ရန်ကုန်၊ နိုဝင်ဘာ ၁၅
၆.၁၁.၂၀၁၃ရက်နေ့က တရားလို
ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေး တို့သည် တွံတေးမြို့နယ်၊
ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ်
ပိတ်ဆွယ်ရွာအရောက် အမည်မသိလူမြင်မှတ်မိသူ(၃)ဦးမှ ကားပေါ်ဆွဲတင်
ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူ
မမိုးမိုးအောင်အား အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်ပြီး
အမှုအားကျူးလွန်သည့် တရားခံများ ဖြစ်သော ---
(၁)
ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ပြစ်ဒဏ်(၆၄)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊
(၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ ပတ္တမြားလမ်း၊
ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊
(၂)စိုးမင်းဦး(ခ)သံပါးစပ်(ပြစ်ဒဏ်
(၁၇)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၃၃)နှစ်၊
(ဘ)ဦးကုလား(ခ)ဦးမြင့်(ကျော်ဝင်းစိန်နှင့်လိပ်စာတူ)၊
(၃)ကထီး(ခ)
သူရဇော်ဦး(ဘ)ဦးမြလှိုင်၊ အမှတ် (၁၂၃၂)၊ ညောင်ဦးဖီးလမ်း၊ အမှတ်
(၃)လမ်းသွယ်၊ ကန်သာယာ (၁၉)ရပ်ကွက်၊လှိုင်သာယာမြို့နယ်တို့
(၃)ဦးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ်များသို့
ဆက်သွယ်ကူညီပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်-
၀၁-၂၃၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၇(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
တရားခံများရှိနိုင်သည့်နေရာအား
တိကျသေချာစွာ သတင်းပေးနိုင်ပါက ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှထိုက်တန်စွာဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment