွေကိုဆွဲထုတ်ခဲ့ရတယ်၊နိုင်ငံခြားသားခရိးသည်(၂)ယောက်ကယ် တင်နိုင်ခဲ့ လို့ပဲလူအများကြီးမသေတာ၊ဒဏ်ရာရတဲ့သူတွေကိုပါ ပြုစုပေးတယ်” ဟု မျက်မြင်တွေ့ရှိသူဒေသခံမှပြော သည်။

သေဆုံးသူများမှာ မမြင့်မြင့်သူ၊ အသက်(၁၄)နှစ်၊ အဖဦးဖိုးကုလား၊ အင်ပင်ဂုံညင်းတန်း၊ မြန်အောင် မြို့နယ်၊ ကိုဝင်းလှိုင်(ကမ္မ) မကျီးသုံးပင်၊ပခုက္ကူမြို့နယ်၊ မခင်အေးကြူ အသက်(၄၅)နှစ်၊ အဖဦးစိန်လှ၊မြစ်သာ ဈေးတန်း၊ပခုက္ကူမြို့နယ်၊နောက်အမျိုးသမီးတစ်ဦးမှာ စုံစမ်းစဲဖြစ်သည်၊။ဒဏ်ရာရရှိသူ(၁၁)ခန့်ရှိပြိး ရေနံ ချောင်း ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသပေးလျှက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ပေါ့ဆစွာမောင်းနှင်သူ ကို---အားညောင်လှနယ် မြေရဲစခန်းမှူးရဲအုပ်စိုးလွင်မှတရားလိုပြုတိုင်တန်းသဖြင့် ယာဉ်(ပ)၈/၂၀၁၃၊ပြစ်မှုပုဒ်မ၃၃၇/၃၃၈/ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ဦးမင်း

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis