menu

Friday 15 November 2013

ပြည်သူတွေသုံးနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ကုမ္ပဏီလို့သတ်မှတ်ထားတဲ့အတွက်ပြည်သူအများသုံးနိုင်မယ့် နှုန်းထားကိုပဲထားပေမှာပါ။ မများစေရပါဘူး . . .(ဆက်သွယ်ရေးအော်ပရေတာ Telenor Myanmar မှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg နှင့် တွေ့ဆုံခြင်း)


ဆက်သွယ်ရေးအော်ပရေတာ Telenor Myanmar မှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg နှင့် တွေ့ဆုံခြင်း
Telonor အနေနဲ့ အော်ပရေတာလုပ်ငန်းဆောင်ရွက်ဖို့ ဘယ်အဆင့်လောက်အထိ ပြင်ဆင်ပြီးပြီလဲ။
အခုလောလောဆယ်တော့ ဆက်သွယ်ရေးလိုင်စင်ရရှိဖို့ နောက်ဆုံး အဆင့်အနေအထားမျိုးရောက်အောင် ဆွေးနွေးမှု၊ လေ့လာမှုတွေ လုပ်နေပါတယ်။ တစ်ဖက်မှာလည်း Network  တည်ဆောက်ဖို့အတွက် Vender တွေနဲ့ ဆွေးနွေးနေပါတယ်။
Network တည်ဆောက်တာတွေအတွက် ဘယ်ကုမ္ပဏီတွေကိုများ Sub Contract  ပေးထားပါသလဲ။
ကုမ္ပဏီအတိအကျ သတ်မှတ်မထားပေမယ့် Network  တည်ဆောက် ဖို့အတွက် Vender နှစ်ခုနဲ့တော့ MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးထားပါတယ်။ ကုမ္ပဏီ ကတော့ Huawei နဲ့ Ericsson ကုမ္ပဏီတွေပါ။
ဖုန်းခေါ်ဆိုခနဲ့အင်တာနက်အသုံး ပြုခတွေကိုရော အတည်ပြုသတ်မှတ်ပြီးပြီလား။ ဘယ်လောက်သတ်မှတ်ထားပါသလဲ။
ခေါ်ဆိုခတွေကိုတော့ အတည်တော့သတ်မှတ်မထားရသေးပါဘူး။ ဒါပေမဲ့ တင်ဒါတင်သွင်းတုန်းကနှုန်းအတိုင်း တစ်မိနစ် ၂၅ ကျပ်နှုန်းထက်မများ တဲ့နှုန်းနဲ့ ကောက်ခံမ ယ်လို့ ယာယီသတ်မှတ်ထားပါတယ်။ ဒီနှုန်းက Telenor က သတ်မှတ်မယ့်အမြင့်ဆုံး နှုန်းထားဖြစ်ပါတယ်။ ဒီ့ထက်လျော့ချင် လျော့မှာပါ။ ပိုတော့မပိုပါဘူး။
ကွန်ရက်တည်ဆောက်တဲ့အခါ ဘယ်လိုကွန်ရက်ကို တည်ဆောက်သွားမှာလဲ။ ဘာကြောင့်တည်ဆောက်ရတာလဲဆိုတာကို ရှင်းပြပေးပါ။
ကွန်ရက်အနေနဲ့ကတော့ 2G ကွန်ရက်ကို တည်ဆောက်မှာပါ။ 3G ကွန်ရက်တည်ဆောက်ရတာက အင်တာနက်ကောင်းကောင်း သုံးချင်တဲ့ သူတွေအတွက် ရည် ရွယ်ပြီး ဆောက်မှာပါ။ 3G ကွန်ရက်ကတော့ လူတိုင်းလူတိုင်းဖုန်းသုံးနိုင်အောင် ထုတ်လုပ်ထားတဲ့အတွက် လူတိုင်းအသုံးပြုနိုင်အောင် ထည့်သွင်းပေး ထားတာပါ။

အင်တာနက်အသုံးပြုခကိုရော ဘယ်လိုသတ်မှတ်ထားမှာလဲ။ တစ်မိနစ်ဘယ်လောက်ကောက်မှာလဲ။
သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ ပြောနိုင်တာက Telenor က ပြည်သူ့ ဗဟိုပြုပြီး ပြည်သူတွေသုံးနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ကုမ္ပဏီလို့ သတ်မှတ်ထားတဲ့ အတွက် ပြည်သူအ များသုံးနိုင်မယ့်နှုန်းထားကိုပဲ ထားပေးမှာပါ။ မများစေရပါဘူး။
မြန်မာလုပ်သားတွေကို ဘယ်နှ ရာခိုင်နှုန်းလောက်အထိအလုပ်ပေးဖို့ စီစဉ်ထားပါသလဲ။ လစာကိုဘယ်ငွေ ကြေးနဲ့ပေးမှာလဲ။
ကျွန်တော်အရင်က ပြောထားသလိုပါပဲ။ မြန်မာလုပ်သားသုံးထောင် ခန့်အပ်သွားမှာပါ။ သုံးထောင်ဆိုပေမယ့် ကျွန်တော်နဲ့ ပူးပေါင်းလုပ်ကိုင်မယ့် ဝန်ထမ်းတွေ၊ ကျွန်တော် တို့ ထုတ်လုပ်မယ့်ဆင်းကတ်တွေကို ရောင်းချမယ့် ဆိုင်တွေ၊ ဒါတွေဟာ ကျွန်တော်တို့ အလုပ်ပေးထားတဲ့ လူတွေပါ။ တရားဝင်လစာနှုန်းထား ကိုတော့ မြန်မာ ကျပ်ငွေ နဲ့ပဲ ပေးမှာပါ။ ဒေါ်လာနဲ့ပေးရင် ဒေါ်လာနှုန်းထားအတက်အကျရှိတဲ့အတွက်မပေးတာပါ။
မြန်မာလုပ်သားသုံးထောင် ခန့် အပ်မယ်ဆိုတော့ လက်ရှိဘယ်လောက် ခန့်အပ်ပြီးသွားပါပြီလဲ။ ဘယ်လိုနေရာတွေမှာ ခန့်ထားပါသလဲ။
လက်ရှိလုပ်သားခေါ်ယူမှုကတော့ ၈ဝ လောက်ရှိနေပါပြီ။ မြန်မာလူမျိုး ငါးဆယ်နဲ့နိုင်ငံခြားသား ၃ဝ ပါ။ မြန်မာလူမျိုးကတော့ လက်ရှိမြန်မာပြည် မှာ နေထိုင်သူတွေသာ မကဘဲ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မြန်မာတွေပါ ပါဝင်ပါတယ်။ ဒီနှစ်ထဲမှာတော့ လုပ်သား ၁၅ဝ လောက်ခေါ်သွား မှာပါ။ နောက် နှစ်မှာ တစ်ထောင် ဒါမှမ ဟုတ် နှစ်ထောင်ဆက်လက်ခေါ်ယူသွားမှာပါ။ လက်ရှိခေါ်ယူထားတဲ့ လုပ်ငန်းတွေက တော့ Finance ၊ Marketing ၊ Sale  နဲ့ HR လုပ်ငန်းတွေပါ။
ပြည်ပအော်ပရေတာတစ်ဦးအနေ နဲ့ မြန်မာနိုင်ငံမှာလုပ်ကိုင်ရတဲ့ အပိုင်းမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
အခက်အခဲကတော့ အနည်းအကျဉ်းပါ။ လက်ထဲမှာလိုင်စင်လက်ဝယ် ကိုင်ထားနိုင်ခြင်းမရှိသေးတဲ့အတွက် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အနည်းငယ် ခက်ပါတယ်။ ဥပမာ ကွန်ရက်တည်ဆောက်တဲ့အပိုင်းမှာ မြေနေရာ ရှာရမယ်။ အဲဒီမြေနေရာက ဘယ်လအထိ ငှားရမ်းမှာလဲ။ မြေနေရာအ လွယ်တကူ ရမရမပြောနိုင်ဘူး။ ဒီလိုအခက်အခဲ အချို့တော့ရှိပါတယ်။ ကျန်တာတော့ မရှိပါဘူး။
နိုင်ငံတော်အနေနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် Telenor Myanmar  အပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာပါသလဲ။
မီတာခ ဈေးတက်သွားတာကတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့တော့ မကောင်းပါဘူး။ ဒါပေမဲ့ ကြီးကြီးမားမား စိုးရိမ်ပူပန်မှုတော့ မရှိပါဘူး။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ဘယ်နှရာခိုင်နှုန်းလောက် ပူးပေါင်းဆောင်ရွက်ကြမှာလဲ။
ရာခိုင်နှုန်းနဲ့ ပြောရင်ခက်ပါတယ်။ ပြောဖို့လည်း စောပါသေးတယ်။ ပြောလို့ရမယ့်အနေအထားမရှိသေးပါဘူး။ အခုကျွန်တော်တို့ဆက်သွယ်ရေး လုပ်ငန်းအတွက် မရှိမဖြစ် ထားရှိရမယ့်အခြေခံအဆောက်အအုံကို မြန်မာ့ဆက်သွယ်ရေးအပြင် အခြားအော်ပရေတာတွေနဲ့ ပူးပေါင်းပြီး တည်ဆောက်မယ်လို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ဘယ်လောက် ရာခိုင်နှုန်းဆိုတာ မပြောပြနိုင်သေးပါဘူး။
မြန်မာ့ဆက်သွယ်ရေးရဲ့ ဝန်ဆောင်မှုနဲ့တာဝန်ယူမှုအပေါ် ဘယ်လို မြင်ပါသလဲ။
ကျွန်တော်တို့ကတော့ အော်ပရေတာတစ်ခုဖြစ်နေတဲ့အတွက် အခြားအော်ပရေတာတွေအကြောင်းတော့ မပြောချင်ပါဘူး။ ကျွန်တော့်ဝန်ဆောင်မှုပေးမယ့်အပိုင်းနဲ့ တာဝန် ယူမှုကိုပဲ ပြောနိုင်ပါတယ်။ ကျွန်တော့်အော်ပရေတာက ဖုန်းဝယ်တဲ့လူတွေ ဖုန်းလိုင်းမကောင်းမှာကို မဖြစ်စေရပါဘူး။ လိုင်းမမိတာတွေ၊ အင်တာနက်လိုင်း နက် ဝပ် ပျောက်တာတွေ မရှိစေရပါဘူး။ နေရာတိုင်းမှာ ဖုန်းလိုင်းမိနေရပါမယ်။ နက်ဝပ်အပြည့်ရှိနေရပါမယ်လို့ အာမခံပါတယ်။ တာဝန်ယူမှုအပိုင်းကတော့ တစ်နေရာ ရာမှာ ဖုန်းလိုင်းမရခဲ့ဘူးဆို Telenor-Myanmar  ကထားထားတဲ့ Call Center တွေရှိမှာပါ။ သူ့ကို ဆက်သွယ်အကြောင်းကြားနိုင်တယ်။ ကျွန်တော်တို့ ချက် ချင်းဆောင် ရွက်ေ ပး မှာပါ။ ဒါ့အပြင် ရုံးချုပ်၊ ဒါမှမဟုတ် Telenor  ဖေ့စ်ဘွတ်မှာလည်း တင်ပြနိုင်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်လုပ်မယ့် Sea Games မှာ Telenor-Myanmar  အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ရှိပါသလား။
ဆီးဂိမ်းက နောက်လလုပ်မယ်ဆိုတော့ အချိန်မရတော့ပါဘူး။ နောက်တစ်ချက်က ဆက်သွယ်ရေးလိုင်စင်ကလည်း လက်ထဲမှာ မရောက်ရှိသေးတဲ့အတွက် ဘယ်လိုမှ ပူးပေါင်းလုပ်ကိုင် ပေးနိုင်မှာမဟုတ်ပါဘူး။ နောင်တစ်ချိန် ဆီးဂိမ်းလိုမျိုးပွဲတစ်ခုခုရှိလာခဲ့ရင်တော့ လက်ထဲမှာလိုင်စင်လည်းရှိမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖြစ် မှာပါ။ ဥပမာ လူအများစု ဖုန်းလိုင်းကောင်း၊ အင်တာနက်လိုင်းကောင်းကောင်းရဖို့ ဆောင် ရွက်ပေးမယ့်ပုံစံမျိုးနဲ့ပေါ့။
လိုင်စင်ရတဲ့အခါ Telenor-Myanmar  ကထုတ်မယ့် ဆင်းကတ်တွေကို ဘယ်လောက်နှုန်းနဲ့ရောင်းမှာလဲ။ အလကားပေးမှာလား။ ပေးဖြစ်ရင်ဘာကြောင့် ပေးရတာလဲ။
အလကားတော့ မပေးပါဘူး။ ကျွန်တော်တို့ ဆင်းကတ်တစ်ကတ်ကို တစ်ထောင့်ငါးရာနဲ့ ရောင်းချမယ်လို့ တင်ဒါတင်သွင်းတဲ့အခါမှာ ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် မပေးတာပါ။ နောက်တစ်ချက်ကတော့ ဆင်းကတ်တွေကို အလကားပေးလိုက်ရင် ကတ်တွေကိုပြန်ရောင်းကြမယ့် တစ်နိုင်ငံလုံးက ဈေး ဆိုင်တွေ၊ ရောင်းချမယ့်သူတွေ အလုပ်မရှိတော့ဘူး။ ဘယ်နေရာမှာမဆို အလကားပေးရင် မကောင်းပါဘူး။ ကျွန်တော်တို့က ဆင်းကတ်ပြန်ရောင်းမယ့်လူတွေကို အလုပ်ပေးချင်တယ်။ ဥပမာဆင်းကတ် တစ်ကတ်တစ်ထောင့် ငါးရာနဲ့ ကုမ္ပဏီကရောင်းရင်တစ်ဆင့် ပြန်ရောင်းချင်တဲ့သူတွေကို တစ်ထောင့် ငါးရာထက်လျော့တဲ့နှုန်းနဲ့ပေးမှာပါ။ သူတို့အတွက် အမြတ်ရအောင် တစ်ခါတည်းလုပ်ပေးလိုက်မယ်။ သူတို့ ပြန်ရောင်းရင်လည်း တစ်ထောင့်ငါးရာနဲ့ ပြန်ရောင်းခွင့်ပဲပေးမှာပါ။ ဒီ့ထက်ပို ရောင်းလို့မရဘူး။ ရောင်းခဲ့ရင် ကုမ္ပဏီကို အကြောင်း ကြားနိုင်တယ်။ ဒါကြောင့် အလုပ်လုပ်ချင်တဲ့ ပြည်သူတွေ အလုပ်ရဖို့အတွက် ဆင်းကတ်ကို အလကား မပေးတာပါ။
ဒါဆိုရင် ပြည်သူ့သဘောထား အခြေပြုဝန်ဆောင်မှုကို Telenor-Myanmar  က ဝန်ဆောင်မှုပေးမှာလား။
ပြည်သူတွေကို အခြေပြုတဲ့ လုပ်ငန်း ဖြစ်လာမှာပါ။ ဘာ့ကြောင့်လဲဆို တော့ ဆင်းကတ်တွေကို ရောင်းတဲ့အခါ  ပထမဆုံးထိတွေ့မှာက ဈေးဆိုင်လေး တွေပါ။ တစ်နိုင်ငံလုံး လူခုနစ်သောင်း လောက်အထိစပြီး ကတ်တွေရောင်းခွင့် ရမယ်။ ပြီးရင်ငွေဖြည့်ကတ်ရောင်းမယ်။ အလုပ်မရှိတဲ့သူတွေ အလုပ်ရမယ်။ အဲဒီကမှတစ်ဆင့် ဆင့်ပွားအ လု ပ်တွေ ရကြမယ်။ ဝန်ဆောင်မှုပေးတဲ့ အခါမှာ လည်း အကောင်းဆုံးပုံစံနဲ့ ပေးမယ်။ သုံးစွဲမှုတွေ အခက်အခဲတစ်စုံတစ်ရာ မရှိအောင် ရှေ့မှာပြောခဲ့သလို Call Center ၊  Facebook တွေထားပြီး ပြည်သူ့လိုအပ်ချက်ကို ကြည့်မယ်။ ဒါ ကြောင့်ပြည်သူကို အခြေပြုမှာပါ။
ဖုန်းတွေ ထုတ်လုပ်တဲ့အခါမှာလည်း မိုဘိုင်းအပြင်ကြိုးဖုန်းနဲ့ ဟန်းဆက်ထုတ်လုပ်တာတွေကိုရော လုပ်ဖို့ ရှိပါသလား။
မိုဘိုင်းဖုန်းသီးသန့်ပဲ လုပ်ကိုင်မှာပါ။ ကြိုးဖုန်းလုပ်ငန်းမလုပ်ပါ။ ဒါပေမဲ့ ဟန်းဆက်ကတော့ Telenor-Myanmar တံဆိပ်ဟန်းဆက်ကိုတော့ ရောင်း ချပေးသွားမှာပါ။
ပြည်သူတွေအနေနဲ့ Telenor-Myanmar က ထုတ်မယ့်ဆင်းကတ်တွေကို ဘယ်အချိန်လောက် သုံးနိုင်မှာလဲ။
အခု ကျွန်တော်ဆက်သွယ်ရေး လိုင်စင်ဒီနှစ်ကုန်မှာ ရဖို့ကြိုးစားနေပါတယ်။ တကယ်လို့ရလာခဲ့ရင် ကျွန်တော်ပြောထားသလို နောက်နှစ် ရှစ်လအတွင်း ဖုန်းတွေကို င်နိုင် မှာပါ။ အာမခံပါတယ်။
လိုင်စင်ရပြီး ရှစ်လအတွင်း ဖုန်းတွေရောင်းပေးမယ်ဆိုတော့ တစ်နိုင်ငံလုံးကို ရောင်းမှာလား။ ရောင်းတဲ့အခါမှာလည်း အင်တာနက်စနစ်တွေပါ ပါ မှာလား။
စစချင်းဖုန်းရောင်းတဲ့အခါမှာ တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေမှာပဲ ရောင်းပေးနိုင်မှာပါ။ တစ်နိုင်ငံလုံးနေရာဒေသမရွေး ဖုန်းရောင်းနိုင်ဖို့က တော့ ၅ နှစ်အတွင်း ဆောင်ရွက်ပေးသွားမှာပါ။ ဖုန်းရောင်းတဲ့အခါမှာလည်း အင်တာနက်စနစ် ပါဝင်မှာပါ။
မြန်မာ့နိုင်ငံရေး မူဝါဒအပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဝင်ရောက်ခဲ့တာလား။ ဒါမှမဟုတ် အရင်အစိုးရလက်ထက်ကတည်း က ဝင်ရောက်ဖို့ အစီအစဉ် ရှိခဲ့တာလား။
ကျွန်တော်တို့ Telenor ကုမ္ပဏီဟာ အာရှဒေသမှာ စီးပွားရေးလုပ်ကိုင်လာတာ ၁၅ နှစ် ၁၆ နှစ်လောက် ရှိပါပြီ။ ဘယ်နိုင်ငံရဲ့အခြေအနေ ဘယ် လိုအနေအထား ရှိတယ် ဆိုတာ သိပါတယ်။ အာရှမှာ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းကို အစောဆုံးလုပ်တဲ့ ကုမ္ပဏီဆိုရင်လည်း မမှားပါဘူး။ အခုအခြေအနေအရ မြန်မာနိုင်ငံက ဆက် သွယ်ရေးအတွက်လိုင်စင်လျှောက် ဖို့ခေါ်တယ်။ မြန်မာနိုင်ငံကလည်း အခြေအနေကလည်း အများကြီးကို တိုးတက်နေပြီ။ ဒါကြောင့် ဝင်ပြိုင်တယ်။ ဒီလောက် ပဲ ပြောနို င်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုအခြေအနေအပေါ်ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့က အကောင်းမြင်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေးကောင်းမွန်လာတာနဲ့အမျှ နိုင်ငံဖွံ့ဖြိုးမှုမှာလည်း တိုးတက်လာမယ်။ ဒါ့အပြင် အခြားအ ကျိုးအမြတ်တွေ လည်းရှိလာမှာပါ။ ဒါ့ ကြောင့်စီးပွားရေးအတက်အကျ ရှိပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာတော့မှာပါ။
ဖုန်းပြောနိုင်တဲ့အခါမှာလည်း မြန်မာပြည်တွင်းပြောနိုင်သလို နိုင်ငံခြားကိုပါ ပြောနိုင်မှာလား။ Message  ပို့တဲ့စနစ်နဲ့ ဘယ်လောက်နှုန်းကောက်ခံသွားမှာလဲ။
ဖုန်းတွေစပြောနိုင်ပြီဆိုကတည်းက ဝန်ဆောင်မှုအားလုံးကို ထည့်သွင်းပေးသွားမှာပါ။ နှုန်းထားကတော့ ဝန်ဆောင်မှုပေးမှပဲ သတ်မှတ်သွားမှာပါ။ လောလောဆယ် မပြောနိုင်သေးပါဘူး။
Telenor-Myanmar အနေနဲ့ ဖုန်းသုံးစွဲချင်တဲ့သူတွေကို ဘာများ ဖြည့် စွက်ပြောကြားလိုပါသလဲ။
ကျွန်တော်တို့ ပြည်သူတွေကို မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီးဈေးသက်သက်သာသာနဲ့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ဆက်သွယ်ရေး လိုင် စင်အမြန်ဆုံးရအောင် ကြိုးစားနေပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံပေးကြပါ။ မကြာတော့ပါဘူး။ လိုင်စင်ရတာနဲ့ မကြာခင် ဖုန်းတွေ ရောင်းချပေးသွားမှာပါ။ လိုင်စင်ကို လည်း မကြာခင်မှာရမယ်လို့ မျှော်လင့် ထားပါတယ်။
ေ အာ င်ေ ဇာ်ေ တွ့ ဆုံေ မး မြ န်း သ ည်
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis