menu

Friday 15 November 2013

အခြေအနေမဲ့ဘ၀ဖြင့် လမ်းဘေးသေဆုံးမှုဖြစ်စဉ်များလာ

နာရေးကူညီမှုအသင်းအနေနှင့် ရန်ကုန်တွင် အခြေအနေမဲ့၊ ပိုင်ရှင်မဲ့အလောင်း ၁ဝ ဦးထက်မနည်း လစဉ် သင်္ဂြိုဟ်ပေးရလျှက်ရှိသည်။ (ဓာတ်ပုံ - ဟောင်ဆာ)

ဇော်ဇော်ထွေး| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်


နာရေးကူညီမှုအသင်းအနေနှင့် ရန်ကုန်တွင် အခြေအနေမဲ့၊ ပိုင်ရှင်မဲ့အလောင်း ၁ဝ ဦးထက်မနည်း လစဉ် သင်္ဂြိုဟ်ပေးရလျှက်ရှိသည်။ (ဓာတ်ပုံ - ဟောင်ဆာ)

ရဲစခန်းများမှ အမှုဖွင့်စစ်ဆေးသော သေမှုသေခင်းများတွင် သာမန်ရောဂါကြောင့် သေဆုံးမှုများ၊ ဓာတ် လိုက်သေဆုံးမှုများ ၊ မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးမှုများအပြင် ကျန်းမာရေးစောင့်စောင့် ရှောက်ခံရမှုမရရှိကြဘဲ အခြေအနေမဲ့ဘ၀ဖြင့် လမ်းဘေးတွင်သေဆုံးနေရမှုများလည်း အများအပြား ပါဝင်နေကြောင်း တွေ့ရှိရသည်။

 ယင်းသို့သော အကြောင်းရင်းများသည် အစိုးရ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးလုပ်ငန်းများတွင် အားနည်နေခြင်းကြောင့်ဟု ထောက်ပြမှုများရှိနေ သည်။ ထို့ပြင်ယင်းသို့သော အခြေအနေမဲ့ဘ၀ဖြင့် သေဆုံးနေရမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူ များအပြင် လူတိုင်းတွင်လည်း တာဝန်ရှိပေသည်။
 


အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက “အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးစောင့်ရှောက်ရေး လုပ်ငန်းတွေများအား နည်းနေသေး တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဆင်းရဲမွဲတေမှုနှုန်းကို မချနိုင်သေးလို့လည်း ဒီလိုအနိဋ္ဌာရုံတွေ ဖြစ်နေရ တာပါ။ ဆင်းရဲမွဲတေမှုနှုန်းကို နိုင်နိုင်နင်းနင်းဖြေရှင်းလို့ မရသေးတာဟာ ဒါတွေက သက်သေပါပဲ” ဟုဆို သည်။

 အောက်တိုဘာ ၁၃ ရက်က အခြေအနေမဲ့စွာဖြင့် တောင်းရမ်းစားသောက်နေရသည့် အသက် (၄၀) အရွယ်အမျိုးသားတစ်ဦး လှိုင်မြို့နယ် ရွာမကျောင်းလမ်းရှိ လမ်းမဘေးတစ်နေရာတွင် အာဟာရပြတ် တောက်ပြီး အားအင်ချိနဲ့စွာဖြင့် သေဆုံးခဲ့ရသည်။

 ယင်းနေ့ တစ်နေ့တည်းမှာပင်ပန်းရောင်းစားနေရသည့် အသက် ၅၅ နှစ်အရွယ် နာတာရှည် အဆုပ်ရော ဂါသည်တစ်ဦး လှိုင်သာယာမြို့နယ် (၄)ရပ်ကွက် ရှိ၊ န၀ဒေးလမ်းမဘေးတစ်နေရာတွင် သေဆုံးခဲ့ရ သည်။
 
အောက်တိုဘာ ၁၄ ရက်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရွေမြယာအိမ်ရာရှေ့ ပလပ်ဖောင်းပေါ် တွင် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး အစာအာဟာရပြတ်တောက်မှုကြောင့် အားအင်ချိနဲ့ပြီး သေဆုံးခဲ့ရသည်။

 ရန်ကုန်မြို့တွင် ယင်းကဲ့သို့ သေဆုံးနေရမှုများ ရှိနေသည့်အပြင် လမ်းဘေးတွင် အခြေအနေမဲ့သေဆုံးပြီး ပိုင်ရှင်မဲ့ လူသေအလောင်းပေါင်း ပျှမ်းမျှအားဖြင့် ၁၀ ဦးမှ ၁၅ ဦးခန့်ထိကို လစဉ်တာဝန်ယူ မီးသင်္ဂြိုဟ် ပေးနေရသည်ဟုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ဧရာမောင်မောင် က မဇ္ဈိမကို ပြောပြသည်။

 “တကယ်တော့ ဒါဟာ အစိုးရ၊ လူမှုအဖွဲ့အစည်းတွင်မက လူတိုင်းမှာလည်း တာဝန်ရှိနေပါတယ်။ လမ်း ဘေးမှာ ရောဂါဝေဒနာခံစားနေရသူတွေကိုတွေ့ရင် သက်ဆိုင်ရာကို ကူညီအကြောင်းကြားပေးသင့်ပါ တယ်။ လူတိုင်း ဒီလိုမျိုးပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်” ဟု သူမက ဆိုသည်။
 
လက်ရှိတွင် ပြည်သူများအနေဖြင့် ရဲနှင့်ပတ်သက်ရမည်ကို စိုးရိမ်ကြသောကြောင့် လမ်းဘေးတစ်နေရာ တွင် ဆေးဝါးကုသမှုမခံရဘဲ ရောဂါဝေဒနာခံစားရပြီး မသေဆုံးသင့်ဘဲ သေဆုံးနေရမှုများလည်း အများ အပြားရှိနေသည်။

 ထို့ပြင် ဆွေးမျိုးအစောင့်အရှောက်မရှိဘဲ လေဖြတ်ဝေဒနာသည်ဘ၀ဖြင့် အခြေအနေမဲ့နေသူတစ်ဦးအား ရပ်ကွက်ပြည်သူများက အစိုးရဆေးရုံသို့တင်ပို့ကုသထားရာတွင် ဆေးရုံက ကြာရှည်စွာ လက်ခံထားရန် ငြင်းဆန်ခဲ့သဖြင့် အဆိုပါဝေဒနာသည်အား သင်္ချိုင်းဇရပ်တွင် သွားရောက်စွန့်ပစ်ခဲ့ရမှုတစ်ခု မြိတ်မြို့တွင် ဖြစ်ပွားခဲ့သေးသည်။

 ရန်ကုန်မြို့တွင် အခြေအနေမဲ့စွာ နေထိုင်နေရသူများ၊ တောင်းရမ်းစားသောက်နေရသူများတွင် သဘာဝ မုန်တိုင်းဘေးများကြောင့် ဘ၀ပျက်ခဲ့ရသူများနှင့် မြေယာသိမ်းဆည်းခံရမှုများကြောင့် လမ်းဘေးသို့ ရောက်ခဲ့ရနေသူများလည်း ပါဝင်နေသည်ဟု သက်ကြီးကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် ကိုလွမ်းခိုင်ရှင်းက ပြောပြသည်။
 
“လမ်းဘေးမှာ အခြေအနေမဲ့နေရတဲ့သူတွေနဲ့ အင်တာဗျူးကြည့်တဲ့အခါမှာ အတန်းပညာ တက်မြောက် ထားသူတွေလည်းပါနေတယ်၊ အရင်က ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေနဲ့ နေထိုင်ရသူတွေလည်းပါတယ်ကို တွေ့ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဘ၀မျိုးရောက်လာသူတွေကို အစိုးရကော၊ လူမှုအသိုင်း ၀ိုင်းကပါ ဆေးဝါးကုသပေးမှုတို့၊ နေစရာဂေဟာပုံစံမျိုးတွေ ပြုလုပ်ပေးစေချင်ပါတယ်” ဟု ၎င်းကဆို သည်။

 နိုင်ငံတော်အနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရာတွင် လမ်းခင်းခြင်း တံတားဆောက်ခြင်းများအပြင် ပြည်သူလူထုဖူလုံးရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဘဏ္ဏာငွေအား အချိုး ကျခွဲဝေသုံးစွဲပေးရန် လိုအပ်နေသည်ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ထောက်ပြပြောဆိုသည်။

 “ဆင်းရဲမှုလျှော့ချတဲ့နေရာမှာ လူတွေကို ပိုက်ဆံချေးရုံ၊ လမ်းတွေ၊ တံတားတွေဖောက်နေရုံနဲ့ မပြီးပါဘူး၊ ဒီလိုအခြေအနေမဲ့နေသူတွေအတွက် လူသားချင်းစာနာမှုအနေနဲ့ ထိုက်သင့်တဲ့ ကျန်းမာရေး၊ နေထိုင်ရေး ရင်နှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးရမှာပါ” ဟု ၎င်းကဆိုသည်။

 လမ်းဘေးတွင် အခြေအနေမဲ့စွာဖြင့် နေထိုင်နေရပြီး ကျန်းမာရေးဆိုးရွားစွာ ခံစားနေရသူများတွေ့ရှိပါက နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကူညီကယ်ဆယ်ရေး ဖုန်း ၀၉ ၃၁၃ ၃၃၂ ၇၃ သို့ ဆက် သွယ်အကြောင်းကြားနိုင်သည်။

 အစိုးရ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ကူညီပေးနေသည့် လူထု အခြေပြုအဖွဲ့အစည်းများအနေနှင့်လည်း အဆိုပါ ပြဿနာများအတွက် ဖြေရှင်းပေးရန် ကြိုးပမ်းနေကြ သော်လည်း ပြဿနာမှာ ငွေကြေးအင်အားနှင့် လုပ်ပိုင်ခွင့်များကြောင့် နှောင့်နှေးနေဆဲ ဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis